ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။
Thursday, April 29, 2010
လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု ဆိုင်ရာ အငြင်းပွားမှုများ
 ခင်မမမျိုး
နိဒါန်း
နိုင်ငံရေးအကြမ်းဖက်မှုလေ့လာရေး သုတေသနလောကမှာ ကနဦးအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ စိတ်ထဲကို မြင်အောင်ကြည့်ပြီး၊ ဒီလို အကြမ်းဖက်မှုတွေ ကျူးလွန်လာရခြင်းရဲ့ အခြေခံ လှုံ့ဆော်မှုတွေကို ထိန်းချုပ်နိုင်မှသာ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ်လို့ အဆိုရှိကြပါတယ်။ စိတ်ပညာရှင်တဦးဖြစ်တဲ့ Kicklighter က အကြမ်းဖက်မှုဆိုတာကို လူအများက လက်မခံပေမယ့် အကြမ်းဖက်သမားတွေနဲ့ သူတို့အပေါ် ထောက်ခံသူတွေရဲ့ စိတ်ထဲမှာတော့ ကောင်းမွန်တယ်လို့ ယူဆထားချက်တွေ ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယူဆထားချက်တွေဟာ မှားယွင်းနေတယ်ဆိုတာကို အသိပညာပေးမှုတွေ မလုပ်နိုင်မချင်း အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ သူ့အဆိုကို လက်ခံပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားလာစေခြင်း၊ ထောက်ခံအားပေးလာစေခြင်းတွေကို လှုံ့ဆော်ပေးတဲ့ ယူဆချက်တွေကို ပညာရှင်အများအပြားက ထပ်မံလေ့လာခဲ့ကြပါတယ်။ 
Tuesday, April 20, 2010
စစ်ရေးနဲ့ မဖြေရှင်းဖို့ KIA သတိပေး
သောကကိုနင်းချေ အိပ်မက်တွေကို တည်ဆောက်
                                                 အရှင်ဇ၀န
ထောင်ဆိုတာကို လူရှင်တို့ မြှုပ်နှံရာသင်္ချိုင်းအဖြစ် ၀ိဂြိုဟ် ပြုကြပါတယ်။
ဒီသချိုင်းတွေထဲမှာပဲ စစ်အာဏာရှင်တွေက ဘယ်လိုပဲ တုံးအသွားအောင် ရက်စက်ခဲ့ ၊ ရက်စက်ခဲ့  နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ့်ကိုယ်ကို ချွန်မြနေအောင် သွေးယူခဲ့ကြရပါတယ်။
လူအရှင်ကို မြှုပ်နှံရာ နာရသိန်ထဲမှာ စစ်အာဏာရှင်တို့ရဲ့ ဆိုးယုတ်မှုတွေကတော့ ကမ်းကုန်ပါပဲ။ ဒါ့ကြောင့်လည်း ဦးဝင်းတင်က သူ့ရဲ့ ဘာလဲဟဲ့ လူ့ငရဲဆိုတဲ့ ထောင်ဇာတ်လမ်းကြီးထဲမှာ လူမဆန်စွာ ၊ တိရိစ္ဆာန်ထက် ဆိုးယုတ်စွာလို့ သုံးနှုန်းခဲ့တာပါ။
တကယ်တော့ အာဏာရှင်တို့ရဲ့ အင်းစိန်နာရသိန်ထဲမှာ ရက်ပေါင်း ငါးထောင့်ရှစ်ရာကျော် နေထိုင်ခဲ့ရတဲ့ သူ့လိုလူတယောက်အတွက် ပြောပြစရာတွေ ရာထောင်သောင်းမက ရှိနေပါလိမ့်ဦးမယ်။
ဦးဝင်းတင်ပြောတဲ့ အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ ပြတိုက်ဆိုတာကို စာရေးသူ သဘောတူပါတယ်။ သဘောတူတယ်ဆိုလိုက်လို့ စစ်အာဏာရှင်ရဲ့ထောင်အတွင်းမှာ ကျင်လည်ခဲ့ဘူးတဲ့ စာရေးသူဟာ ကိုယ့်ကိုယ်ကို ဂုဏ်တင်တာတော့ မဟုတ်ပါဘူး။
အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး
ကလန်သံဗျင်
မီဒီယာ၊                   ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။
ဗိုလ်ချုပ်မှုးကြီး၊      ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့ ပဲကြည့်တယ်လေ
ဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်။  ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ
မီဒီယာ၊                  ၊အမျှော်အမြင်ကြီးပါပေ့ ဗိုလ်ချုပ်မှုးကြီးရယ်။ဒါနဲ့ စကားမစပ် ။X2O မဏ္ဍပ် မှာမှ ရွေးပြီး
ဗိုလ်ချုပ်မှုးကြီး၊        ၊ခင်ဗျားကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ်ယုံတာပဲ ။အမှန်က
နိုင်ငံရဲ့  စီးပွားရေး ကို ကျုပ်က ကယ်တင်လိုက်တာပါဗျာ။ဒေါက်တာဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့  GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ် က နဲနဲ လှန့် လိုက်တာပါ။ နောက်နှစ် ဆိုလူငယ်တွေ မဏ္ဍပ်ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ဟိုတယ်ပဲ သွားတော့မှာ ။
အဟမ်း …….ပြောကောင်းကောင်းနဲ့ လျှောက်ပြောနေ လိုက်တာ နိုင်ငံရဲ့ စီးပွားရေး တို့ စတိုင်း ဂလု တို့ …………အမှန်တော့ဘယ်  သူမှ မသေပါဘူး။ကျုပ်လူ လို ဖြစ်နေတဲ့ နိုင်ငံခြား သတင်းဌာန က တစ်ယောက် နှစ်ယောက်နဲ့ ဘလောက်ဂါ လေး တစ်ယောက် နှစ် ယောက် ကို  ခေါ်ပြီး ရုပ်ရှင်တွေ ထဲ က လို သွေးတုတွေ ၊ဘာတွေ နဲ့ လုပ်လိုက်တာပေါ့ ။ထွက်လာတဲ့ ဓာတ်ပုံတွေ ပဲ  ကြည့်ပါလား။ဘယ်မှာ သေတဲ့ လူတွေ တွေ့ ရ လို့ တုန်း  အော်စကာဆုရ တဲ့ The Hurt Locker ထဲကဇာတ်ဝင်ခန်းတွေနဲမတူဘူးလား။ဂျာနယ်လစ် ဖြစ်ပြီးဒါလေးတောင်မရိပ်မိဘူးလား။ဘယ်မှာ သေနေတဲ့ လူတွေ တွေ့ ရလို့ တုန်း
သေတဲ့လူတွေကပြည်သူတွေ ဆို ခင်ဗျားတို့  ပြည်ပ မီဒီယာတွေက လျှောက်ပြီး ဖုန်းတွေ လျှောက်ဆက် လျှောက်မေးလုပ်ကြအုံးမှာ လေ အခုသေတာ စပ်တပ် နဲ့ ရဲ အရာရှိတွေ ဆိုတော့ ဘယ်သူမှ မမေးတော့ ဘူးလေ။တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ။
ကိုးယောက်သေတယ် ဆိုတာ ကတော့ ကျုပ်က ကိုးဂဏန်း ကို ခရဇီဖြစ် လို့ ဘိုလို ပြောရင် Crazy in Number Nine ပေါ့ဗျာ။နောက်နှစ်ကျရင် အော်စကာ
ဆုပေးပွဲမှာ ကျုပ်ရဲ့  Crazy in Number Nine ဆိုတဲ့ ၂၀၁၀ ရန်ကုန် သင်္ကြန် ဗုံးကွဲမှု မှတ်တမ်း ဒေါက်ကျူမန်ထရီ လုပ်ရိုက်ထားတာကြီး ကို အော်စကာပေးဖို့ ရွေးအုံးမှာ….
