ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Sunday, February 28, 2010

သက်ကြီးစာပေပညာရှင် ကန်တော့ပွဲ အောင်မြင်စွာပြီးစီး

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် သုဒဿန (၄)လမ်းရှိ ဦးဇော်ဝင်းနေအိမ်၌ ယမန်နေ့က သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ စာရေးဆရာကြီး နန်းညွှန့်ဆွေ (ကိုဇာဂနာ့အဖေ) ၊ ဦးအုန်းမောင် ၊ ဦးဝင်းတင် ၊ ဦးအုံးကြိုင်နှင့် ဦးလေးမြင့်တို့ တက်ရောက် ကန်တော့ခံခဲ့ကြပြီး သြ၀ါဒစကားများ ပြောကြားခဲ့ကြသည်။

ဒဂုန်တာရာ ၊ ဦးတင်ဦး နှင့် လူထုစိန်ဝင်းတို့သည် ကျန်းမာရေးအခြေအနေများကြောင့် မလာရောက်နိုင်ခဲ့သော်လည်း ကန်တော့ပစ္စည်းများ ပေးပို့ ကန်တော့သွားမည်ဖြစ်ကြောင်း အခမ်းအနားတက်ရောက်ခဲ့သူတဦးက ပြောသည်။

အဆိုပါအခမ်းအနားကျင်းပမည်ဖြစ်ကြောင်း နအဖစစ်အစိုးရက သတင်းရရှိသွားခြင်းကြောင့် အိမ်ရှင်ဦးဇော်ဝင်းအား ၂၇ ရက်နေ့က သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့သော်လည်း နိုင်ငံရေးနှင့်မပတ်သက်ကြောင်း စာပေပညာရှင်များကို ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည့်အတွက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကျင်းပသည့်နေ့တွင်လည်း သတင်းတပ်ဖွဲ့နှင့်ကြံ့ဖွံ့အသင်းဝင်များသည် အခမ်းအနားတက်ရောက်လာသူများအား ဆိုင်ကယ်ဖြင့် လိုက်လံကြည့်ရှုခြင်း ၊ ဓါတ်ပုံခိုးရိုက်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(အဆိုပါသတင်းအား ယမန်နေ့မွန်းလွဲပိုင်းကပင် ရရှိခဲ့သော်လည်း blog settings တွင် အမှားအယွင်းဖြစ်ပေါ်ခဲ့သဖြင့် ယခုမှ တင်ပေးနိုင်သည်ကို အခက်အခဲများကြားမှ ပေးပို့ခဲ့ကြသည့် ပြည်တွင်းမှ ဆရာသမားများ ၊ စာဖတ်သူများကို အနှူးအညွှတ် တောင်းပန်အပ်ပါသည်။)





တာချီလိတ်နှင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် ဒီဇယ်ဆီနှင့်ဓာတ်ဆီများ တင်သွင်း

ဖေဖော်ဝါရီလ တတိယပတ် မှစ၍ မြ၀တီနယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့်ဒီဇယ်ဆီ ၂၅၆၃ ဂါလန် နှင့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒီဇယ်ဆီ ၇၂၈၈၈ ဂါလန်၊ ဓာတ်ဆီ ၄၆၂၂၂ ဂါလန်ကို တစ်ဖက်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသောသတင်းများအရ သိရှိရသည်။
ယင်းကဲ့သို့ မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှ တင်သွင်းသည့် ဒီဇယ်ဆီမှာ ပုဂ္ဂလိကပိုင်အနေဖြင့် တင်သွင်းခြင်းဖြစ်ပြီး တစ်ဂါလန်လျင် ၂ ဒသမ ၇၃ ဒေါ်လာဈေးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ပြီး တာချီလိတ်နယ် စပ်ကုန်သွယ်ရေးမှ တင်သွင်းသော ဒီဇယ်ဆီနှင့်ဓာတ်ဆီမှာ MPPE မှ တင်သွင်းခြင်းဖြစ်ကာ ဒီဇယ်ဆီ တစ်ဂါလန်လျင် ၁ ဒသမ ၉ ဒေါ်လာ၊ ဓာတ်ဆီတစ်ဂါလန်လျင် ၁ ဒသမ ၇၆ ဒေါ်လာဖြင့် တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းဈေးကွက်တွင်မူ ဓာတ်ဆီတစ်ဂါလန်လျင်ကျပ်၃၂၀၀ ၀န်းကျင်နဲ့ ဒီဇယ်တစ်ဂါလန်လျင် ကျပ် ၃၁၀၀ ၀န်းကျင်ရှိကြောင်း လည်း သိရှိရသည်။
''အခုလောလောဆယ် ပြည်တွင်းကုမ္ပဏီတွေ အသီးသီးကတင် သွင်းကြတာဆိုတော့ ဈေးကွက်မှာ သိပ်ကြီးကြီးမားမား မပြောင်းလဲပါဘူး။ ဒီဇယ်ဆီရော ဓာတ်ဆီပါ ကျပ် ၃၀၀၀ ၀န်းကျင်ပဲ။ FEC နဲ့ဆိုရင် တစ်ဂါလန်ကို ၃ FEC လောက်ကျ တယ်။ ဓာတ်ဆီက တစ်ခါတလေ နည်းနည်းပိုကျတယ်။ ၂ ဒသမ ၉ လောက်နဲ့ ရပါတယ်''ဟု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။

copy by weeklyeleven

Saturday, February 27, 2010

ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ သုံးနာရီကြာ

မင်းနိုင်သူ


ပူသည်။

ပူသည်မှ သိပ်ကိုပူသည်။တပေါင်းနွေသည် ရန်ကုန်တမြို့လုံးကို ပြုတ်အိုးထဲဆွဲသွင်းထားသည်။ ဒီလိုပူပုံနှင့်သာဆိုလျှင် နောက်ရက်တွေ သတင်းလိုက်ထွက်ဖို့တောင် ခပ်ခက်ခက်ပဲဟု သတင်းထောက်လေး မောင်ငပွေးတွေးနေသည်။ ယနေ့မူ ပြည်ထောင်စုနေ့ဖြစ်သဖြင့် မောင်ငပွေး ဘယ်မှမသွားဘဲ ဂျာနယ်တိုက်အတွင်းတွင်ပင် နှပ်နေ၏။ တိုက်ပိတ်ရက်ဖြစ်သဖြင့် အခြားသူများမရှိဘဲ ဖုန်းစောင့်တာဝန်ကျသော သတင်းထောက် ငလုံးချာနှင့် တိုက်အိပ်တိုက်စား အညာသား မောင်ငပွေးတို့နှစ်ဦးသာ ရှိလေသည်။

ငလုံးချာသည် မဂ္ဂဇင်းတအုပ်ကို ဖတ်ရှုနေသကဲ့သို့ မောင်ငပွေးသည်လည်း တိုက်ထပ်ခိုးပေါ်တွင် အလုပ်အားခိုက် ကာလနဂါးမင်း စည်းစိမ်ယူရန် အားထုတ်နေသော်လည်း ရန်ကုန်အပူသည် သူ့ကို မျက်စိမှိတ်ခွင့်မပေးပေ။

Friday, February 26, 2010

ရွေးကောက်ပွဲခေါ် ပွဲတော်ကြီး နီးလာပြီ

နအဖစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောထားတဲ့ ၂၀၁၀ခုနှစ်ကို ဖြတ်သန်းဖို့ (၁၀) လတာပဲ လိုပါတော့တယ်။ သို့သော်ငြားလည်း နအဖစစ်အစိုးရက အခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ မထုတ်ပြန်သေးသလို အန်အယ်လ်ဒီပါတီကလည်း ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး ယတိပြတ်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒုတိယမ္ပိသို့သော်ငြားလည်းပေါ့လေ ပြည်ပသတင်းမီဒီယာတွေကတော့ ရွေးကောက်ပွဲကို စောင့်ကြည့်ကြဖို့ တက်ကြွနေကြပါတယ်။ ဒီနှစ် ချင်းမိုင်မှာ ပြုလုပ်တဲ့ (၇) ကြိမ်မြောက် သတင်းညီလာခံကြီးမှာတောင် ဒီကိစ္စကို

စဉ်းစားကြဖို့နဲ့ သုံးသပ်ကြဖို့ပါ

ခရစ်သက္ကရာဇ် ၂၀၁၀ ထဲကို ရောက်တာနဲ့ပဲ ရွေးကောက်ပွဲ ရွေးကောက်ပွဲဆိုတဲ့ အသံတွေ ပိုကျယ်လောင်လာပါတယ်။ နအဖစစ်အစိုးရကတော့ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာကလွဲလို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို အခုချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ချင်းမိုင်မှာ ကျင်းပတဲ့ မြန်မာ့သတင်းသမဂ္ဂကြီးမှာတောင် ဒီအကြောင်းကို အကြီးအကျယ် ဆွေးနွေးနေကြပါသတဲ့။ ပြည်တွင်း ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့က ရွေးကောက်ပွဲဝင်ရေး စည်းရုံးရေးဆင်းနေကြပါတယ်။ ဒီအကြောင်းကို ခေတ်ပြိုင်ရဲ့ လေအိုးနဲ့ရွှေဂျိုးဆွေးနွေးခန်းမှာတော့ တတုံးစားလည်းမမှတ် ၊ နှစ်တုံးစားလည်း မမှတ်တဲ့ဟာကြီးတွေက သန်းရွှေကြီး ကျွေးမယ့်အတုံးကို တခြားသူတွေပါ စားအောင် သေဖော်လာညှိနေကြတယ်လို့ ပြောဆိုသွားလေရဲ့ဗျာ...။ ဟုတ်ကဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်တွင်းက ဥပဒေပညာရှင်တဦးလည်းဖြစ် ၊ မြန်မာပြည်က လူ့အခွင့်ရေး ချိုးဖောက်ခံရမှုတွေကို ကူညီပေးနေသူလည်းဖြစ်တဲ့ "လမ်းပြကြယ်" အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်ကရော ဘယ်လို ဆွေးနွေးသုံးသပ်တင်ပြပါသလဲ ....................

သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည်







ရန်ကုန်၊၊ ။ လက်ရှိ သံဃမဟာနာယက အဖွဲ့ မှ နိုင်ငံတ၀ှမ်းရှိ သံဃာတော်များ အားပိုမိုတင်းကျပ်သည့် အမိန်များ ထုတ်ပြန်သွားရန် စီစဉ်လျှက် ရှိကြောင်း သိရသည်။ သံဃမဟာ နာယက အဖွဲ့ မှ သံဃာတော်များ အား မကြာခင်ထုတ်ပြန်မည့် အမိန့် များတွင် လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ကွန်ပျူတာ နှင့် ပရင်တာ စာကူးစက်များ သုံးခြင်း၊နိုင်ငံခြားခရီးသွားလာခြင်း အပါအ၀င် တစ်နေ့ လျှင် ခြောက်နာရီခန့် သာ ကျောင်းတိုက်ပြင်ပ ထွက်ရှိ ခြင်းတို့ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။


အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ပြစ်မှုဆိုင်ရာ

Wednesday, February 24, 2010

မြန်မာ့အလင်းသတင်းစာ ကယ်ပေလို့

မင်းနိုင်သူ



ဂျာနယ်သတင်းထောက်လေး မောင်ငပွေးသည် ဒူးခေါင်းမှ အနာကို ဆေးလိမ်းနေ၏။

ထိုအခိုက် တိုက်ခန်းအတွင်းသို့ တာဝန်ခံအယ်ဒီတာ လှမ်းဝင်လာသဖြင့် မောင်ငပွေးလည်း ပေါင်အထိ မတင်ထားသော ပုဆိုးကို အသာဆွဲချလိုက်ရင်း
“ဟာ …အကို ဒီနေ့ ရုံးတက်မှာလား”ဟု တာဝန်ခံအယ်ဒီတာကို မေးလိုက်သည်။

တကယ်တော့ ဒီနေ့သည် အင်္ဂါနေ့ဖြစ်သော်လည်း မောင်ငပွေးတို့ ဂျာနယ်တိုက်အဖို့မူ ရုံးပိတ်ရက်ဖြစ်သည်။ မောင်ငပွေးတို့ ဂျာနယ်သည် အင်္ဂါနေ့ထုတ်ဂျာနယ်ဖြစ်လေရာ ဂျာနယ်ထွက်ရက်ကို တိုက်ပိတ်ရက် အဖြစ် သတ်မှတ်ထားသည်။ ကှ်ျသို့သော ဂျာနယ်တိုက်ပိတ်ရက်မျိုးတွင် တိုက်ကို နေအိမ်အမှတ်ဖြင့်နေထိုင်သော အညာသား သတင်းထောက် မောင်ငပွေးတယောက်သာ ရှိလေ့ရှိသည်။

ယနေ့တော့ တာဝန်ခံအယ်ဒီတာ ရောက်လာလေပြီ။ တာဝန်ခံအယ်ဒီတာ ကိုဇင်သည် မောင်ငပွေးအမေးကို ခေါင်းရမ်းပြလိုက်ရင်း
“ရုံးတက်တယ်လို့တော့ မဟုတ်ဘူးပေါ့ကွာ….တည်းဖို့ ကျန်နေတဲ့သတင်းလေး သုံးလေးပုဒ် တည်းပေးရုံပါပဲ။ မင်း ဒူးခေါင်းက အနာက သက်သာရဲ့လား”
“ဟုတ်…သက်တော့သက်သာပါပြီ။ နောက်ရက်တွေဆို သတင်းပြန်လိုက်နိုင်လောက်ပါပြီ အကို”

ပြည်တွင်းမှ ရင်ဖွင့်သံ

ပဲခူးတိုင်း က၀မြို့နယ် သက္ကလစံပြကျေးရွာမှာ ကိုယ်ထူကိုယ်ထလျှပ်စစ်ထရန်စဖော်မာ ထိုင်ရေးဆိုပြီး ငွေတွေကောက်ခံနေပါသတဲ့။ အင်း.....မြန်မာပြည်မှာကလည်း ဟိုနေရာလည်း ကိုယ်ထူကိုယ်ထ ဒီနေရာလည်း ကိုယ်ထူကိုယ်ထနဲ့.....ပြည်သူလူထုဆီက အခွန်အခတွေ ကောက်ခံထားတဲ့ နအဖစစ်အစိုးရကြီးက ဘယ်အချိန်မှများ ပြည်သူတွေကို "ထူမ" ပါ့မလဲနော်........