အနောက်က ဇီးတော်ဖီ ဆရာကြီး.အဲ ..စီးပွားရေး ဆရာကြီးရဲ့ အကြံဥာဏ် ကို ကျုပ်က ဦးလည်မသုန် အကောင်
အထည်ဖော်လို့ ပီဂျေ ထော်လီ လား ပီဂျေ ဂေါ်လီ ဆိုလားပဲ စောစော စီးစီး စာနာတယ်လို့ ဝမ်းနည်းတယ်လို့ ထုတ်ပြောတာပေါ့။ ကိုလ့် လူက လဲ ဂျာနယ်လစ်ဖြစ်ပြီး အုံး မသုံးဘူး။
မီဒီယာ၊                   ၊ဗိုလ်ချုပ်မှုးကြီးက ဗုံးတွေ ပေါက်ပြီးရင် ဘာဖြစ် လို့ ပြည်ပ က အဖွဲ့ အစည်းတွေရဲ့ လက်
ချက် လို့ စွပ်ဆွဲ ရတာလဲ ။
Monday, April 19, 2010
မလေးရှားနိုင်ငံတွင် သူတောင်းစားအဖြစ် လုပ်ကိုင်ခဲ့ရသည့် မြန်မာကလေးငယ်ခြောက်ဦးမှ အကူအညီတောင်းခံ
သူတောင်းစားအဖြစ် အလုပ်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံရပြီး မလေးရှားနိုင်ငံမြောက်ပိုင်း kelantan ပြည်နယ်၊ tanah merah ကန့်ထဲတွင် ဒုက္ခရောက်နေသည့် မြန်မာကလေးငယ် ခြောက်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။
ကလေးငယ် ခြောက်ဦးထဲမှ မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊ မတ္တရာမြို့မှ ဦးဇော်လင်းနှင့် ဒေါ်အေးမြစိန်တို့၏ သားဖြစ်သူ အသက် (၁၂)နှစ်အရွယ် မောင်ကျော်သူလင်းက ၎င်းကို မန္တလေးမှ မူဆလင်လူမျိုး ဦးမဲလုံးက လဖက်ရည်ဆိုင်တွင် အလုပ်ရမယ်ဟု ပြော၍ခေါ်လာပြီး မလေးရှားတွင် သူတောင်းစား လုပ်ခိုင်းကြောင်း ပြောပြသည်။
“ကားမှတ်တိုင်တွေ၊ မီးပွိုင်တွေမှာ ပိုက်ဆံတောင်းရတယ်။ တစ်နေ့ကို ရင်းဂစ် (၁၀၀)ရအောင် တောင်းရတယ်။ အနည်းဆုံး၇၀/၈၀ လောက် ရတတ်ပါတယ်။ မရတဲ့ နေ့တွေမှာ သားတို့ကို ရိုက်တယ်၊ ထုတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး။ သား(၃)လကျော်ကျော် ပိုက်ဆံတောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ ပုလိပ်ဖမ်းတော့ အခုကန့်ထဲမှာ ရောက်နေတာ (၉)လရှိပါပြီ။ ဒီမှာလည်း ထမင်းဝအောင် မကျွေးဘူး။ ငါးခြောက် ရေပြုတ်တာနဲ့ပဲ ကျွေးပါတယ်။ သားတို့ကို မြန်မြန် လာကယ်ကြပါ။ အမေ့ကိုလည်း ပြောပေးပါခင်ဗျာ”ဟု ပြောသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့မှ ဦးသာလှိုင်နှင့် ဒေါ်မျိုးမျိုးစိန်တို့၏သားဖြစ်သူ အသက်(၁၂)နှစ်အရွယ် မောင်အောင်ကိုဝင်းကလည်း “မူဆလင် ကုလားလူမျိုး ဦးအတ္တစ်နဲ့ မအေးရီတို့ ဇနီးမောင်နှံ နှစ်ဦးတို့က ရန်ကုန်မှာ သတင်းစာရောင်းရမယ်ဆိုပြီး ခေါ်လာတာပါ။ အမေ့ကို ကျပ်ငွေနှစ်သောင်း ပေးခဲ့ပါတယ်။ မလေးရှားကို ရောက်တော့ သားတို့ကို သူတောင်းစား လုပ်ခိုင်းပါတယ်။ တစ်နေ့ကို ရင်းဂစ်(၁၀၀)ရအောင် တောင်းခိုင်းပါတယ်။ မရရင် ရိုက်ပါတယ်။ ကြက်ဥပြုတ်နဲ့ပဲ ကျွေးပါတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး။ ဒီမှာလည်း မစားရဘူး။ သားတို့ကို လာထုတ်ပေးကြပါ”ဟုပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ကျနော်တို့အဖွဲ့က ငွေကြေးအင်အား တောင့်တင်းတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ ကျနော်တို့ ကော်မီတီဝင်တွေ ကိုယ်ပိုင် ၀င်ငွေလေးတွေနဲ့ စုပေါင်းပြီး ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေကို အကူအညီပေးပါတယ်။ ဒီကိစ္စရပ်က ကြီးမား ကျယ်ပြန့်တယ်။ ကျနော်တို့ တစ်ဖွဲ့တည်း မလုပ်နိုင်ဘူး။ ကျနော်တို့အဖွဲ့က မဲခေါင်မြစ်ဝှန်းဒေသ အင်ဂျီအိုနဲ့ အလုပ်သမားများ ကွန်ယက်မှာ အဖွဲ့ဝင်ဖြစ်တာကြောင့် လုပ်နိုင်တဲ့ အဖွဲ့အစည်း ကြီးတွေကိုလည်း တင်ပြမယ်။ ပူးပေါင်း ဆောင်ရွက်ပါမယ်။ ကလေးလေးတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေနဲ့ ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ ပြီးတော့ အခြားလူတွေကလည်း မြန်မာပြည်မှာရှိတဲ့ မိဘတွေကိုလည်း ဆက်သွယ်ပြီးတော့၊ အကူအညီရှာပေးကြပါ”ဟု ပြောသည်။