Tuesday, February 23, 2010

အမှန်လမ်း

တင်မိုး


မှန်ကန်တဲ့လမ်းဆိုတာ
ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းတယ်။
ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။

ရေတစက် ရေတခွက်မျှ
လက်ကမ်းသူမရှိ။
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။

ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကိုကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း
အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။
ခက်ခဲတဲ့လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့မရ
ဒုက္ခကို အရင်းအနှီးပြု ပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။
အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
ရှေ့သို့ အဟုတ်လမ်း
တို့စခန်း မြင်ရပြီ
မဟုတ်လားကွယ် ။ တင်မိုး

Monday, February 22, 2010

သင်္ကန်းကျွန်းဈေး မီးလောင်မှု မီးသတ်နှင့်စည်ပင် မကျေလည်ဖြစ်

(ဈေးကြီးမီးမလောင်ခင် ပြင်ဆောက်ဖို့အတွက် မြို့တော်ဝန်က ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ခေါ်တွေ့ခဲ့တယ်တဲ့။ လောင်လည်း ပြီးရော တည်ဆောက်ဖို့ အသင့်ဖြစ်နေပြီလို့လည်း မြို့တော်ဝန်ကပြောဆိုပဲ။ သြော...သြော် စီမံချက်တို့ မြန်လိုက်ပုံများ ပြောပါတယ်....)

သင်္ကန်းကျွန်းဈေး မီးလောင်မှုနှင့်ပတ်သက်၍ ရန်ကုန်စည်ပင်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတို့အကြား မကျေမလည် ဖြစ်နေကြကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၂) ရက် ည (၇) နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့သည့် သင်္ကန်းကျွန်းဈေးကြီး ဆုံးရှုံးမှုများရခြင်းမှာ မီးစတင်လောင်ကျွမ်းချိန်တွင် မီးသတ်ကို သတင်းမပေးခြင်း၊ သတင်းပေးသည့်အချိန်တွင် (၂၅) မိနစ်ခန့် နောက်ကျနေခြင်း တို့ကြောင့် မီးသတ်ကားများ ရောက်ရှိချိန်တွင် မီးလောင်မှုမှာ ဆိုးရွားနေပြီဖြစ်ကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

၎င်းက “ဒါတွေအားလုံးကတော့ စည်ပင်ဈေးဌာနရဲ့ အပိုင်းဖြစ်တယ်လို့ ကျနော်မြင်တယ်။ အခုလို မီးလောင်တော့ ရန်ကုန်တတိုင်းလုံးမှာ ရှိတဲ့ မီးသတ်ကားတွေ လာပြီးငြိမ်းရတယ်။ ပြည်သူက ကျနော်တို့ မငြိမ်းနိုင်လို့ဘဲ မီးလောင်ပြာကျတာမျိုး ပြောတယ်။ မီးသတ်ကားဝင်ရတာ၊ မီးငြိမ်းဖို့ ရေယူရတာ၊ ပြောရရင် ရှည်သွားမယ်ဗျာ။ တခုပဲပြောချင်တယ်၊ ဈေးတွေ မီးလောင်မှုမဖြစ်အောင် ဈေးတွေက တာဝန်ယူထားတဲ့ သူတွေအပေါ်မှာပဲ မူတည်တယ်ဆိုတာပါပဲ” ဟု ပြောသည်။

ထို့အပြင် ဈေးတွင် မီးဘေးကြိုတင်ကာကွယ်မှု မလုပ်ထားကြောင်း၊ ဈေးတခုလုံးတွင် မီးသတ်ဆေးဘူး (၆) ဘူးသာရှိကြောင်း၊ ပြီးခဲ့သည့်လက ဈေးသို့ သွားရောက်စစ်ဆေးခဲ့ပြီး မီးဘေးကာကွယ်မှု လေ့ကျင့်မှုများပြုလုပ်ရန်နှင့် ဟောပြောမှုများလုပ်ရန် ခေါ်သော်လည်း ဈေးသူဈေးသားများက ဈေးရောင်းပျက်သည်ဟုဆိုကာ မလာကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဈေးကြီး မီးလောင်ပြီးချိန်က ဆုံးရှုံးမှုတန်ဖိုးမှာ (၄၇) သိန်းဖြစ်ကြောင်း မီဒီယာများကို သတင်းထုတ်ပြန်ခဲ့သော်လည်း မီးသတ်အရာရှိကြီး၏ ပြောကြားချက်အရ (၇၃) သန်းကျော် ဆုံးရှုံးကြောင်း၊ ယင်းမီးကြောင့် ဈေးအနီးအိမ် (၂) လုံးနှင့် ဈေးတွင်းရှိ ဆိုင်ခန်းပေါင်း (၇၈၆) ခန်းအနက် (၆၅၁) ခန်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအတွင်း မြန်မာတနိုင်ငံလုံးတွင် မီးလောင်မှုပေါင်း (၈၉) ကြိမ်ဖြစ်ပွားရာတွင် ရန်ကုန်တိုင်း၌ (၂၆.၂၅) ရာခိုင်းနှုန်းဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ယင်းတို့အနက် မီးဖိုမီးနှင့် ပေါ့ဆမီး (၆၅) ကြိမ်၊ အလိုအလျောက်မီး (၁) ကြိမ်၊ လျှပ်စစ်မီး (၁၁) ကြိမ်၊ မသမာသူရှို့မီး (၁၁) ကြိမ်၊ တောမီး (၁) ကြိမ်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါဈေး မီးလောင်ကျွမ်းမှုသည် ရှို့မီးဖြစ်နိုင်ဖွယ် ရှိသည်ဟုလည်း ဈေးသူဈေးသားများက သံသယဖြစ်ခဲ့ပြီး ဈေးတခု အသစ်ပြန်ဆောက်ပါက သိန်းပေါင်း ထောင်နှင့်ချီကုန်ကာ တာဝန်ခံတည်ဆောက်သော အင်ဂျင်နီယာတို့ ငွေကြေး တွက်ခြေကိုက်သောကြောင့် လုပ်ဇာတ်ခင်းလိုက်သည်ဟုလည်း ဈေးသူဈေးသားတို့က ထင်ကြေးပေးခဲ့ကြသည်။

မီးဘေးကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် သတိပေးသော်လည်း အဆိုပါဈေး၏ တာဝန်ရှိသူတို့က မပြုလုပ်ခဲ့ကြောင်း မီးသတ်အရာရှိက ပြောကြားသော်လည်း ဈေးတာဝန်ရှိသူများဘက်မှမူ ယခုအချိန်အထိ တစုံတရာ ပြန်လည်ဖြေရှင်းခြင်း မရှိသေးပေ။

ရန်ကုန်မြို့မှ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းရှင်တဦးက “အဲဒီသင်္ကန်းကျွန်းဈေး မီးမလောင်ခင်ကတည်းက မြို့တော်ဝန်က ဆောက်လုပ်ရေးကုမ္ပဏီတချို့ကို (၄) ထပ်ဈေး ဆောက်မယ့်ကိစ္စ မေးမြန်းဆွေးနွေးနေတာ ကြားတယ်။ အခု ဈေးမီးလောင်ပြီးလို့ (၃) ရက်လောက်အကြာမှာ သူက ဈေးကြီးဆောက်မယ်၊ အားလုံးပြင်ထားပြီးပါပြီ ပြောလိုက်တော့ ပိုပြီးသံသယပွားလာကြတယ်။ ဒါဟာ ရှို့မီးဆိုပြီး ပြောလာကြတယ်” ဟု ပြောသည်။

copy by khitpyaing

Saturday, February 20, 2010

အမေရဲ့ဒုက္ခအိုးလေး

ရွှေ့ပြောင်းလုပ်သားတွေရဲ့အကြား
ဖုန်းဟာ ကက်ဆက်ဖြစ်နေလေတော့
ကိုငှက်ကြီးကို ပြန်ကြားယောင်ရ

အမေ့ရဲ့ဒုက္ခအိုးလေး…..
အမေ့ရဲ့ဒုက္ခအိုးလေး…..


သားဟာ အရာရှိဆိုပြီး ဂုဏ်ယူချင်လွန်းလို့
ဆွေမျိုးအရာရှိကြီးတွေဆီ ၀င်ထွက်
သားအတွက် ရတက်ပွေခဲ့တဲ့အမေ……။

စစ်အာဏာရှင်ယန္တရားထဲမှာ
ဝက်အူတခု ၊ မူလီတချောင်းအဖြစ်တောင်အသုံးချမခံနိုင်တဲ့ ကျနော်
ကရုဏာဒေါသောနဲ့ လူမိုက်လို့ အမေအော်နေမလား……

နိုင်ငံရေးယောင်ယောင် ၊ စာပေယောင်ယောင်
ဘ၀ကို အမှောင်ကျမယ့်အလုပ်တွေ မင်းလုပ်နေမှာလား
ပြန်လာမှာလားဆိုတဲ့ အမေ့ရဲ့အမေးစကား……….
နားကြားမှာ ခုထိကြားယောင်။

ခုချိန်မှာ ကျနော်ဖျားနေတယ် အမေ…….
သတင်းတွေငတ်နေတယ် အမေ…….
အွန်လိုင်းပြတ်နေတယ် အမေ……..

ဒါပေမဲ့လေ
အမေ့ရဲ့ဒုက္ခအိုးလေးက ဒုက္ခအိုးလေးပါပဲ
ဘယ်သူမှ မပေးတဲ့ ၀န်တွေကို ထမ်းထားဆဲ
ရိုးသားမှု တွင်းနက်ထဲမှာ ကျဆင်းမြဲ
လွတ်လပ်မှုကို အများနဲ့အတူ ဆောင်ကြဉ်းယူခဲ့ဖို့ အားခဲ
အလဲလဲအကွဲကွဲထဲမှာ အသဲအမဲ ရုန်းကန်နေဆဲပါ အမေ…။

အရာရှိကြီးမဖြစ်ခဲ့သလို
သူခိုးကြီးလည်း မဖြစ်ခဲ့တဲ့ကျနော်
ယောင်ခြောက်ဆယ်လုပ်နေတာမဟုတ်ပါဘူးအမေရဲ့
ကျနော်ဟာအမှန်တရားရဲ့ ဘက်တော်သားပါ……..
အများမိုးခါးရေ သောက်တိုင်းလိုက်မသောက်ချင်တာ
ခွင့်လွှတ်ပါအမေ……။

အမေ့ရဲ့ဒုက္ခအိုးလေး…..
အမေ့ရဲ့ဒုက္ခအိုးလေး…..

ကိုငှက်ကြီးသီချင်းသံအကြားမှာ
အမေ့ရဲ့ ဖုန်းပြောသံကို ကြားလိုက်တယ်။ ။


မင်းနိုင်သူ (၂၀-ဖေဖော်ဝါရီ-၂၀၁၀)

ဆန်တစ်ပြီ ကျပ်တစ်သန်း

ဘဘကြေးမုံဦးသောင်းရဲ့ ၀တ္ထုတိုလေးပါ မြည်းစမ်းကြည့်ပါဦး ခေတ်လူငယ်တို့.........

မိချိုရေ၊ မိချို၊ အမေ့ဆီ လာစမ်း

တဲငယ်၏ လှေကားတက်တွင် ရုပ်ပြစာစောင် တစ်ခုကို ကြည့်နေသော မိချိုသည်၊ ဇာတ်လမ်းစွဲ နေသဖြင့် ချက်ခြင်း မလာနိုင်ဘဲ မကြားဟန် ပြုနေသည်။ မေမေက သမီး၏ သဘောကို သိသည်။ အသက် ၁၃ နှစ်အရွယ်၊ လူလားမမြောက်တမြောက်၊ မလိမ်မိုးမလိမ္မာ သမီးကိုကြည့်ကာ ပြုံးမိရှာသည်။ သမီးမလာသဖြင့် အမေက သမီးထံ သွားရသည်။

သမီးမှာ ပိုက်ဆံရှိသေးသလား၊ အမေ့ကို ခဏပေးပါလား

မိချိုက မျက်မှောင်လေး ကြုတ်သွားသည်။ သူ့တွင် ပိုက်ဆံအနည်းငယ် ရှိသည်။ သို့သော် အမေ့ကို မပေးလို။ လိမ်ညာကာ မပြောတတ်သဖြင့် - သမီးမှာ ငွေတစ်သောင်းတန် သုံးရွက်ရှိတယ် အမေ။ နက်ဖြန်ခါ ကျောင်းမှာ ပြောင်းဖူးပြုတ် ၀ယ်စားဖို့ သိမ်းထားတာပါဟု ဖြေရှာ၏။

မေမေသိပါတယ် သမီးရယ်၊ ပြောင်းဖူးပြုတ်ကို နက်ဖြန် မစားပါနဲ့ဦး။ အမေ ထန်းလျက် တစ်ခြမ်း ပေးလိုက်ပါမယ်။ သောကြာနေ့မှာ ဖေဖေ့ လုပ်ခရတော့မှ သမီးကို ငွေငါးသောင်း ပေးပါ့မယ်။ အဲဒီတော့မှ သမီးစားချင်တာ ၀ယ်စားပါကွယ်

အမေ့စကားကို ပယ်ရှားလေ့မရှိသော မိချိုက စာအုပ်ကြားတွင် သိမ်းထားသော ကျပ်တစ်သောင်းတန် သုံးရွက်ကို ထုတ်ပေးလေ၏။

အင်း၊ သမီးရဲ့ ပိုက်ဆံရပေမင့် မလောက်သေးပါကလား။ မင်းအဖေ အလုပ်က ပြန်လာချိန်မှာ ထမင်းပူပူကလေး စားရအောင် ဆန်ဝယ်ဖို့လိုတယ် သမီးရဲ့ဟု အမေက ညည်းရှာ၏။ အမေသည် တစ်ညနေလုံး စာရင်းတွက်နေသည်။ နံနက်က ကျန်သော ပဲပြုတ်အနည်းငယ်နှင့် ဘရာကြော်တစ်ဖဲ့ ရှိသည်။ ကြက်သွန် တစ်ဥရှိသည်။ နောက်ဖေးတွင် စိုက်ထားသော စိုက်ခင်းမှ ခရမ်းချဉ်သီးကို ဆီမပါဘဲ သုတ်ပေးမည်ဟု ဖွယ်ဖွယ်ရာရာ ဟင်းလျာ စီစဉ်ခဲ့သည်။ အရေးကြီးသည်မှာ ဆန်ဖြစ်သည်။

§ § § § § § §

ရှိသလောက် ၀ယ်တာပေါ့ မေမေရယ်

ပိုက်ဆံနည်းနည်းနဲ့ ၀ယ်လေ၊ ဆန်အရ နည်းလေကွဲ့ သမီးရဲ့။ အမေ့မှာ ငွေတစ်သိန်းတန် နှစ်ရွက်ရယ်၊ တစ်သောင်းတန် သုံးရွက်ရယ်၊ အစုစု နှစ်သိန်းသုံးသောင်း ရှိတယ်။ သမီးပေးတဲ့ငွေနဲ့ ပေါင်းရင်၊ အစုစု ကျပ် နှစ်သိန်းခြောက်သောင်း ရှိနေပြီ

အဲဒါနဲ့ပဲ ၀ယ်ပေါ့ မေမေရဲ့

ပြောပြီကော သမီးရယ်။ ဆန်တပြီကို ကျပ် တစ်သန်းရှိတယ်ကွဲ့။ တို့ဝယ်နိုင်တာက တစ်စလယ်ရယ်။ တစ်စလယ်သာ ၀ယ်ပြန်တော့ လက်လီဈေးမို့ တစ်စလယ်ကို ငွေသုံးသိန်းတဲ့။ ဒါဟာ ထုံးစံပဲ။ မေမေတို့က ဆန်တစ်ပြည်ဖိုးမှ မရှိတော့ အနည်းဆုံး တစ်စလယ်ဝယ်နိုင်မှသာ တွက်သားကိုက်တယ်

မိချိုသည် မေမေ၏ စာရင်းဇယားများကို နားရှုတ်သွားသည်။

ကဲပါ သမီးရယ်။ သမီးရဲ့ မမအိမ်ကိုသွားပြီး အမေက ငွေလေးသောင်းလောက် ချေးပါ။ သောကြာနေ့ ဖေဖေ လုပ်ခရတော့ ဆပ်ပါ့မယ်လို့ ပြော

သမီးမသွားချင်ဘူး မေမေ။ မမယောက်ျား ဗိုလ်ကြီးမိုးဟိန်းကို မတွေ့ချင်ဘူး

မမဆိုသည်မှာ မေမေ၏ သမီးအရင်းမဟုတ်။ တူမသာ ဖြစ်သည်။ ဗိုလ်ကြီးမိုးဟိန်းဟု ခေါ်ကြစေကာမူ အမှန်မှာ တပ်ကြပ်ကြီး တစ်ဦးသာ ဖြစ်သည်။ အရပ်နှင့် ဆွေမျိုးများက ရာထူမြှင့်ခေါ်ကြသည်သာ ဖြစ်သည်။ အမျိုးသမီးများကို တို့ကဆိတ် တို့ကနန်း လက်ဆော့တတ်သည်ကို အမေသိသည်။ သို့သော် ဆွေမျိုးများ အလယ်တွင်သာမက အရပ်ထဲတွင် ရွှေတွဲလဲ ငွေတွဲလဲ နေနိုင်သူမှာ သူတို့သာ ရှိသည်။ မည်သူကမှ ငွေချေးနိုင်မည် မဟုတ်သဖြင့်၊ ရင်လေးစွာ စိတ်မကောင်းစွာနှင့် သမီးငယ်ကို စေလွှတ်ရသည်။

မိချိုသည် မိခင်ကို ငဲ့ညှာကာ တစ်ဖက်လမ်းတွင်နေသော ဗိုလ်ကြီးမိုးဟိန်းတို့ အိမ်သို့ သွားရှာသည်။ ကံဆိုးချင်တော့ အစ်မဖြစ်သူ မရှိဘဲ ဗိုလ်ကြီးကိုသာ တွေ့ရသည်။ ကပျာကယာ လှည့်ပြန်သည်ကို မြင်သောအခါ ဗိုလ်ကြီးက တားသည်။

ဟဲ့ မိချို၊ ဘာလုပ်ချင်လို့လဲ။ လာ၊ လာ၊ ငါ့ကို ပြောလေ

ဇွတ်မေးသဖြင့် အမေက ငွေကျပ်လေးသောင်းလောက် ချေးပါဟု စေလွှတ်ကြောင်း တုန်တုန်ရီရီ ပြောရရှာသည်။

ရမှာပေါ့ ချိုလေးရယ်

ဗိုလ်ကြီးက ပြုံးရယ်ကာပြောရင်း မိချို၏ ပါးကလေးကို လိမ်ဆွဲလိုက်သည်။ ဒါပေမဲ့ တို့အိမ်မှာ ငွေတစ်သောင်းတန် မရှိဘူး။ မသုံးဘူး။ တစ်သိန်းတန်ပဲ ရှိတယ်။ တစ်သိန်းပဲ ယူသွားတော့။ ရော့ဟု ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးရင်း မိချို၏ ကျောကလေးကို ပွတ်တော့သည်။

အိမ်စောင့်နတ်၊ တော့စောင့်နတ်၊ တောင်စောင့်နတ်၊ သမာဒေ၀ နတ်ကောင်းနတ်မြတ်များက မိချိုကို စောင့်ရှောက်ကြပါပေသည်။ ထိုအခိုက်မှာပင် အိမ်ရှေ့တွင် ကားတစ်စီး ၀င်ဆိုက်သည်။ မိချို၏ အစ်မတော် ကားပေါ်မှ ဆင်းလာသည်။ မိချိုသည် အစ်မတော်ကို အမြန်နှုတ်ဆက်ကာ အမေ့ထံသို့ ပြန်လာနိုင်ခဲ့သည်။

ဝမ်းသာလိုက်တာ သမီးရယ်။ သမီးဆီက အမေယူထားတဲ့ ငွေသုံးသောင်းကို ပြန်ပေးမယ်။ နက်ဖြန်ကျရင် ပြောင်းဖူး ၀ယ်စားပေတော့။ အခု ငွေသုံးသိန်း ယူသွားပြီး လမ်းထိပ်က ဆန်ဆိုင်မှာ ဆန် တစ်စလယ် ၀ယ်ခဲ့။ အိမ်က စလယ်ဝင်ခြင်းကို ယူသွား။ ငွေသုံးသိန်းကြီးများတောင် ပေးရတာ။ ပြည့်ပြည့်မမ ချင်ပေးပေ့စေ

မိချိုတစ်ယောက် ရုပ်ပြစာစောင် မကြည့်ရသေးဘဲ၊ ဆန်ဆိုင်သို့ ပြေးရပြန်လေပြီ။ ဆန်ဆိုင်သို့ ရောက်သောအခါ ဆိုင်ထိပ်တွင် တင်ထားသော ရုပ်မြင်သံကြားကို ဈေးဝယ်သူများ ၀ိုင်းကြည့်နေသဖြင့် ဆန်မ၀ယ်သေးဘဲ ၀င်ငေးမိသည်။

ယနေ့ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ထုတ်လွှင့်ပါတော့မည်၊ ၀န်ကြီးချုပ် မဟာဗိုလ်ချုပ်ကြီး ခင်ညွန့်က တိုးတက်နေတဲ့ မြန်မာ့စီးပွားရေးအခြေအနေကို ရှင်းပြပါမည်ရှင်ဟု အစီအစဉ်ကြေငြာပြီးနောက် စစ်ဗိုလ်ချုပ်ကြီး ထွက်လာသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတော် လူထုအတွက် တပ်မတော်ရဲ့ ချွေးနဲ့သွေးနဲ့ အားထုတ်ဆောင်ရွက်တာကြောင့် စီးပွားရေး အဆများစွာ တိုးတက်နေပါတယ်။ နိုင်ငံခြားမှ ငွေပင်ငွေရင်း ဒေါ်လာဘီလျံ ကုဋေတစ်သောင်းဝင်လာတာကြောင့် နိုင်ငံတစ်ခုလုံး ချမ်းသာနေပါပြီ။ အမေရိကန်ပြည်က ဖိုဘီ စီးပွားရေးမဂ္ဂဇင်းက နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်နှစ်ရာတို့ရဲ့ စာရင်းကို ဖော်ပြလေ့ ရှိပါတယ်။ ဒီနှစ်အဖို့ သူကြွယ်ကြီး နှစ်ရာ စာရင်းမှာ မြန်မာ ငါးဦးပါဝင်ပါတယ်။ သူတို့ကတော့ () ဗိုလ်ချုပ်ကြီး သန်းရွှေ၊ () ဗိုလ်ချုပ်ကြီး မောင်အေး၊ () အမျိုးသားခေါင်းဆောင် မစ္စတာဝေရှောင်ကန်း၊ () ဦးလော်စစ်ဟန်နဲ့ () ဦးခွန်ဆာတို့ ဖြစ်ကြပါတယ်။ အခုလို မြန်မာငါးဦးတို့ ကမ္ဘာ့ထိပ်တန်း သူဌေးကြီးများ စာရင်းဝင် ဖြစ်လာကြတာကို မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူသင့်ပါတယ်။ တပ်မတော်က ဆက်လက်ပြီး ပြည်သူတို့အတွက် --

မီးပျက်သွားသဖြင့် အသံရော ရုပ်ပါ ပျောက်သွားသည်။

မသိနားမလည်ရှာသော မိချို စဉ်းစားရှာသည်။ သူ့ဉာဏ်မှီသလောက် တွေးတောရှာသည်။ အဲဒီသူကြွယ်ကြီးတွေဆီ သွားပြီး ငွေချေးလျှင်လည်း ငါ့ပါးကို လိမ်ဆွဲကြမှာပဲလေ - တဲ့။

Thursday, February 18, 2010

ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ် ပေးအပ်ပွဲ ရက်ရွှေ့ဆိုင်း

ဘုန်းဘုန်းတွေလည်း ရလုဆဲမှ....သြော်ဒုက္ခ......


စစ်အစိုးရက ယခုလ ၂၇ ရက်နေ့တွင် ချီးမြှင့်မည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ပွဲ အခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း သာသနာရေးဆိုင်ရာ သတင်းရပ်ကွက်များမှ စုံစမ်းသိရှိရသည်။

နှစ်စဉ် လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) တွင် ဘွဲ့တံဆိပ် ရရှိသူများ စာရင်းကို အစိုးရ သတင်းဌာနများမှ ကြေညာလေ့ရှိပြီး တပေါင်းလပြည့်နေ့ (ယခုလ ၂၇ ရက်နေ့) တွင် ပေးအပ်မည့် အခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

''ဦးဇင်းတို့ဆီကို အခမ်းအနားနဲ့ ပတ်သက်လို့ ဘာမှအကြောင်းမကြားလို့ ဖုန်းဆက်ပြီးမေးတော့မှ ရက်ရွှေ့ထားတယ်လို့ သိရတာ” ဟု ဘွဲ့ချီးမြှင့်ခံရမည့် ဆရာတော်တပါးက မဇ္ဈိမကို ပြောသည်။

နေပြည်တော်ရှိ သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းတဦးက "တပေါင်းလပြည့်နေ့မှာ ဘွဲ့တံဆိပ်ပေးဖို့ လုပ်ထားတာကို ရက်ရွှေ့လိုက်တာ ဟုတ်ပါတယ်။ ဘယ်နေ့ ပေးဖြစ်မယ်ဆိုတာ အတိအကျ မသိရသေးပါဘူး" ဟု မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

သံဃာတော်များကို သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် အလှူအတန်း ရက်ရောသော လူပုဂ္ဂိုလ်များကို သူဋ္ဌေးဘွဲ့များ ချီးမြှင့်မှုကို တပေါင်းလပြည့်နေ့တွင် အခမ်းအနားဖြင့် ဘွဲ့ချီးမြှင့်လေ့ရှိသည်။

သံဃာတော်များအတွက် ဘာသာရေး စာပေဆိုင်ရာ ဘွဲ့တံဆိပ်နဲ့ သာသနပြုဆိုင်ရာ ဘွဲ့တံဆိပ် ၂ မျိုး ချီးမြှင့်ပြီး လူပုဂ္ဂိုလ်များကိုမူ အမျိုးသား၊ အမျိုးသမီး ၂ မျိုးခွဲ၍ သာသနာပြုဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်သည်။

ဇန်နဝါရီလ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်စာတွင် ဂုဏ်ထူးဆောင်ဘွဲ့ ရှိသူများနှင့် ဆုတံဆိပ် ရှိသူများ စာရင်းကို ကြေညာခဲ့ပြီးဖြစ်သည်။

ထိုသို့ ကြေညာရာတွင် ဂုဏ်ထူးဆောင်ဘွဲ့ ၁၆ မျိုးနှင့် ဆုတံဆိပ် ၂၂ မျိုးဖြင့် စုစုပေါင်း ၃၈ မျိုး ရှိသည့်အနက် ၁၉၄၈ ခုနှစ် ဖဆပလ အစိုးရ လက်ထက်က ပေးအပ်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဆုတံဆိပ်များ ပါဝင်သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပေးအပ်ခဲ့သည့် ဆုတံဆိပ်များအပြင် စစ်အစိုးရက နိုင်ငံတော် စစ်မှုထမ်း သင်္ဂဟ တံဆိပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်များကိုပါ ယခုနှစ်တွင် ချီးမြှင့်မည် ဖြစ်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရပါက သားစဉ်မြေးဆက် ထိန်းသိမ်းခွင့် ရရှိမည်ဖြစ်ပြီး၊ ယခင်က ချီးမြှင့်ခဲ့သည့် ဘွဲ့များနှင့် ဆုများအတွက်လည်း ခံစားခွင့်များ ဆက်လက်ရရှိမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာ၌ မူဝါဒလမ်းစဉ် ၇ ရပ်ကို ထောက်ခံသူများကိုသာ ချီးမြှင့်ရမည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

copy by mizzima

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်ကြောင်း အန်အယ်လ်ဒီ ဗဟိုအမှုဆောင်များ ကင်တားနားထံ တင်ပြ

မြန်မာနိုင်ငံသို့ (၅) ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၅) ဦးနှင့် ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်၌ ယနေ့ညနေ (၄) နာရီခွဲတွင် တွေ့ဆုံခဲ့သည်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်များမှာ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်းနှင့် ဦးညွန့်ဝေတို့ ဖြစ်သည်။

ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက မစ္စတာကင်တားနားနှင့်တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးသင့်ကြောင်း ပြောကြားသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “၇၄ ခုနှစ် ဥပဒေက ပျက်ပြယ်သွားတာမို့လို့ (၁၀) က၊ ခ ဟာလည်း ပျက်ပြယ်တဲ့အတွက် လွှတ်ပေးရမယ်လို့ သူက ဆိုတယ်။ ၇၄ ခု (၁၀) က၊ (၁၀) ခ ကို ဥပဒေပြုတုန်းက သူကိုယ်တိုင်ပါဝင်တဲ့အတွက် ဥပဒေကြောင်းတွေကို သူကောင်းကောင်း နားလည်တယ်၊ သိရှိတယ်လို့ ပြောပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရလိမ့်မယ်လို့ သူဆိုပါတယ်” ဟု ပြောသည်။