ကလေး(၆)ဦးတွင် ရန်ကုန်တိုင်း ဒလမြို့နယ်မှ အသက် (၁၄)နှစ်အရွယ် မင်းယုစန်း (အကျဉ်းသား အမှတ် ၅၃၅၄၅)သည် အသက်အကြီးဆုံး ဖြစ်သည်။ ဧရာဝတီတိုင်း ပန်းတနော်မှ တင်မျိုးထက်(၅၃၃၂၉)၊ မန္တလေးတိုင်း မတ္တရာမှ ကျော်သူလင်း(၅၃၅၄၆)၊ ရန်ကုန်တိုင်း လှိုင်သာယာမှ နေလင်းဦး(၅၃၅၄၄)နှင့် အောင်ကိုဝင်း (၅၂၆၇၉ )တို့သည် (၁၂)နှစ်အရွယ်များ ဖြစ်ကြပြီး မအေးမြထွေးဆိုသည့် အသက်(၁၀)နှစ်အရွယ် မိန်းကလေးမှာ မောင်ကျော်သူလင်းထက် အသက်ငယ်သော်လည်း အဒေါ်တော်စပ်ကြောင်း သိရသည်။
credit to GHRED
Statement by NCUM (18.4.2010)
Saturday, April 17, 2010
New Year Special Request to All Military Personals and Staffs - 04-17-2010
Four killed, 12 injured in bomb blasts in Irrawaddy-Myitsone dam site
Four people died and over 12 people were injured when exploding bombs for the first time rocked the Myitsone dam project in Irrawaddy River in Kachin State, northern Burma, said local residents. Most of the dead and injured were Chinese workers.
At least three bombs exploded in quick succession in front of Asia World Company’s office, one of the implementing agencies of the dam project in Lungga Zup, 18 miles north of Myitkyina, the capital of Kachin State, at about 4:45 a.m. Burma Standard Time, residents said.
Asia World Company's buildings in Lungga Zup, 18 miles north of Myitkyina, Kachin State.
The explosions also resulted in severe damage to the company’s two-storey office, said residents in the dam project site. Several company-owned cars trucks and bulldozers were also destroyed in the blasts.
Over 300 Chinese workers employed with the China Power Investment Corporation (CPI) were evacuated in four buses to Myitkyina soon after the explosion.
Nobody has claimed responsibility for the first ever bomb explosions in the Myitsone dam project, said the sources.
Significantly, the bomb explosions occurred one day after the Kachin Independence Organization (KIO) took pains to apprise the Kachin public about the latest situation of disagreement on transforming the Kachin Independence Army (KIA), the armed-wing of KIO to the junta-proposed BGF.
Naw Awng, leader of the anti-dam movement and All Kachin Students’ Union (AKSU), an underground Kachin students’ organization based in Kachin State told Kachin News Group, “We harbour no policy of violence. The explosion may have been triggered by anti-dam civilians or secret groups or organizations”.
The dam for the hydropower project at the confluence of the Irrawaddy River, or Mali Hka in Kachin, which is formed where the two major rivers--- Mali Hka River and N’Mai Hka River meet, is being implemented by the Asia World Company, Ministry of Electric Power-1 in Burma and Chinese state-owned China Power Investment Corporation (CPI).
kachin-state
Map of Myitsone dam site in Kachin State, northern Burma.