ဗဟိုအလုပ်အမှုဆောင် (၅) ဦးအနေဖြင့် အဓိကဆွေးနွေးသည်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် ဖော်ဆောင်နိုင်မှသာလျှင် ရှေ့နိုင်ငံရေးဆက်လျှောက်၍ဖြစ်မည်ဟု ပြောဆိုကြကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ထို့အပြင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမှသာလျှင် ရှေ့နိုင်ငံရေးခရီးမှာ လမ်းစပေါ်မယ်။ ရွေးကောက်ပွဲကိစ္စတွေဟာလည်း တွေ့ဆုံဆွေးနွေးခွင့်နဲ့ နှီးနွှယ်နေတော့ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးကအစ အန်အယ်လ်ဒီရဲ့ ရှေ့နိုင်ငံရေးခရီးကို ချမှတ်နိုင်မှာဖြစ်တယ်။ ဒီထက် အရေးကြီးတာကတော့ စီအီးစီနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီးရင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ရေးဟာ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီကိစ္စကို ကျနော်တို့ မဖြစ်မနေ မျှော်လင့်နေတယ်။ ဒါကိုလည်း ကုလသမဂ္ဂအနေနဲ့ ၀ိုင်းဝန်းပြီး ကူညီဖို့လိုအပ်တယ်ဆိုတာကိုလည်း မှာလိုက်ပါတယ်” ဟု ပြောဆိုကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ တင်ပြပြောဆိုမှုများကို မစ္စတာကင်တားနားအနေဖြင့် မှတ်သားကာ ပြန်လည်အစီရင်ခံတင်ပြသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

မစ္စတာကင်တာနားသည် မနက်ဖြန်တွင် နေပြည်တော်သို့ သွားရောက်ကာ နအဖစစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ခွင့်တောင်းခံထားကြောင်း သိရသည်။

မစ္စတာကင်တားနားသည် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိသည့် ဖေဖော်ဝါရီ (၁၅) ရက်တွင် အန်အယ်လ်ဒီမှ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ (၄) ဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သည်။

ထို့အပြင် ယမန်နေ့က ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင်နှင့် ဘူးသီးတောင်အကျဉ်းထောင်သို့လည်း သွားရောက်ကာ နိုင်ငံရေးအကျဉ်းသားအချို့နှင့်တွေ့ဆုံခဲ့ပြီး ယနေ့တွင် အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ခဲ့သည်။

copy by nej

ကင်တာနာ ခရီးစဉ်အတွင်း အကျဉ်းသားများ အခွင့်အရေးတောင်း Thursday, 18 February 2010 17:30 ဇာနည်မာန်

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ယနေ့ သွားရောက် လေ့လာ နေသည့် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများက အကျဉ်းသားများ၏ အခွင့်အရေးအတွက် တောင်းဆို လိုက်သည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ သွားရောက်သည့် အင်းစိန် အကျဉ်းထောင် အနီး၌ လုံခြုံရေး ယူထားသည့် ရဲကားကို တွေ့ရစဉ် (ဓာတ်ပုံ - AP)

အကျဉ်းသားများ ကိုယ်စားဟု ရေးသား ထားသည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရက်စွဲပါ အင်းစိန် ထောင်တွင်းမှ ပေါက်ကြား လာသည့် လျှို့ဝှက်စာတွင် အကျဉ်းသား များ၏ ကျန်းမာရေး၊ စာရေးသား ဖတ်ရှုခွင့် ရရှိရေး၊ ထောင်တွင်း လွတ်လပ်စွာ သွားလာနိုင်ရေး စသည့် အချက် ၅ ချက် ပါရှိသည်။

ယင်းစာတွင် “စာပေ ဖတ်ရှုခွင့် ပေးရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်၀၀ ရရှိရန်၊ ပိုမို ကောင်းမွန်သော အစား အသောက် ရရှိရန်၊ နိုင်ငံရေး အကျဉ်းသားများ ထောင်ပိတ်ချိန် ပြင်ပမှ လွဲ၍ ထောင်တွင်း လွတ်လပ်စွာ သွားလာခွင့် ရရန်၊ စာရေးသားခွင့် ပြုရန် တို့ကို ထောင်အာဏာ ပိုင်များထံ တောင်းဆိုသည်” ဟု ရေးသားထားသည်။

အဆိုပါ အကျဉ်းသား အခွင့်အရေးတောင်းဆိုသည့် စာ၌ မိသားစုများမှ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်စသည်များကို ဆုတ်ဖြဲပယ်ဖျက်ခြင်း၊ ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန်မရရှိခြင်းများ အပါအ၀င် အကျဉ်းသားများအနေဖြင့် ထောင်တွင်း စာပေရေးသားလေ့ကျင့်ခွင့်၊ မိသားစုထံ စာရေးသားခွင့်များ မရရှိသကဲ့သို့ စာရွက်၊ ဘောလ်ပင်စသည်များကို လက်ဝယ်တွေ့ရှိပါက စစ်ခွေးတိုက်သို့ ပို့ဆောင်အရေးယူသည်ဟုလည်း ပါရှိသည်။

ထို့အပြင် အကျဉ်းသားများ စားသုံးရသည့် ထမင်းမှာလည်း ကြမ်းတမ်းပြီး ကျောက်ခဲများ စပါးလုံးများ ပါဝင်ခြင်း၊ ဟင်းများတွင်လည်း ပိုးကောင်များပါဝင်ခြင်း၊ မိလ္လာသန့်ရှင်းရေး စနစ်များ သန့်ရှင်းမှုမရှိခြင်း၊ နာမကျန်းဖြစ်ပါက ဆေးကုသခွင့်ရရှိရန် ခက်ခဲကြန့်ကြာသကဲ့သို့ ဆေးဝါးလုံလောက်မှုလည်း မရှိ ဟု စာထဲတွင် ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများအနေဖြင့် တနေ့တွင်၂နာရီသာ အပြင်ထွက်ခွင့်ရပြီး ကျန်အချိန်များတွင် အပြင်ထွက်ခွင့်မရသည်ကို လည်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ၎င်းစာသည် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများထံမှ ရရှိခြင်း ဟုတ်မှန်ကြောင်း ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

သူ၏ အဆိုအရ မြန်မာနိုင်ငံ၏ ထောင်တွင်းရှိ အကျဉ်းသားများအတွက် အာဟာရပြည့်ဝကောင်းမွန်သော အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကောင်းများ အရေးတကြီး လိုအပ်နေသည်ဟု သိရသည်။

မစ္စတာ ကင်တာနာ ယနေ့နေ့လယ်ခင်း၌ သွားရောက်ခွင့်ရခဲ့သည့် အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ရှိနေ သည်ဟု AAPP က ဆိုသည်။

မစ္စတာ ကင်တာနာ ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဘူးသီးတောင်ထောင်သို့ သွားရောက်ခဲ့ရာ ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးမြှင့်တင်မှုကို လမ်းလျှောက်ဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

မြန်မာနိုင်ငံတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဖမ်းဆီးခံထားရသော သံဃာတော်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှု ရှိရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးရန်လည်း ကင်တာနာ က တောင်းဆိုထားသည်။

သူ၏ အင်းစိန်ထောင်သို့သွားရောက်ခြင်း အပြီးတွင် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၊ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအ၀င် NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့အတူ နေအိမ်အကျယ်ချုပ်ကျခံနေရသော နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။

Monday, February 15, 2010

လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်စုရှေ့နေ ၄ ဦးနဲ့ ရန်ကုန်မှာ တွေ့ဆုံ

လူ့အခွင့်အရေး စုံစမ်းရေးမှူး မစ္စတာ သောမတ်ကင်တားနားကတော့ မြန်မာနိုင်ငံကို ရောက်လာပြန်တယ်ဗျ။ ဒီအချိန်မှာပဲ နအဖ စစ်အစိုးရက၀တ်ပြုဆုတောင်းသူတွေကို ထောင်ဒဏ်တွေပေးလိုက်ခြင်းဖြင့် မစ္စတာကင်တားနားကို ကြိုဆိုသတဲ့...ဥရောပသံတမန်တွေကတော့ ရွေးကောက်ပွဲမတိုင်မီ လူ့အခွင့်အရေးအခြေအနေတွေကို စိတ်ဝင်စားနေကြတယ်ဆိုပဲ......ဟုတ်ကဲ့....ပြည်တွင်းက မိတ်ဆွေတချို့ကို ဒီသတင်းလေးတွေ ပြန်ပြောမိတော့  လူကြီးမင်းတွေက ခုထိစိတ်ဝင်စားကြရုံပဲလားလို့ မေးသွားကြလေရဲ့ဗျာ......



မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီနေ့မနက် ၉ နာရီမှာ မင်္ဂလာဒုံ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ၅ ရက်ကြာခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုပြောပါတယ်။

“မစ္စတာ ကင်တားနား ရောက်ကတည်းက ကုလသမဂ္ဂ ဒီမှာရှိတဲ့ အဖွဲ့တွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ စောစောက ရှေ့နေ ဦးကြည်ဝင်းရယ်၊ ဦးဉာဏ်ဝင်းရယ် အဖွဲ့ အားလုံး ၄ ယောက်၊ သူတို့နဲ့ တွေ့တယ်။ နောက် တရားသူကြီး ဦးသောင်းညွန့်၊ ဦးညီညီစိုးတို့နဲ့ပါ တခါတည်း တွေ့သွားတယ်။”

မစ္စတာ ကင်တားနားဟာ ဒီနေ့ ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေက သံတမန်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မနက်ဖြန် အင်္ဂါနေ့ မနက်စောစောမှာ သွားရောက်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဘူးသီးတောင်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ကို ကြာသပတေးနေ့မှာ ပြန်လည်ရောက်ရှိဖို့ ရှိတယ်လို့ ဦးအေးဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံနိုင်ဖို့အတွက် နေပြည်တော်ကို သွားရောက်ဖို့လည်း စီစဉ်ထားတဲ့အကြောင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်အစိုးရကို မေတ္တာရပ်ခံထားကြောင်း၊ တွေ့ခွင့်ရမရ မသိရသေးတဲ့အကြောင်း၊ သောကြာနေ့မှာ ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားကြောင်းနဲ့ မပြန်ခင် သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေး စနစ်ရယ်၊ ရွေးကောက်ပွဲအပေါ် ဥပဒေကြောင်းအရ သုံးသပ်ချက်တွေကို မစ္စတာ ကင်တားနားကို ဒီနေ့ ရှင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ထဲက တဦးလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ် တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒီနေ့ ညနေ ၃ နာရီကနေ ၄ နာရီအထိ မြရိပ်ညိုဟိုတယ်မှာ တွေ့ပါတယ်။ မစ္စတာ ကင်တားနားနဲ့ သူ့ရဲ့ လက်ထောက် ၂ ယောက်၊ ဒီဘက်က ဦးကြည်ဝင်း၊ ကျနော်၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်ပါ။ ကျနော်တို့ အဓိက ဒီနေ့ပြောခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု၊ မပြီးပြတ်သေးတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေ အယူအဆတွေကို ကျနော်တို့ ပြောခဲ့တယ်။

“နောက်တခုက မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ တရားစီရင်ရေး စနစ်က ကောင်းတယ်။ သို့သော်လည်း လက်တွေ့ ကျင့်သုံးတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်။ ဥပမာအားဖြင့် ကျနော်တို့ ပြောခဲ့တာက Open Court မဟုတ်ဘူး၊ အများပြည်သူ ကြားနာခွင့် မရတဲ့ တရားရုံးတွေ ဖြစ်နေတယ်။ ဆွေမျိုး၊ မိသားစုတောင် လုံးဝ နားထောင်ခွင့် မရဘူး။ အဲဒီအခြေအနေကို ကျနော် ပြောပြခဲ့တယ်။

“နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲလက်မအပ်မီမှာ တချို့ ရက်နဲ့၊ တချို့က လနဲ့ကို ကြာတယ်။ အဲဒီကာလတွေကို အချုပ်အဖြစ် မသတ်မှတ်ဘူး။ အဲဒီလို မသတ်မှတ်တဲ့ ကာလတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အဲဒီလို ခေါ်ယူ ဖမ်းဆီးထားခွင့်ကလည်း ဘယ်ဥပဒေမှာမှ မပေးဘဲနဲ့ ဒါဟာ အလေ့အကျင့်လို ဖြစ်နေတယ်ဆိုတာ ပြောခဲ့တယ်။ အဲဒါတွေပါပဲ၊ ဒီနေ့က။”

ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီးတော့ရော မစ္စတာ ကင်တားနား ဘက်က ဘာတွေ တင်ပြသွားတာမျိုး ရှိပါသလဲ။

“မစ္စတာ ကင်တားနားက ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူခဲ့တဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့ မကိုက်ညီဘူးတဲ့။ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့လည်း မညီညွတ်ဘူးတဲ့။ အဓိက အကြောင်းကတော့ တရားရုံးရဲ့ အမိန့်၊ တရားရုံးရဲ့ စစ်ဆေးမှု မပါဘဲနဲ့ လူတွေကို ချုပ်နှောင်ထားခွင့်ကို အဲဒီ ဥပဒေက ပေးလို့ပါလို့ သူ အဲဒီလို ပြောပြသွားပါတယ်။”

အခု နောက်ဆုံး နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်ချထားတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ရော။

“သီးခြားတော့ အဲဒီလို မပြောဘူး။ ဒီ ၁၈ လ ဆိုတာလည်း အဲဒီအမှုက ပေါက်ဖွားလာတာပဲလေ။ အဲဒီဥပဒေအရ အရေးယူလို့ ပေါက်ဖွားလာတာပဲ။ အဲဒီဥပဒေကိုက နိုင်ငံတကာ အဆင့်အတန်း မရှိဘူး၊ နိုင်ငံတကာ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ နောက် Without Trial တရားရုံးရဲ့ စစ်ဆေး စီရင်မှု မရှိဘဲနဲ့ လူတွေကို ချုပ်နှောင်တာ လုံးဝ မှန်ကန်မှု မရှိဘူးလို့ အဲဒီလို ပြောတာပါ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကင်တားနားက တွေ့ဆုံမယ်လို့ အန်ကယ်တို့ကို ပြောသွားပါလား။

“ဟုတ်ကဲ့၊ ပြောပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ သူ့အစီအစဉ်ထဲမှာ ပါပါတယ်တဲ့။ ခွင့်ပြုချက် ရရင်တော့ သူ တွေ့ရမှာပဲတဲ့။ အဲတော့ သူ့အစီအစဉ်ကတော့ ၁၈ ရက်နေ့မှာတွေ့ဖို့ အစီအစဉ် ဆွဲထားပါတယ်လို့ ပြောသွားပါတယ်။”

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့နဲ့ တွေ့တဲ့အချိန်မှာ ဘာတွေများ ပြောသွားတာ ရှိပါသလဲ။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ မေးခွန်းတခု မေးပါတယ်။ ရွေးကောက်ပွဲပေါ်မှာ ဘယ်လိုသဘောထားလဲတဲ့။ ဆိုတော့ ကျနော် သူ့ကိုပြောပြတယ်။ ၂၀၁၀၊ ၂ လပိုင်းရောက်ပြီ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အစီအစဉ်၊ ဥပဒေ ဘာညာ အခုထိ မသိဘူး၊ ဘယ်သူမှလည်း မသိဘူး။ အကယ်၍ ၂၀၁၀ နှစ်ထဲမှာပဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ လုံးဝ မရှိနိုင်ဘူးလို့ ယူဆတယ်လို့ ကျနော် အဲလိုပြောခဲ့တယ်။”

ရွေးကောက်ပွဲအပြင် အန်ကယ်တို့ တခြား ဆွေးနွေးတာမျိုးရော ရှိပါသလား။

“မရှိပါဘူး။ ကျန်တာကတော့ ကျနော်တို့ တရားရုံးဆိုင်ရာ ကိစ္စတွေကိုပဲ ဆွေးနွေးပါတယ်။”

အခု မစ္စတာ ကင်တားနားနဲ့ အန်ကယ်တို့ ရှေ့နေ ၄ ဦးနဲ့ တွေ့ခွင့်ပေးတဲ့ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုအမြင် ရှိပါသလဲ။

“မစ္စတာ ကင်တားနား အနေနဲ့ ကျနော်တို့ ရှေ့နေများဟာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို နီးနီးစပ်စပ် တွေ့နိုင်တယ် ဆိုတဲ့ အယူအဆနဲ့ ကျနော်တို့ကို တွေ့တာလို့ပဲ မှတ်ယူပါတယ်။”

နော်အုန်းလှကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် စီရင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က ပြန်လွှတ်ပေးဖို့အတွက် ရွှေတိဂုံဘုရားမှာ အပတ်စဉ် အင်္ဂါနေ့တိုင်း သွားရောက် ၀တ်ပြုဆုတောင်းတဲ့ အဖွဲ့မှာ တက်ကြွစွာ ဦးဆောင် ပါဝင် လှုပ်ရှားခဲ့တဲ့ ဒေါ်နော်အုန်းလှနဲ့ တခြား ၃ ဦးတို့ကို ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်နော်အုန်းလှတို့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးကို ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာမှာ ဦးကျော်ဟိုးက အခုလို စပြောပါတယ်။

“ဒီနေ့ ၂ နာရီနဲ့ ၂၅ မိနစ်မှာ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက တရားသူကြီး ဦးအောင်သိန်းက အမိန့်ချလိုက်ပါတယ်။ သူတို့ကို ပြစ်မှု ဥပဒေပုဒ်မ ၅၀၅(ခ) အရ ပြစ်မှုထင်ရှားတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ပေါ့၊ အများဆုံး ပြစ်ဒဏ်ကို ချလိုက်ပါတယ်။”

ဒေါ်နော်အုန်းလှနဲ့အတူ စီရင်ချက် အချခံရတဲ့အထဲမှာ ဘယ်သူတွေ ပါပါသေးလဲ။

“အားလုံးပေါင်း ၄ ယောက်၊ ဒေါ်နော်အုန်းလှရယ်၊ ချိုချိုလွင်ရယ်၊ ချိုချိုအေး ခေါ် မချိုရယ်၊ နောက် စန်းစန်းမြင့်ရယ်။”

အခု စီရင်ချက်ချတာက အင်းစိန်ထောင်ထဲမှာလား၊ အပြင်တရားရုံးမှာလား။

“အင်းစိန်ထောင်ထဲမှာပါ။”

ဒေါ်နော်အုန်းလှတို့ကို သူတို့ ဖမ်းထားတာတော့ ကြာပါပြီ။

“ဟုတ်ကဲ့၊ ၁၀ လပိုင်း ၃ ရက်နေ့ကတည်းက။”

၂၀၀၉ ခုနှစ်၊ ၁၀ လပိုင်းပေါ့နော်။

“ဟုတ်ကဲ့။”

သူတို့ကို စဖမ်းတုန်းက ဘယ်လိုဖမ်းတာလဲခင်ဗျ။ နောက်ကြောင်းလေး နည်းနည်း ပြန်ကောက်ပေးပါလား။

“ဖမ်းတဲ့နေ့က လပြည့်နေ့လေ။ လပြည့်နေ့ဆိုတော့ ဒေါ်နော်အုန်းလှတို့က တောင်ဒဂုံမြို့နယ်မှာ ရှိတဲ့ မကွေး ပရိယတ္တိ စာသင်တိုက်က ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခထံမှာ သွားပြီးတော့ ဆွမ်းချိုင့် ကပ်လှူတယ်။ ကပ်လှူပြီး ပြန်ထွက်လာတယ်။ ပြန်ထွက်လာပြီးတော့ တောင်ဒဂုံကနေ သင်္ဃန်းကျွန်းမြို့နယ်က စံပြဈေးကို ပြန်ရောက်တယ်။ စံပြဈေးကနေ ပြန်အထွက်မှာ ရဲတွေက ဖမ်းပြီး ရှာတယ်။ ရှာတဲ့အခါ ကမ္မ၀ါစာတွေ တွေ့တယ်ဆိုပြီး ဖမ်းသွားတယ်။

“ဖမ်းသွားပြီး တရားစွဲတဲ့ အခါကျတော့ မကွေးကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခကို ကမ္မ၀ါစာ ၄၂ စောင်ကို ဆွမ်းချိုင့်နဲ့အတူ ကပ်လှူခဲ့တယ်လို့ စွပ်စွဲပြီး တရားစွဲတာပေါ့။ အဲဒီလို တရားစွဲ၊ အမှုစစ်ပြီး အမိန့်ချလိုက်တာပေါ့။ အမိန့်ချတဲ့ နေရာမှာလည်း ဒီဆရာတော်ကို နိုင်ငံတော် ဆန့်ကျင်တဲ့ ကမ္မ၀ါစာ ကပ်လှူတယ်ဆိုတာ ပေါ်ပေါက်တယ်၊ ပြစ်မှု ထင်ရှားတယ် ဆိုပြီးတော့ ပြစ်ဒဏ် ချလိုက်တာပဲ။

“ဒီလို ချလိုက်တဲ့အပေါ်မှာ ကျနော်တို့က မကျေနပ်ဘူး။ မကျေနပ်တဲ့ အကြောင်းက တရားရုံးရဲ့ စီရင်ချက်မှာ ဒီလို ကပ်လှူ တယ် ဆိုတာ မျက်မြင်သက်သေလည်း မတင်ပြနိုင်ဘူး။ ပြီးတော့ ကပ်လှူခဲ့တယ်ဆိုတဲ့ ကမ္မ၀ါစာ ၄၂ စောင်ကိုလည်း တရားရုံးကို သက်သေခံအဖြစ် တင်မပြနိုင်ဘူး။ နောက် ကပ်လှူခြင်းခံရတဲ့ ဆရာတော် ဦးပါမောက္ခကိုလည်း တရားလိုပြ သက်သေအနေနဲ့ တင်ပြနိုင်ခြင်း မရှိဘူး။

“ဒါကြောင့် ဒီလို မျက်မြင်သက်သေ မရှိဘူး၊ စာရွက်စာတမ်း အထောက်အထား မရှိဘူး၊ သက်သေပြရမယ့်လူတွေ မပြဘဲနဲ့ ဒီလိုပြစ်ဒဏ်ချတာဟာ ခိုင်လုံမှု မရှိဘူး။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး အယူခံတက်ဖို့ စီစဉ်နေပါတယ်။”

ကမ္မ၀ါစာဆိုတာ တကယ်တော့ တရားစာ၊ ဘုရားစာ မဟုတ်ဘူးလားခင်ဗျ။

“ဟုတ်ပါတယ်။ ကျနော်တို့ အမြင်မှာလည်း ဒီလိုပါပဲ။ ကမ္မ၀ါစာကို ဆရာတော်ကို ကပ်တယ်ဆိုတာလည်း ဘာသာရေးအရ ပြစ်မှုမြောက်တယ်လို့ ကျနော်တို့ မယူဆပါဘူး။ ကမ္မ၀ါစာကလည်း ပါဠိလို ရေးထားတာ။ တော်ရုံတန်ရုံ ပါဠိနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့လူ မဟုတ်ရင်လည်း နားလည်မှာ မဟုတ်ဘူး။ သူတို့ တရားစွဲတဲ့ သတင်းတပ်ဖွဲ့ ရဲအရာရှိ ကိုယ်တိုင်ကလည်း ဒါဖတ်ပြီး သူတို့လည်း အဓိပ္ပာယ် မသိနိုင်ဘူး။

“ဒါ အများပြည်သူကို လှုံ့ဆော်တယ်၊ တဦးတယောက်ကို လှုံ့ဆော်တယ် ဆိုတာလည်း မဖြစ်နိုင်ဘူးပေါ့လေ။ ဒါ အဓိက မကျပါဘူး။ အဓိက ကျနော်တို့က ဥပဒေကြောင်းအရ စဉ်းစားတာက ဒီလို တကယ်ကပ်တယ်၊ မကပ်ဘူးဆိုတာတောင်မှ သက်သေ အခိုင်အလုံ မပြနိုင်ဘဲနဲ့ အပြစ်ပေးထားတာ ကျနော်တို့အနေနဲ့တော့ လက်မခံနိုင်ဘူးပေါ့လေ။”

သင်္ဃန်းကျွန်းဈေးမီးက ရှို့မီးလား

သောကြာနေ့ညက ဆိုင်ခန်း ၆၀၀ ကျော် ပြာကျခဲ့သည့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းဈေး မီးလောင်ကျွမ်းမှုသည် ရှို့မီး ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဈေးသူ ဈေးသားများက သံသယ ဖြစ်နေကြသည်။

ဈေးအတွင်း မည်သူမျှ ၀င်ရောက်ခွင့် မရှိသည့် အချိန်တွင် လောင်ကျွမ်း ခဲ့သည်ဟူသော အချက်က ရှို့မီးဖြစ်နိုင်သည် ဟူသော သံသယကို ကြီးထွား စေသည်ဟု ဈေးသူ ဈေးသားတဦးက ပြောသည်။

သင်္ဃန်းကျွန်းဈေး မီးလောင်ပြင် (ဓာတ်ပုံ - ဧရာဝတီ)

“အဲဒီနေ့က တနေကုန် ဈေးပိတ်တဲ့နေ့။ ဈေးပိတ်တဲ့နေ့ ညကျမှ မီးလောင်တာ” ဟု ဈေးသူ ဈေးသားတဦးက ဆိုသည်။

သင်္ဃန်းကျွန်း ဈေးမီးသည် ၀ါယာရှော့ခ် ဖြစ်ပွားရာမှ စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ အရာရှိ တဦးက ဆိုသည်။

သို့သော်လည်း ဈေးသူ ဈေးသား များကမူ ၀ါယာရှော့ခ် ဖြစ်ခဲ့သည် ဟူသော အချက်ကို အယုံအကြည် မရှိကြပေ။

၅ ပေ ပတ်လည် ဆိုင်ခန်းပေါင်း ၇၀၀ ကျော်ရှိသည့် သင်္ဃန်းကျွန်း ဈေးသည် အ၀တ် အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ် ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအ၀င် ကုန်စည်မျိုးစုံ ရောင်းချခဲ့သော ရန်ကုန်မှ နာမည်ကျော် ဈေးကြီးတခု ဖြစ်သည်။

မီးလောင်မှုကြောင့် ပစ္စည်းများ ဆုံးရှုံးသွားသည့် ဆိုင်ခန်း ပိုင်ရှင်များသည် လျော်ကြေး ရနိုင်သည့် အခြေ အနေလည်း မရှိကြောင်း သိရသည်။

“အဲဒီနေရာမှာ ဈေးပြန် ဆောက်မယ်၊ မဆောက်ဘူး ဆိုတာက တိတိကျကျ မသိရသေးပါဘူး။ မူလ ဆိုင်ပိုင်ရှင်တွေကို နေရာအစား ပြန်ပေးဖို့ မရှိပါဘူး” ဟု မြို့တော် စည်ပင် အရာရှိ တဦးက ဆိုသည်။

ဆိုင်ခန်း ပိုင်ရှင်များသည် မီးအာမခံ ပြုလုပ်ထားခြင်း မရှိဟု သိရသည်။

“ဘယ်ဆိုင်ခန်းမှ မီးအာမခံ မရှိပါဘူး။ လျှော်ကြေးပေးဖို့ မရှိပါဘူး” ဟု မြန်မာ့ အာမခံ လုပ်ငန်းမှ အငယ်တန်း အရာရှိ တဦးက ဆိုသည်။

မီးလောင်ကျွမ်းမှု မဖြစ်ခင်ကပင် သင်္ဃန်းကျွန်း ဈေးသာမက ရန်ကုန်မြို့ပေါ်ရှိ ဈေးများကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (မြို့တော်စည်ပင်) က ပြုပြင် တည်ဆောက်မည် ဟူသော သတင်းများ ထွက်ပေါ်လျက် ရှိသည်။

“ဈေးတခုလုံး ပြာကျသွားတော့ သူတို့ (မြို့တော် စည်ပင်) လုပ်ချင်တာ လုပ်လို့ ရပြီပေါ့” ဟု အထည်ဆိုင် ပိုင်ရှင်တဦးက ဆိုသည်။

အာဏာပိုင်တို့က သင်္ဃန်းကျွန်းဈေး မီးလောင်မှုနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မပြုသေးပေ။

(ဧရာဝတီက တင်ထားတာလေးဗျ....ခေါင်းစဉ်က မေးခွန်းလေးနဲ့....ဒီမေးခွန်းကို ဘယ်သူတွေက ဘယ်လိုဖြေကြမလဲဆိုတာကတော့......အင်း.......အင်း....အင်းပေါ့ဗျာ)

ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု ဦးတင်ဦးပြောကြား

ဖေဖော်ဝါရီ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ည (၁၀) ခန့်တွင် သွားရောက်တွေ့ဆုံ စကားပြောဆိုခဲ့သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းကာ ဦးဝင်းတင်၏ ပြန်လည်ပြောကြားချက်များကို တင်ပြထားပါသည်။

ပထမဆုံး ကျနော်ပြောချင်တာကတော့ သူ့ကျန်းမာရေးအခြေအနေကောင်းပါတယ်တဲ့။ သူ့မှာ မျက်စိထဲကနေ သွေးယိုတာပေါ့ဗျာ။ အဲဒါရှိတာက အပ သူ့ကျန်းမာရေး ကောင်းပါတယ်တဲ့။ ကျနော်လည်း ၀မ်းသာရတာပေါ့ဗျာ။

နောက်တခုက သူပြင်ပနိုင်ငံရေးတွေနဲ့ပတ်သက်ပြီး in touch ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ စလောင်းတို့ဘာတို့ ရှိနေတဲ့အခါကျတော့ ပြည်သူလူထုက လွှင့်တဲ့ဟာတွေရော၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့ ဘာတို့က လွှင့်တာတွေရော မပြတ်နားထောင်နေပြီးတော့ ပြည်ပနိုင်ငံရေးကို သိရှိနေပါတယ်တဲ့။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကိုလည်း သူကောင်းကောင်းသဘောပေါက်တယ်လို့ ပြောသွားပါတယ်။ ဦးတင်ဦးဟာ နိုင်ငံရေးနဲ့ မပြတ်မလပ် မကင်းမကွာ ရှိနေတယ် ဆိုတာ သိရပါတယ်။