Inspection activities for the project were started in late 2006 however the joint-dam construction began in December 21, last year. The construction cost, technicians and equipment are provided by the Chinese government.
The project will generate 6000 MW of electricity, which is to be sold to neighbouring China’s Yunnan province for it is under construction industrial zone.
Kachin people, organizations and churches have urged the military supremo Snr-Gen Than Shwe to halt the Myitsone, or Mali-N’Mai Zup dam project and are into demonstrations and anti-dam movements at home and aboard.
credit to KNG
ဧရာဝတီမြစ်ဆုံတွင် ဗုံးပေါက်ကွဲပြန်
ဧရာဝတီမြစ်ဆုံတွင် ယနေ့ (နှစ်ဆန်းတရက်) တွင် ဗုံးပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့ပြန်ကြောင်းသိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံးပြီး ဆယ့်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတဦးက ပြောဆိုသည်။
နောက်ဆက်တွဲသတင်းကို ဆက်လက်ဖော်ပြပါမည်။
ပဲခူးအန်အယ်လ်ဒီ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲလုပ်
ပဲခူးမြို့နယ် အန်အယ်လ်ဒီရုံး၌ ယနေ့ (နှစ်ဆန်းတရက်) တွင် (၆) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆုတောင်းပွဲလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်လာသည့် အသက် (၇၀) ကျော် လူကြီးများအား လုံချည် ၊ မျက်နှာသုတ်ပုဝါများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီးနောက် လိပ်ပြာကန်တွင် ငါးလွှတ်ပွဲကျင်းပကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ရေး ဆုတောင်းခဲ့ကြကြောင်း သိရသည်။
အမေစုနဲ့ နိုင်ငံရေးအကျဉ်းအားလုံး အမြန်ဆုံးလွတ်မြောက်စေကြောင်း ဆုမွန်တောင်း
ထို့နောက် ရွှေမော်ဓောစေတီ အင်္ဂင်္ါထောင့်တွင် ပရိတ်တရားတော်များလည်း ရွတ်ဖတ်ပူဇော်ခဲ့ကြရာ အာဏာပိုင်များက လိုက်လံသတင်းယူခဲ့ကြောင်း အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင်တဦးက ပြောသည်။
“သူတို့ကတော့ ကျနော်တို့သွားရာနောက် လိုက်ကြည့်နေတာပေါ့ဗျာ။ အနှောင့်အယှက်တော့မပေးပါဘူး။ ပါတီအဖွဲ့အစည်းအနေနဲ့ သက်ကြီးပူဇော်ပွဲကျင်းပ ခွင့်ရတာ ဒီနှစ်နောက်ဆုံးဖြစ်မယ်ဆိုတော့ ကျနော်တို့အားလုံးစိတ်ထဲမှာ ၀မ်းနည်းတယ်”ဟု ၄င်းက ပြောသည်။
အန်အယ်လ်ဒီပါတီသည် နအဖစစ်အစိုးရကျင်းပမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထပ်မံမှတ်ပုံမတင်ရန် မတ်လ (၂၉) ရက်နေ့က ဆုံးဖြတ်ခဲ့ပြီး လူမှုရေးလုပ်ငန်းများကိုသာ ဆက်လက်လုပ်ကိုင်သွားတော့မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောဆိုထားသည်။