နောက်တခုက သူ ဒီပဲယင်းကိစ္စကို တော်တော်များများပြောပါတယ်။ ဒီပဲယင်းမှာ သူပုန်သတ်ဖြတ်မှုကြီးကို ကျော်လွှားတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ နှစ်ယောက် ရှိတာကိုး။ သူ့ရဲ့သုံးသပ်ချက်က ဘာလဲဆိုတော့ ဒီ ဒီပဲယင်းဖြစ်ရပ်ဟာ အမှန်တော့ နိုင်ငံရေးလှုပ်ကြံမှုပဲတဲ့။ ဘာလို့လဲဆိုတော့ သူတို့ ရန်ကုန်၊ မန္တလေး၊ မုံရွာတို့ကို ကျော်ဖြတ်လိုက်တဲ့အခါကျတော့ ဘာသွားတွေ့သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ စာတမ်းတွေ၊ နယ်ချဲ့လက်ကိုင်တုတ်တို့ ပုဆိန်ရိုးတို့ ဆိုတဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေ၊ စာတမ်းတွေ ကိုင်ဆောင်ပြီးတော့ ကြံ့ဖွံ့တွေက ကန့်ကွက်ကြတယ်ပေါ့။ ကန့်ကွက်ပေမယ့်လို့ ဒီမြို့သုံးမြို့ကို ကျော်ဖြတ်လိုက်တဲ့အခါကျတော့ သူဘာသွားသတိထားမိလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရတိုင်း အဲဒီအဖွဲ့အစည်းရဲ့နောက်မှာ တယောက်မှ မရှိလောက်အောင် ဒေါ်အောင်ဆန်းစုကြည်ဘက် ပါလာတယ်တဲ့၊ နောက်တခါ အဖွဲ့ထဲက အဖွဲ့ဝင်များကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်နောက်ကို လိုက်လာတယ်။ လူငယ်တွေ ကျောင်းသားတွေဆိုတာကို သူတို့ အကြောင်းအမျိုးမျိုးနဲ့ စည်းရုံးပြီး ခိုင်းစေထားသော်ငြားလည်း အဲဒီ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ထဲမှာ ပါနေတဲ့ လူငယ်တွေကိုက လိုက်လာကြတယ်ဆိုတာ သူတွေ့တယ်ပေါ့၊ ဒါက သူရဲ့ သုံးသပ်ချက်ပေါ့။

အဲဒီအချိန်ကစပြီး ကြံ့ဖွံ့ဆိုတဲ့ စစ်အစိုးရက ခိုင်းစေထားတဲ့ လက်ကိုင်တုတ်များဖြစ်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံရေးအရောင်ပြများ၊ လူမှုရေးအရောင်ပြ အဖွဲ့အစည်းရဲ့ အင်အားတွေဟာ အကုန်လုံးပြိုဆင်းသွားတယ်လို့ သူက သတ်မှတ်ပါတယ်။ ဒါက အရေးကြီးတဲ့ သုံးသပ်ချက်လို့ ကျနော် သဘောထားတယ်။

ဒီလို ပြိုဆင်းသွားတာကို သူတို့မြင်သွားတဲ့အခါမှာ ဒီပဲယင်းလိုနေရာမျိုး ညဖြတ်ရမယ့်နေရာမျိုးမှာ နိုင်ငံရေးလုပ်ကြံမှု၊ အကြမ်းဖက်မှုကို လုပ်တော့မယ်လို့ ဆုံးဖြတ်တယ်လို့ သူထင်မြင်ယူဆတယ်ပေါ့။ ဒါကတခုပေါ့၊ ဒီပဲယင်းရဲ့ အကြောင်းရင်းခံပေါ့။

နောက်တချက်က ဒီပဲယင်းမှာ အကုန်လုံးဝိုင်းရိုက်ကြတယ်။ လမ်းတလျှောက်လုံးကြားလာခဲ့ရတဲ့ ကြွေးကြော်သံတွေကိုပဲ မှောင်ထဲမည်းထဲမှာ ကြားရတယ်။ ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကိုလည်း ရိုက်တယ်။ သူ့ကားကိုလည်း ရိုက်တယ်။ အဲဒီအခါမှာ သူ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတယ်။ လွတ်ရာကျွတ်ရာကို သွားပါလို့ ဆိုတာကို မသွားဘူးလို့ ပြောတယ်တဲ့။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီးအရိုက်ခံရတယ်။ အဲဒီအချိန်အခါမျိုးမှာ ကျမထွက်မသွားနိုင်ဘူး ဆိုပြီး အကြိမ်ကြိမ်ငြင်းတယ်။ အဲလို ငြင်းနေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကားဘေးမှာ မတ်တတ်ရပ်နေတဲ့ လူငယ်တွေလည်း အရိုက်ခံရတယ်။ အကုန်လုံး ၀ရုန်းသုံးကားဖြစ်သွားတဲ့အခါကျတော့ အဲဒီမှာ သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကားမောင်းတဲ့ ကလေးတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်လိုက်တာပဲတဲ့။ အတင်းဖြစ်တဲ့နည်းနဲ့ ဖြတ်သန်းမောင်းသွားရတယ်ပေါ့။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသတ္တိ၊ ဓမ္မသတ္တိကိုလည်း သူချီးမွမ်းတယ်တဲ့။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဓမ္မဘက်မှာ ရပ်တည်နေတဲ့ စိတ်ဓာတ်ကြောင့်လည်း ကျော်ဖြတ်နိုင်တာ ဖြစ်တယ်လို့လည်း သူသုံးသပ်ပါတယ်။

နောက်သူကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်သွားပြီဆိုတဲ့အခါကျမှ သူ့ကားလည်း မောင်းသွားရတယ်။ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်သူတွေနဲ့ သူကိုယ်တိုင်ရင်ဆိုင်ခဲ့ရတယ်။

အဓိကအရေးကြီးဆုံးကတော့ ဒီပဲယင်းကို သူက (၁) ကြံ့ဖွံ့လိုဟာမျိုးတွေ ဆိုးဝါးတဲ့ဟာ၊ (၂) ကတော့ ဒါဟာ နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် ပါးစပ်က ပြောတာ ကြားရပါတယ်။

နောက်တခုက ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပတ်သက်လို့ ပါတီရဲ့မူဝါဒဖြစ်တယ်၊ ပါတီရဲ့တောင်းဆိုချက်တွေ ဖြစ်တယ်လို့ သူသတ်မှတ်တယ်။ ဒါကို တစုံတရာ အကြောင်းပြန်ခြင်း မရှိသရွေ့ကာလပတ်လုံး ဒီမူပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်သွားမယ်လို့ ပြောပါတယ်။

နောက်တခု အရေးကြီးတဲ့တချက်က လူငယ်တွေနဲ့ပတ်သက်ပြီး သူ့စကားထဲမှာပါလာတဲ့ကိစ္စက ကျနော် အမှန်အတိုင်း ပြောရမယ်ဆိုရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ဆိုတဲ့ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေတာ မကြိုက်ဘူးတဲ့။ အမြန်ဆုံး သူတို့လွတ်မြောက်ရေးကိုလည်း ကျနော်တို့ ဖော်ထုတ်ဆောင်ရွက်ပေးရမှာပဲတဲ့။ ဘာလို့လည်းဆိုတော့ လူငယ်တွေဟာ ရှစ်လေးလုံးကာလ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျနော်အသိအမှတ်ပြုတယ်တဲ့။ သူကိုယ်တိုင်က အငြိမ်းစားယူပြီး အိမ်မှာထိုင်နေတဲ့အချိန်၊ အဲဒီအချိန်မှာ ကျောင်းသားလူငယ် လှုပ်ရှားမှုတွေ၊ လူထုကြီးကနေပြီးတော့ သူ့ကိုချဉ်းကပ်လာပြီးတော့ သူ့ကို နိုင်ငံရေးလောကထဲ ပြန်ခေါ်သွားတယ်၊ နိုင်ငံရေးစင်မြင့်ပေါ် ပြန်တင်ပေးတယ်ဆိုတဲ့ အနေအထားရှိတယ်တဲ့။ ဆိုတော့ ဒီလူငယ်တွေရဲ့ ကြိုးပမ်းမှုတွေ လူငယ်တွေရဲ့ အားထုတ်မှုတွေ၊ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို ကျနော်တို့ အသိအမှတ်ပြုရမှာပဲတဲ့။ သူတို့ခံစားနေရတဲ့ ဒုက္ခ သုက္ခတွေကိုလည်း အမြန်ဆုံးပြေငြိမ်းအောင် လုပ်ရမှာပဲလို့ သူက ပြောပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျနော်ကလည်း သူ့ကို ပြောပါတယ်။ ဥက္ကဋ္ဌကြီး ကျနော်လည်း ဒီအတိုင်းပဲ သဘောထားပါတယ်။ ကျနော့်ကိုယ် ကျနော်လည်း အရေးတော်ပုံတပ်သားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခံယူပြီးတော့ လုပ်နေပါတယ်။ အရေးတော်ပုံကို ကျနော်တန်ဖိုးထားတဲ့အတွက် ဒေါ်စုနဲ့ကျနော် ပြောဖူးတဲ့စကားရှိပါတယ်။ အဲဒါဘာလဲဆိုရင် ကျနော်တို့ပါတီဟာ အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ပါတီ ဖြစ်တယ်။ ဒေါ်စုကိုယ်တိုင်၊ ဦးတင်ဦးကိုယ်တိုင်၊ ကျနော်တို့ကိုယ်တိုင်ဟာ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်မျိုးဆက်များ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့များ ရွေးကောက်ပွဲတွေ ဘာတွေများဝင်ကြမယ်။ နောက်တခါ လူထုက တင်မြှောက်တဲ့အတွက် အစိုးရအဖွဲ့လိုမျိုးဖြစ်မယ်ဆိုရင် ကျနော်တို့ စဉ်းစားရမှာ (၃) မျိုးရှိပါတယ်။ ပထမက ဘာလဲဆိုရင် ကျနော်တို့အဖွဲ့ချုပ်ရဲ့ အာဏာပိုင်အဖွဲ့ဖြစ်တဲ့ စီအီးစီအဖွဲ့လိုမျိုး သို့မဟုတ် စီစီအဖွဲ့လိုဟာမျိုးဟာ ကျနော်တို့အရေးတော်ပုံမှာ ပါဝင်တဲ့ပုဂ္ဂိုလ်များနဲ့ အခြေခံပြီးတော့ ဖွဲ့ရလိမ့်မယ်။ အကယ်၍ အရေးတော်ပုံမှာ ရှေ့တန်းကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တာမဟုတ်တောင်မှ တစုံတရာပါဝင်မှု ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းရမယ်။ အနည်းဆုံး ဒီအရေးတော်ပုံ ထောက်ခံတဲ့သူတွေ ဒီအရေးတော်ပုံရဲ့ ရည်မှန်းချက်များကို လက်ခံတဲ့သူတွေနဲ့ ကျနော်တို့ ဖွဲ့စည်းရမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လိုဟာမျိုးက အရေးတော်ပုံတပ်သားတွေနဲ့သာ ဖွဲ့စည်းရမယ်။ အရေးတော်ပုံမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့သူတွေနဲ့သာ ဖွဲ့စည်းရမယ်၊ အရေးတော်ပုံ ရည်မှန်းချက်များကို လက်ခံတဲ့သူများနဲ့သာ ဖွဲ့စည်းရမယ်။

ဒုတိယ အချက်ကတော့ လွှတ်တော်လိုဟာမျိုး၊ ရွေးကောက်ပွဲလိုဟာမျိုး လုပ်တဲ့အခါမှာလည်း ဘာပဲပြောပြော အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့သူတွေ၊ ဦးဆောင်လှုပ်ရှားခဲ့တဲ့သူတွေနဲ့သာ ကျနော်တို့ ကျင်းပဖို့လိုမယ်။ နောက်တချက်ကတော့ ကျနော်တို့ အာဏာတို့ ဘာတို့ရခဲ့သော် သို့မဟုတ် ပြည်သူကလွှဲအပ်လို့ ကျနော်တို့ အစိုးရအဖွဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ရမယ် ဆိုရင်လည်း အဲဒီအစိုးရလိုဟာမျိုးဟာ အရေးတော်ပုံကက်ဘိနက်ပဲ ဖြစ်ရလိမ့်မယ်လို့ ကျနော်ဆွေးနွေးခဲ့ဖူးတဲ့အကြောင်း သူ့ကိုလည်း ပြောပြပါတယ်။

နောက်ဆုံးအချက်အနေနဲ့ သူပြောတဲ့ဟာကတော့ သူရဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သဘောထားပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်ကို ခိုပြီးတော့ နိုင်ငံရေးလုပ်နေတာပဲ ဆိုတဲ့စကားကို၊ ဒါလည်း သူအလွန် နှိမ့်နှိမ့်ချချနဲ့ ပြောတာတခုဖြစ်တယ်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လုံးဝဥဿုံ ခံယူတယ်ဆိုတဲ့ဟာကို ကမ္ဘာသိကို ကြေညာလိုက်တာပဲ။ ဒါက သူဘီဘီစီမှာပြောတဲ့စကားလည်း ပါတာကိုး။ ဒါကြောင့် ကျနော်က ဥက္ကဋ္ဌရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံရေးရိုးသားမှုရှိတယ်၊ နိုင်ငံရေးအမြော်အမြင်ရှိတယ်၊ ခေါင်းဆောင်တင်ရမယ့်လူကို ခေါင်းဆောင်တင်ရမှာပဲဆိုတဲ့၊ ခေါင်းဆောင်သွားတဲ့နောက်ကို လိုက်ရမှာပဲဆိုတာကို ထွန်းလင်းပြတဲ့ သဘောဆောင်တယ်လို့ ကျနော်ယူဆပါတယ်။

ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရထားတာဟာ ဗုဒ္ဓဘာသာစကားနဲ့ပြောရင် ဗုဒ္ဓဘာသာ ဒေသနာကျမ်းတွေမှာ သုံးလေ့သုံးထရှိတဲ့စကားနဲ့ ပြောရင် အတော်ကို အရတော်တယ်လို့ ငါတို့ဘ၀မှာ အရတော်လေစွလို့ပဲ ပြောရမှာပဲလို့ ကျနော်ပြောခဲ့ပါတယ်။

ခေတ်ပြိုင်မှာတင်ထားတာလေးကို ပြန်လည်မျှဝေပေးလိုက်တာပါ....ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးတို့ရဲ့ မုံရွာခရီးစဉ်ကို ကိုယ်တိုင်ကြုံခဲ့ရသူမို့ အဲဒီအချိန်က အဖြစ်အပျက်တချို့ကို နောက်ပိုင်းမှာ ပြန်ရေးတင်ပါဦးမယ်...

Saturday, February 13, 2010

ဦးတင်ဦး ပြန်လွတ်ပြီ

နေအိမ် အကျယ်ချုပ် ကျနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဦးတင်ဦးကို အာဏာပိုင်တို့က ယနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။

u-tinoo
၇ နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရသည့် ဦးတင်ဦးက နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နေအိမ်သို့ ရောက်ရှိလာသည့် သတင်းထောက်များကို ပြောသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲ၍ အစိုးရအာဏာပိုင်များက နှစ်စဉ် သက်တမ်းတိုး၍ ဆက် လက်ထိန်းသိမ်းခဲ့သည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က ဦးတင်ဦးကို ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြား ထားသည်။

ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch- HRW)ကလည်း ဦးတင်ဦး သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည့်အတွက် လွှတ်ပေး ရမည် ဖြစ်ကြောင်း ယမန်နေ့က တောင်းဆို ထားသည်။

copy by irrawaddy

လူထုနှင့် အန်အယ်လ်ဒီအခြေအနေ

ဦးဝင်းတင်နှင့်တွေ့ဆုံမေးမြန်းခန်း

မင်းနိုင်သူ- ဧပြီ/၃/၂၀၀၉

(ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် အန်အယ်လ်ဒီမှ ကြေညာချက်အမှတ် (၁/၀၁/၀၉) ကို ထုတ်ပြန်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူ ဖွဲ့စည်းပေးရန်၊ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများပြန်လွှတ်ပေးရန် စသည့်တောင်းဆိုချက်များပါသည့် တောင်းဆိုချက် (၇) ရပ်ကို ထုတ်ပြန်ခဲ့ပြီး လူထုကိုလည်း ပူးပေါင်းပါဝင်ကြရန် ပန်ကြားခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီး နှစ်လတာအတွင်း မည်သည့်အတိုင်းအတာအထိ သက်ရောက်မှုရှိနေပြီဆိုသည်ကို ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူက အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။)


မေး။ ။ ဇန်န၀ါရီ (၄) ရက်က အန်အယ်လ်ဒီပါတီဘက်ကနေ ကြေညာချက်အမှတ် ၁/၂၀၀၉ ကိုထုတ်ပြန်ပြီး အချက် (၇) ချက် တောင်းဆိုခဲ့ပါတယ်ခင်ဗျ။ ဒီတောင်းဆိုမှုတွေကိုလည်း လူထုကို ထောက်ခံဖို့ မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။ လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေလည်း စခဲ့ပါတယ်။ အခု ဒီတောင်းဆိုမှုဟာ နှစ်လရှိခဲ့ပြီဆိုတော့ လူထုရဲ့ ထောက်ခံမှုက ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အဲဒါလုပ်တုန်းပဲဗျ။ မမှန်သေးဘူးဗျ။ တချို့ဟာတွေက မပို့နိုင်သေးဘူး။ ကျနော်တို့် CEC ကို တက်မလာသေးဘူး။ လူငယ်တွေက လုပ်နေတာဗျ။ နယ်တွေမှာတော့ တော်တော်များများတော့လုပ်ကြတယ်။ တချို့နယ်တွေမှာဆိုရင် ငါးထောင်လောက်စုမယ်ဆိုပြီး လုပ်တဲ့ဟာတွေရှိတယ်။ ဆိုတော့ အဲဒါတော့ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ကျနော်တို့ကောင်းကောင်းတော့မသိဘူးဗျ။ ဒါကို လူငယ်ကို လုံးဝလွှဲထားလိုက်တာကိုး။ လူငယ်ရဲ့ movement လိုဖြစ်နေတာပေါ့။ သူတို့ဆီမှာပဲ စာရင်းအင်းတွေရှိတယ်။

မေး။ ။ ကျနော်တို့ကြားသိရသလောက်ပေါ့လေ။ တချို့နယ်တွေမှာတော့လည်း ဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို မသိကြဘူး။ မြို့နယ်ထဲမှာလည်း မကြားမိပါဘူးဆိုပြီး ပြောနေကြတာတွေရှိပါတယ်။ ဆိုတော့ လုပ်နိုင်မှုအတိုင်း အတာ ဘယ်လောက်ထိရှိပါသလဲခင်ဗျ။

ဖြေ။ ။ အဲဒါ လုပ်တော့လုပ်နေကြပါတယ်။ အဖွဲ့အစည်းထဲမှာ တချို့လူတွေက သိပ်ပြီးမလုပ်ချင်တဲ့ဟာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ထပ်ပြီးတော့ မေးတော့ မေးပါမယ်ဦးဗျာ။ အခုဟာက လူငယ် movement အနေနဲ့ လူငယ်တွေကို လွှဲပေးထားတာကိုး။ CEC ကို သူတို့က မတင်သေးဘူးလေ။ ကျနော်တော်ထင်တယ်ဗျာ။ အခုကိစ္စကတော့ တချို့နယ်တွေမှာလည်း စိုးရိမ်စိတ်တွေ ရှိနေကြတယ်ဗျ။ ဒါကြောင့် ခင်များတို့မေးလိုက်တဲ့ လူတချို့က လှီးလွဲပြီး ပြောလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူငယ်ကတော့ လုပ်တော့လုပ်နေတယ် ဗျ။ တချို့နေရာတွေမှာတော့ တော်တော်ထက်ထက်သန်သန်လုပ်တယ်ပေါ့ဗျာ။ တချို့နေရာတွေမှာတော့ လျော့တယ်ပေါ့။ ဒီလိုလည်း ရှိမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ ။ ဒီလိုလက်မှတ်ကောက်ယူမှုတွေ လုပ်ပြီးတဲ့အခါမှာ ဒီဟာတွေကို အန်အယ်လ်ဒီဘက်က ဘယ်လိုစီမံသွားမှာပါလဲ ခင်ဗျ။

ဖြေ။ ။ နောက်ဆုံးမှာ ကုလသမဂ္ဂကို ပို့မယ်လို့ ရည်ရွယ်ထားတယ်ခင်ဗျ။ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ဆိုတာ ခဏခဏတောင်းဆိုခဲ့တဲ့ဟာ။ နိုင်ငံအတော်များများကလည်း တောင်းဆိုနေတဲ့ဟာ။ ဆိုတော့ ဒီကိစ္စကတော့ရှိနေမှာပဲဗျ။ ဒီကိစ္စဟာ အခုမှစတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ လူငယ်တွေလည်း လုပ်ငန်းရှိအောင်၊ လူငယ်လှုပ်ရှားမှုတွေလည်း လုပ်ပါစေဆိုပြီး ကျနော်တို့က တိုက်တွန်းလိုက်တာ။ တကယ်တော့ ကျနော်ထင်တယ်။ ပြည်တွင်းမှာလည်း ဒီကိစ္စလုပ်ရတာ အခက်အခဲရှိတယ်။ နယ်တွေမှာလည်းဗျာ လူထုကို ခြိမ်းခြောက်မှုတွေ၊ ကန့်သတ်မှုတွေ၊ အကျပ်ကိုင်မှုတွေက တော်တော်များတယ်ဗျာ။ တော်တော်ကို ပြင်းထန်တယ်ဗျာ။ အခုလို ရွေးကောက်ပွဲနီးလာချိန်မှာ သူတို့ဟာသူတို့လုပ်ပါစေ။ အစိုးရက ကြားနေမယ်ဆိုတာမျိုး ဆိုရင်တော့ တမျိုးဗျ။ အခုဟာ သူတို့ကိုယ်တိုင်ကနေပြီးတော့ (၂၅) ရာခိုင်နှုန်း ယူထားရုံတင်မကသေးဘူး ပြိုင်ဘက်ပုံစံမျိုးလုပ်နေတော့။ ပြည်တွင်းမှာ အကျပ်အတည်းတွေက ပိုများလာတယ်ဗျ။ ဗိုလ်သန်းရွှေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်တာ။ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်တာ။ အပြတ်ပြောတဲ့ပုံစံမျိုးတွေ ပြောလာတဲ့အခါကျတော့ လူထုကြားထဲမှာ တော်တော်ကို ခက်တဲ့ အနေထားမျိုးတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ နောက်ပိုင်း သူတို့ကပါဝင်ပတ်သက်ရတော့မယ့် လူတွေမဟုတ်ဘူးဗျ။ မပါဝင်မပတ်သက်ရင် တမျိုးပေါ့။ အခုဟာ သူတို့က (၂၅) ရာခိုင်နှုန်းယူထားတဲ့အပြင် ပါဝင်ပတ်သက်တဲ့လူ။ အခု သူတို့ပါတီတွေ ထောင်ကြမယ်ဗျာ။ နောက်တခါသူတို့ရဲ့ တသီးပုဂ္ဂလအင်အားတွေကို စုနေတယ်ဗျာ။ ဆိုတဲ့အခါကျတော့ နိုင်ငံရေးကို ဘက်ပေါင်းစုံကနေ ထိုးနေတာဗျ။ အဲဒါတွေအတွက်လည်း လှုပ်ရှားမှုတွေအတော်များများ သူတို့က လုပ်တယ်ဗျ။ ကျနော့်အထင်တော့ တပြည်လုံးအတိုင်းအတာနဲ့ အကြီးအကျယ်လုပ်ဖို့ဆိုတာထက် တိုင်းနဲ့ ပြည်နယ်တွေမှာ group လိုက် group လိုက် ပါတီတွေထောင်ဖို့ လုပ်မယ်။ အဲဒီပါတီလေးတွေက တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ စည်းရုံးနိုင်အောင် လုပ်မယ်။ နောက်တခုကတော့ တသီးပုဂ္ဂလတွေကို စည်းရုံးပြီးတော့ တသီးပုဂ္ဂလတွေကို ပါတီဝင်ခိုင်းတာတွေလုပ်မယ်။ ဟိုတနေ့ကကြားလိုက်ပါတယ် UMFCCI က လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်ခြင်းမပြုရဆိုတဲ့ စည်းမျဉ်းတွေ၊ constitution တွေကိုလည်း သူတို့ ပြင်လိုက်ပြီဗျ။ အဲဒီလို တသီးပုဂ္ဂလတွေကို လုပ်ခြင်းအားဖြင့်ပေါ့ဗျာ။ စီးပွားရေးသမားတွေ၊ ရပ်မိရပ်ဖတွေကို အတိုက်အခံအင်အားစုဘက် ယိုင်မသွားအောင် သူတို့က သိမ်းကျုံးသွင်းနေတာဗျ။ ဆိုတော့ ကျနော်ပြောချင်တာက ပြည်တွင်းမှာ တော်တော်ကို ကျပ်တည်းတယ်ဗျ။ စောစောက လက်မှတ်ထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် နယ်တွေမှာလည်း ခြိမ်းခြောက်မှု တွေရှိတယ်။ ဒါတွေကိုသူတို့မကြိုက်ဘူး။ ဒီလက်မှတ်ထိုးတဲ့ campaign မျိုးကို သူတို့က တော်တော်ကို မကြိုက်တာပါ။ နယ်တွေမှာလည်း အကျပ်အတည်းကြားက လုပ်နေကြပါတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အာဏာပိုင်တွေဘက်က ဒီလိုဖိနှိပ်မှုတွေကလည်း ရှိနေတယ်ပေါ့လေ။ တဘက်မှာကလည်း ကျနော်တို့ ကြားသိရသလောက်က လူထုစီးပွားကျဆင်းလာနေပါတယ်။ လူထုကြားထဲမှာ အစိုးရအပေါ် မကျေနပ်ချက်တွေကလည်း များနေပါတယ်။ ဒီလိုအချိန်မှာ အန်အယ်လ်ဒီဘက်က လူထုအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်မှုတွေ ပေးနိုင်မလဲခင်ဗျ။