အကြမ်းဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြပါစို့
ခင်မမမျိုး
သင်္ကြန်အခါသမယ ဟူသည် မြန်မာ တမျိုးသားလုံး၏ နေ့ထူးရက်မြတ် အချိန်အခါ သမယ။ ကုသိုလ်ကောင်းမှုများ ပြုကြသည့် ကာလ။ ကုန်ဆုံးခဲ့သော တနှစ်တာကာလ၏ ကိုယ်စိတ်နှစ်လုံး ပင်ပန်းနွမ်းနယ်ရမှုများ၊ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောကြသည့်ကာလ။ ဒီလို အခါကြီး၊ ရက်ကြီးအချိန်တွင် ပြည်သူအများ သေကြေပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကို ဖြစ်ပွားစေသော ဗုံးပေါက်ကွဲမှုများကို ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင်ထင်မြင်ထားကြ လိမ့်မည် မဟုတ်။ အိပ်မက်ပင် မက်ဖူးကြလိမ့်မည် မဟုတ်။ သို့ပေမယ့် ဤအဖြစ်ဆိုးများက မြန်မာ့မြေပေါ်တွင် အမှန်တကယ်ပင် ဖြစ်ပွားသွားခဲ့ပါသည်။ ကြုံတွေ့ခံစားရသူများအတွက်ကား လောကငရဲတွင်းထဲ အရှင်လတ်လတ် ရောက်သွားခဲ့ကြရသည်။ သတင်းကြားသူအပေါင်းကလဲ နာကျင် ကြေကွဲ ခံစားကြရသည်။
“မြန်မာလူမျိုးဖြစ်လာရတာ ၀ဋ္ဋ်ကြွေး ပါလာလို့” ဟု အချို့က ဆိုကြဖူးသည်။ မျိုးဆက်တခုပြီး တခု ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ ပြည်တွင်းစစ်မီးနှင့် စစ်အာဏာရှင်စနစ် အစရှိသော စနစ်ဆိုး အဖုံဖုံတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ခံစားခဲ့ကြရသည်။ မွေးဖွားလာသည့် အချိန်မှစ၍ မွေးရာပါ လူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများကို အပြည့်အ၀ မခံစားခဲ့ကြရ။ အကြောက်တရားနှင့် ဖိနှိပ်မှုများအကြားတွင် လူ့ဂုဏ်သိက္ခာများ ညှိုးနွမ်းခဲ့ကြရသည်။ ဘ၀အနာဂတ်များ ပျောက်ဆုံးခဲ့ကြရသည်။
အခြေအနေအမျိုးမျိုးနှင့် ပြည်ပသို့ ရောက်လာပြန်တော့လဲ နှလုံးသားထဲတွင် မိမိကိုယ်ကို မြန်မာဟု ခံယူထားသည်ဆိုလျှင်၊ ပြည်တွင်းတွင် ကျန်ခဲ့သော မြန်မာပြည်သူလူထုအား သွေးသားရင်းချာ မောင်ရင်းနှမသဖွယ် စိတ်ထဲ ရှိသည်ဆိုလျှင် အိပ်မက်ဆိုးများ၊ စိတ်ဒဏ်ရာများက ပြီးဆုံးသွားမည် မဟုတ်သေး။ နေ့စဉ်နှင့်အမျှ ကြားနေရသော သတင်းဆိုးများက အိပ်စက် နားနေချိန်များကို ခိုးယူသွားတတ်ပြန်သည်။ ဘယ်နေရာမှာ လူတွေကို ဖမ်းသွားပြန်ပြီ၊ ဘယ်မှာတော့ လူကို ရိုက်သတ်လိုက်ပြန်ပြီ၊ ဘယ်မှာတော့ ကလေးငယ်လေးတွေ ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် သေဆုံးရပြန်ပြီ၊ ဘယ်မှာတော့ တောင်းစားသူ ကလေးငယ်များ ပိုများလာပြီ၊ ဘယ်ရွာက အမျိုးသမီးတွေ မုဒိမ်းကျင့် သတ်ဖြတ်ခံရပြန်ပြီ၊ ရွာ ဘယ်နှစ်ရွာ ဖျက်ဆီးခံလိုက်ရပြန်ပြီ၊ နိုင်ငံရေး ဒုက္ခသည်တွေ ပိုများလာပြန်ပြီ အစရှိသည့် သတင်းဆိုးများမှသည် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက မည်မျှအထိ မြင့်တက်နေပြီ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးက မည်မျှအထိ နောက်ကျကျန်ရစ်နေသည်၊ သယံဇာတ အရင်းအမြစ်များက မည်မျှအထိ လက်ဝါးကြီးအုပ် အရင်းရှင်များ၏ လက်ထဲသို့ ရောက်နေသည်၊ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းက မည်မျှအထိ မြင့်မားနေသည် အစရှိသော အစီရင်ခံစာများ အထိ သတင်းဆိုးများက စုံပဲ စုံလွန်းလှသည်။
နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် စီးပွားရေး၊ လူမှုရေး ပြဿနာမျိုးစုံ ရှိနေသည် ဆိုသော်လည်း အာဏာရှင်စနစ်ဆိုး၏ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းမှုများ၊ အားနည်းချက်များကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အအုံများ အလုံးစုံ ပျက်စီးနေသည့် မြန်မာပြည်လို နိုင်ငံမျိုးက ကမ္ဘာတ၀ှမ်းမှာ နိုင်ငံအနည်းငယ်သာ ကျန်ရစ်ပါတော့သည်။ လူသားတယောက်အဖြစ် တကမ္ဘာလုံးက လူအများ တွေ့ကြုံနေရသည့် ဒုက္ခဆိုးများကို ခံစားနားလည်မိသော်လည်း ကိုယ်ခန္ဓာထဲတွင် လည်ပတ်စီးဆင်းနေသော သွေးများက မြန်မာသွေးဖြစ်သည်မို့ မြန်မာဆိုလျှင်တော့ ပိုမို ခံစားနေရသည်လား မသိ။ သတင်းဆိုးများက “ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် ငါဘာလုပ်ပေးရမလဲ” ဆိုသော စဉ်းစားတွေးခေါ်ချက်များကို စိတ်အစဉ်မှာ စွဲမြဲလာအောင် လှုံဆော်လျက်ရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။
မြန်မာတယောက်အတွက် ဒီလိုနေ့စဉ် သတင်းဆိုးများနှင့်ကလဲ မပြီးသေး။ မြန်မာ့သမိုင်းကို သွေးနှင့် ရေးခံထားရသော အဖြစ်ဆိုးကြီးများကလဲ ရှိသေးသည်။ စာရေးသူ ပြည်ပသို့ စတင်ရောက်ရှိချိန်က ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းကာလ။ ရောက်ပြီး သိပ်ပင်မကြာလိုက်ပါ။ တုန်လှုပ်ဖွယ် သတင်းဆိုးကြီးတခုက ထွက်ပေါ်လာတော့သည်။ ယဉ်ကျေးသော လူသားမျိုးနွယ်များဆီမှာ ဖြစ်ပွားခဲ့သည်ဆိုခြင်းကို မည်သို့မျှပင် ယုံစားစရာ မရှိ။ လက်နက်ဆို၍ အပ်တစင်းမျှပင် ပါမသွားခဲ့သော တရားဝင် နိုင်ငံရေး ပါတီ တခု၏ ယာဉ်တန်းကို စောင့်ကြို တိုက်ခိုက်ပြီး လူအများကို ရိုက်နှက် သတ်ဖြတ်သည်တဲ့။ အမျိုးသမီးများကို လမ်းမပေါ်တွင်ပင် မုဒိမ်းကျင့် သတ်ဖြတ်သည်တဲ့။ ဒီလို လုပ်ရပ်မျိုးကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး လက်သပ်မွေးထားသော အရိုးအရင်း ကိုက်ရသူများက အကွက်ချ စီမံ ကျူးလွန်ခဲ့ကြသည်တဲ့။ သတ်ဖြတ်သူများကို အရေးမယူပဲ အကြမ်းဖက် သတ်ဖြတ်မှုများ၏ သားကောင်များဘ၀ ကျရောက်ပြီး အသက်မသေ ကျန်ရစ်ခဲ့သူများကို ထောင်ချပစ်သည်တဲ့။ ၂၁ ရာစုသစ်၏ တိုးတက်သော လူ့သမိုင်း ယဉ်ကျေးမှုကို မြန်မာနိုင်ငံက ခေတ်နောက်ပြန်ဆွဲ ပြလိုက်လေတော့သည်။ နိုင်ငံတော် အစိုးရကိုယ်တိုင် ဦးဆောင်ကျူးလွန်ခဲ့သည့် နိုင်ငံတော် အကြမ်းဖက်မှု ပြယုဂ် တခု။ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး၏ နှလုံးသားထဲတွင် ကျန်ရစ်ခဲ့သော စိတ်ဒဏ်ရာကြီး တခု။