ဖြေ။ ။ ဒီလိုရှိတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သာမန်အားဖြင့် ပြောမယ်ဆိုရင် ဒီလိုအချိန်မျိုး လူထုအတွင်းမှာ မကျေနပ်မှုတွေ များနေချိန်မျိုးမှာ နိုင်ငံရေးအဖွဲ့အစည်းတခုဟာ လှုံ့ဆော်၊ လှုပ်ရှားတဲ့ ပုံစံမျိုးနဲ့ သွားဖို့ ကောင်းတယ် ပေါ့ဗျာ။ သို့သော် ဖြစ်နေတာက အန်အယ်လ်ဒီအနေနဲ့က အဲလိုလုပ်လို့က ရနိုင်တဲ့ အနေအထားမှာ မရှိဘူးဗျ။ လူထုမှာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အဖွဲ့အနေနဲ့ တော်တော်လှုပ်ရှားရတာခက်ပါတယ်။ အန်အယ်လ်ဒီမှာရှိတဲ့ ခေါင်းဆောင်ပိုင်းကလည်း policy-making approach လို့ ခေါ်တာပေါ့ဗျာ။ ဒီပုံစံနဲ့ ကုလသမဂ္ဂကိုပြောမယ်။ အခါအားလျော်စွာပေါ်ပေါက်လာတဲ့ နေ့တွေမှာ တောင်းဆိုချက်တွေထုတ်တာ။ ဒီလိုဟာတွေပဲများနေတယ်။ တကယ့်ကို activity ဖြစ်တဲ့ လူထုကြားထဲ တိုးဝင်ပြီးတော့ လူထုကို လှုံ့ဆော်လှုပ်ရှားတဲ့ approach မျိုးက တော်တော်ကို အားနည်းတယ်ဗျာ။ ကျနော့်သဘောကတော့ အဲလိုလှုပ်ရှားရတာ ၀ါသနာပါလည်းပါတယ်။ လုပ်လည်းလုပ်ချင်တယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ နောက်ထပ်အချိန်သိပ်မရှိဘူး။ ကျနော်တို့မှာ policy-making ပုံစံနဲ့ ဆက်သွားဖို့ဆိုတာလည်း ကုန်နေပြီဗျ။ လက်ကုန်နှိုက် ပြီးပြီ။ ဘာမှ သိပ်မထူးခြားဘူး။ ဥပမာဆိုပါတော့ အခါအားလျော်စွာပေါ်လာတဲ့ အမေရိကန်ရဲ့ change လိုဟာမျိုး အဲလိုဟာမျိုးလောက်ပဲကြည့်ပြီး တော့ ကျနော်တို့က တိုက်တွန်းဖို့ လှုံ့ဆော်ဖို့ ဒီလောက်ပဲရှိတယ်။ ဒီလို တိုက်တွန်းနေရုံနဲ့ အခါအားလျော်စွာ တောင်းဆိုချက်တွေထုတ်နေရုံနဲ့တော့ သိပ်မထူးဘူးလို့ ကျနော့်သဘောအရတော့ မြင်တယ်ပေါ့ဗျာ။ သို့သော် ခက်တာက အဖွဲ့အစည်းရဲ့ ပုံသဏ္ဌာန်ဆိုတာက အဖွဲ့အစည်းမှာ အများရဲ့ဆန္ဒကို လွန်ဆန်လို့မရဘူးလေ။ အများနဲ့ ညှိနှိုင်းပြီးလုပ်ကြရတာလေ။ ကျနော်တို့ကတော့ တိုက်တွန်းနေတယ်။ နည်းနည်းတော့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ က dynamic ဖြစ်ဖို့ကောင်းတယ်။ dynamic ဖြစ်ဖို့ တိုက်တွန်းနေပေမယ့်လို့ ကျနော်ကိုယ်တိုင်ကလည်း အသက် (၈၀) ဖြစ်နေတဲ့အခါကျတော့ ကျနော်ကိုယ်တိုင်ကလည်းပဲ သိပ်ထက်ထက်သန်သန်ကြီး ဦးဆောင်နိုင်တဲ့ အနေအ ထားမှာမရှိတာတော့ အမှန်ပဲဗျ။ သို့သော် ကျနော်လူကြီးတွေကိုလည်း တိုက်တွန်းနေတဲ့အခါမှာ သူတို့ကလည်း သူတို့ဘက်ကနေ ကျနော်တို့မသိတဲ့ နှစ်ပေါင်းနှစ်ဆယ်လောက် ကာလ အတွေ့အကြုံတွေ ဘာတွေပြောပြတယ်ပေါ့ ဗျာ။ ဆိုတော့ကာ သူတို့ကလည်း ဒီသူတို့တွေ့ကြုံထားရတဲ့ အတွေ့အကြုံခွင်ထဲက မထွက်ချင်ဘူး။ ကျနော်တို့က လည်း ဘယ်လိုဖြစ်လဲဆိုတော့ တိုက်ပွဲခွင်ထဲ ၀င်ချင်တယ်ပေါ့ဗျာ။ အဲလို အနေအထားမှာရှိတယ်ဗျ။ အဲဒါကို အစိုးရကနေ အမှန်အတိုင်းပြောရရင် ကျနော်တို့ကို လွှတ်လိုက်တာဟာ ကျနော်ထင်တယ် အန်အယ်လ်ဒီဘက်မှာ အကွဲအပြဲဖြစ်အောင် လုပ်ချင်တဲ့ သဘောရှိပုံပေါ်တယ်ဗျ။ စေတနာလေးရှိပုံပေါ်တယ်။ ဒါမို့ ကျနော်တို့က စိတ်ထိန်းရတယ်။ တတ်နိုင်သမျှ စိတ်ထိန်းပြီးတော့ ဒီလူကြီးတွေပေါ့ဗျာ။ သူတို့မှာလည်း အတွေ့အကြုံရှိပါတယ်။ သူတို့အတွေ့အကြုံတွေကလည်း အဖိုးတန်တယ်လို့လည်း ပြောနိုင်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် အခက်အခဲ တွေကြားက ရပ်ခဲ့ကြရတာကိုး။ သူတို့တွေ စဉ်းစားနိုင်သလို ကျနော်တို့လည်း စဉ်းစားနိုင်ပါတယ်။ ကျနော်တို့လည်း စစ်ဗိုလ်မှ မဟုတ်ဘဲကိုး။ ကျနော်တို့လည်း သတင်းစာမှာလုပ်လာခဲ့တဲ့အတွက် နိုင်ငံရေးအနုစိတ်ကိစ္စများမှာ စဉ်းစားနိုင်တဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ သို့သော် တဘက်မှာလည်း တိုင်းပြည်မှာ ဒီလိုငြိမ်ခံနေလို့တော့ မဖြစ်ဘူးဆိုပြီးတော့လည်း ကျနော်တို့က ယူဆတယ်ပေါ့ဗျာ။ အခုလက်ရှိ အန်အယ်လ်ဒီရဲ့ အနေအထားက လုပ်ဖို့ကောင်းတာက အခုခင်များတို့ မေးသလိုပေါ့ဗျာ။ လူထုကို ဦးဆောင်နိုင်ဖို့လိုတယ်။ လှုံ့ဆော်နိုင်ဖို့လိုတယ် ဆိုတာမျိုးတွေ လုပ်ဖို့ကောင်းတယ်။ အန်အယ်လ်ဒီဟာ တစုံတရာဦးဆောင်မှုပေးနိုင်ရမယ်။ ဒါကတပိုင်း။ တပိုင်းကလည်း နိုင်ငံရေးအနုစိတ်ကလေးတွေပေါ့ဗျာ။ အမေရိကန်ရဲ့ ပုံသဏ္ဌာန်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရွေ့အလျား၊ အီးယူရဲ့ အယူအဆ ဒီလိုဟာတွေနဲ့ ဆက်စပ်ပြီး သံခင်းတမန်ခင်း ပုံသဏ္ဌာန်မျိုးနဲ့ ဦးဆောင်ဖို့ ဆိုတဲ့ဟာလည်းရှိတယ်။ အဲဒီနှစ်ခုကြားထဲမှာ ကျနော်တို့ ဘာလုပ်မလဲဆိုတဲ့အနေအထား ဖြစ်နေတာ ပေါ့ဗျာ။ ကောင်းပြီ ကျနော်တို့ ဦးဆောင်ပြီဟေ့ တခုခုလုပ်ကြပြီဟေ့ဆိုလည်း ကျနော်တို့ အောက်ခြေအဖွဲ့အစည်းက အားနည်းနေတယ်ဗျ။ တပြည်လုံးအခြေအနေ ခြုံကြည့်တဲ့အခါကျတော့ ကျနော်တို့က အောက်ခြေတွေမရှိဘူးဗျ။ အခုဟာ ခေါင်းပိုင်းတင် ရှိပြီးတော့ ခေါင်းပိုင်းမှတကယ့်ခေါင်းပိုင်း၊ တနေ့မှ ရုံးထဲမှာ လူငါးဆယ်လောက် ၀င်ထွက်သွားလာနေကြတာပေါ့ဗျာ။ ဆိုတဲ့အခါကျတော့ လူထုကို ဦးဆောင်မှုပေးတယ်ဆိုတာ ရှင်းရှင်းပြောရရင် အောက်ခြေအဖွဲ့တွေရှိမှသာ စည်းရုံးပြီးသားဖြစ်မှသာ လုပ်နိုင်တဲ့ အနေအထားကိုးဗျ။ ရန်ကုန်မြို့ တခုတည်းတင် CEC တချို့လေးတင် ထအော်နေလို့ မရဘူးလေ။ ကျနော်တို့မှာလည်း အဲလိုမျိုး ချိန်ရတာမျိုးလေးတွေ ရှိတယ်ဗျ။ သို့သော် တခုရှိတာက ကျနော်တို့ကလည်း တိုက်တွန်းထားတာပဲဗျာ။ လူထုကိုယ်တိုင်က အလုပ်လုပ်ကြပါ။ ကျနော်တို့ကလည်း လူထုကို အားကိုးတယ်ဆိုပြီး ထုတ်ပြောတဲ့ဟာတွေ ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေဟာ တကယ့်ကို ဆိုးတာလည်း အမှန်ပဲဗျာ။ စီးပွားရေးဟာ တကယ့်ကို ဆိုးတဲ့ အခြေအနေမှာ ရောက်နေတာလည်း အမှန်ပဲဗျ။ အခုဟာက center point ကိုရောက်နေတယ်။ အခြားဘက်များကူးလာရင်တော့ အုံကြွဖို့ဆိုတာ ဖြစ်နိုင်တယ်။ သို့သော် အုံကြွဖို့ဆိုတာ ဦးဆောင်မှုကဏ္ဍပါရမယ်ဗျ။

ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများ ဖမ်းဆီးခံနေရ

ယခုရက်ပိုင်းများအတွင်း ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများကိုပင် စစ်အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ရေနံချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။

“ဒေါ်နော်အုံးလှတို့ကိုလည်း ဖမ်းသွားပြီ။ မိတ္ထီလာက မြင့်မြင့်အေးလည်း ရှောင်နေရတယ်လို့ ကြားတယ်။ အခုရက်ပိုင်း နအဖအစိုးရက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၀တ်ပြုဆုတောင်းတာတွေကိုပါ ဖမ်းဆီးနေတော့ လှုပ်ရှားမှုတွေ ခဏရပ်ထားဦးမယ်။ ကြောက်လို့တော့မဟုတ်ဘူး။ ဒိထက်အရေးကြီးတဲ့အချိန်၊ လိုအပ်တဲ့အချိန်ရောက်လာရင် အင်အားတွေ မရှိဘဲနေမှာစိုးလို့။ ခဏရပ်ထားတာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၃) ရက် သီတင်းကျွတ်လပြည့်နေ့တွင် တောင်ဒဂုံမြို့သစ်ရှိ မကွေးပရိယတ္တိစာသင်တိုက်၌ အရုဏ်ဆွမ်းကပ်လှူခဲ့ကြသော အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုံးလှ၊ ဒေါ်ချိုချိုလွင်၊ ဒေါ်မြင့်မြင့်စန်းနှင့် ဒေါ်ချိုတို့ကို အထူးသတင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

“အခုဖမ်းထားတဲ့ ၀တ်ပြုဆုတောင်းသူတွေကို ပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တယ်ဆိုပြီး စွပ်စွဲစစ်ဆေးတာတွေ လုပ်နေတယ်လို့ အန်တီတို့ ကြားနေရတယ်။ အန်တီတို့က ဘယ်ပြည်ပအဖွဲ့အစည်းနဲ့မှ ချိတ်ဆက်တာမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းတာပဲ” ဟု ဒေါ်ခင်စောဌေးက ပြောသည်။

ပါတီရုံးခွဲများ အပိတ်ခံထားရသည့် အန်အယ်လ်ဒီအဖွဲ့ဝင်များအနေဖြင့် ၀တ်ပြုဆုတောင်းမှုများ၊ ဓာတ်ပုံဖြန့်ဝေလှုပ်ရှားမှုများ၊ အ၀ါရောင်လှုပ်ရှားမှုများဖြင့်သာ နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုနေစဉ် ပါတီဝင်များ၏ ၀တ်ပြုဆုတောင်းပွဲများ ပိုမိုများပြားလာရာ နအဖစစ်အစိုးရက ၀တ်ပြုဆုတောင်းသူများအား နှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်း မြင်းခြံမြို့မှ ဒေါက်တာဝင့်သူ အပါအ၀င် လူငယ် (၈) ဦးကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့သည် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းဝင်မျှမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများတွင် တက်ရောက်ခဲ့သည့် ဖြစ်ရပ်သာရှိကြောင်း မိသားစုဝင်များက မီဒီယာများသို့ ပြောသည်။

“မြင်းခြံက ပါတီဝင်မဟုတ်တဲ့ လူငယ်တွေကို ဖမ်းတယ်ဆိုတာကလည်း နောက်လူတွေ မလုပ်ရဲအောင်၊ မလိုက်ရဲအောင် လုပ်တဲ့သဘောပဲ။ ဒါပေမယ့် အဲလို မတရားလုပ်လေ၊ လူထုအကြားမှာ မခံချင်စိတ်တိုးလေပဲ။ ဆူပူဖြစ်အောင် လုပ်နေတာက ဘယ်သူမှမဟုတ်ဘူး။ သူတို့ကိုယ်တိုင်ပဲ” ဟု ဒေါ်ခင်စောဌေးက ပြောသည်။

နအဖစစ်အစိုးရက စက်တင်ဘာ (၁၇) ရက်တွင် နိုင်ငံသားအကျဉ်းသား (၇,၁၁၄) ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်သာ ပါဝင်ခဲ့သည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး သံဃာတော်အနည်းဆုံး (၁၀) ပါးနှင့် လူ (၃၀) ဦးထက်မနည်းကို အာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

“တဖက်က လွှတ်နေတယ်ဆိုသော်ငြားလည်း တဖက်မှာ ဒီရက်ပိုင်းမှာတင် ဖမ်းတာလူ (၄၀) ကျော်သွားပြီ။ ဒီတော့ ကျနော်တို့ကတော့ အရင်တောင်းဆိုခဲ့တဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးဂမ္ဘီရတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ရေးကိုပဲ ဆက်တောင်းမယ်” ဟု နှစ်ရှည်အကျဉ်းချခံခဲ့ရသူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးအား လွှတ်ပေးရန် အောက်တိုဘာ (၂) ရက်တွင် တောင်းဆိုထားသည်။

နအဖစစ်အစိုးရကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုနေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အယူခံမှု ပယ်ချခံရ

နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် အင်းစိန်ခရိုင်အထူးတရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ ယနေ့ တိုင်းတရားရုံးက အယူခံအမှုကို ပယ်ချလိုက်သည်။

“ရန်ကုန်တိုင်းတရားရုံးက အယူခံကိုပယ်လိုက်ပါတယ်။ ကျနော်တို့ တင်ပြလျှောက်လဲခဲ့တဲ့ ၁၉၇၄ အခြေခံဥပဒေဟာ အသက်ဝင်မှုမရှိတော့ဘူးဆိုတာကို တိုင်းတရားရုံးက လက်ခံတယ်လို့ စီရင်ချက်မှာ ဖော်ပြပါတယ်။ သို့သော်လည်း ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေအရ အောက်ရုံးအမိန့်ကို အတည်ပြုတယ်။ အယူခံကိုပယ်တယ်လို့ ဆိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်ကို တ၀က်လျှော့လိုက်ပြီး ကျန်ပြစ်ဒဏ်တ၀က်အား ဆိုင်းငံ့အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအတွက် စက်တင်ဘာ (၃) ရက်တွင် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံဝင်ခဲ့ရာ တိုင်းတရားရုံးက စက်တင်ဘာ (၁၈) ရက်တွင် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့သည်။

အဆိုပါကြားနာမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးသို့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်ဝင်မှုမရှိတော့ကြောင်း သက်သေပြုနိုင်သည့် အထောက်အထား (၄) မျိုးနှင့် အကျယ်တ၀င့်တင်ပြခဲ့ကြသည်။

ယခုကဲ့သို့ တိုင်းတရားရုံးက အယူခံပယ်ချလိုက်သည့်အတွက် ဗဟိုတရားရုံးသို့ ဆက်လက် အယူခံတင်သွင်းသွားမည်ဟု ရှေ့နေဦးဉာဏ်ဝင်းက သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရက နှစ်ပေါင်း (၁၄) နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကန့်သတ်ထားခဲ့ပြီး ယခုလည်း ကန့်သတ်ထားဆဲဖြစ်သည်။