ဤမျှနှင့်ကား မပြီးသေး။ ၂၀၀၇ ခုနှစ်ရောက်ပြန်တော့ ဗုဒ္ဓဘာသာ နိုင်ငံဆိုသည့် အချက်ကိုမှ မထောက်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့ လှည့်လည်ကြသော ရဟန်းသံဃာတော်များကို လူအများ မြင်ကွင်း လမ်းများပေါ်တွင်ပင် ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်လိုက်ကြပြန်သည်။ မြန်မာပြည်သူများသာမက တကမ္ဘာလုံး တုန်လှုပ်သွားခဲ့ကြရသည်။ ကမ္ဘာ့လူသမိုင်းကို အရုပ်ဆိုး အကျည်းတန်စေခဲ့သည်။ ဒီမြင်ကွင်းများကို ကြည့်ရင်း လက်သီးဆုပ် မျက်ရည်ကျခဲ့ကြရသော မြန်မာလူမျိုးများ တကမ္ဘာလုံးတွင် မည်မျှ ရှိခဲ့လေသနည်း။ မည်မျှ ယူကျုံး မရ ဖြစ်ကြရမည်နည်း။ မည်သို့ပဲဖြစ်စေ ဤမျှကြီးမားသော နိုင်ငံတော်အကြမ်းဖက်မှုကြီးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားသွားခဲ့ပြန်ပါသည်။
ဤမျှနှင့် ပြီးပြီလားဆိုတော့လဲ မပြီးသေးပြန်။ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့် သန်းနှင့်ချီသော ပြည်သူအများ ဒုက္ခရောက်နေကြချိန်တွင် နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို ငြင်းဆန်ပြီး လူအများ ပိုမို အတိဒုက္ခရောက်စေသော ရာဇ၀တ်မှုကြီးကို ကမ္ဘာသိပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြလိုက်ပြန်ပါတော့သည်။ အလောင်းများက ပျံ့ကျဲနေသည်။ မနေနိုင်သည့် လူမှုရေး စိတ်ရှိသူများက ကူညီဖို့ ကြိုးစားသည်။ သတင်းသမားများက သတင်းယူသည်။ ဒါကိုပင် မနာလို မရှုစိမ့်နိုင်။ အလောင်းများကို မြေမြှုပ်သဂြိုလ်ပေးသူများကို ဖမ်းဆီးထောင်ချသည်။ သတင်းသမားများကို ဖမ်းဆီးသည်။ ရပ်သိရွာသိ၊ ကမ္ဘာသိ ကျူးလွန်လိုက်သည့် နိုင်ငံတော်အကြမ်းဖက်မှုများ။
နိုင်ငံတော် အစိုးရဟူသည် ပြည်သူအများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည့် အဖွဲ့ဖြစ်သည်။ သို့ပေမယ့် နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို စိတ်ပါလက်ပါ ကျူးလွန်နေသည့်အခါ ပြည်သူအများမှာ တောင်ပြေးမြောက်ပြေး ဖြစ်နေကြရတော့သည်။ လူဆိုသည်က သံယောဇဉ်နှောင်ထုံးများနှင့် အသက်ရှင် ရပ်တည်နေကြသူများ။ မွေးဖွားရာ အမိမြေကို မဆိုထားနှင့်။ နေထိုင်ကြီးပြင်းခဲ့ရာ မိသားစု အိမ်လေးကိုပင် သံယောဇဉ်တွယ်တတ်ကြသည်။ ရေမြေရပ်ခြားတွင် “အမေ့အိမ်” ဆိုသော သီချင်းသံလေးကို ကြားလျှင် ငိုင်သွားတတ်သူများကြီးသာ။ ဤမျှအထိ သံယောဇဉ်ကြီးတတ်ကြပါသည်။ အမိမြန်မာပြည်ဆိုလျှင်တော့ ပိုဆိုးသည်ပေါ့။
ပြီးတော့ မြန်မာ့မြေ၊ မြန်မာ့ရေကိုကလဲ သံယောဇဉ်လေးများကို ဖြစ်ထွန်းစေတတ်သည်လား မသိ။ လွန်ခဲ့သော လေးနှစ်ခန့်က သြစတြီးယား မှ ထုတ်ဝေသော မဂ္ဂဇင်းလေးတခုတွင် ရှမ်းမောမြေကို လွမ်းဆွတ်သည့် စာလေး တပုဒ်ရေးခဲ့ဖူးသည်။ ဒါကို ကနေဒါတွင် နေထိုင်သော အသက် ကိုးဆယ်အဖွားအို တယောက်က ဖတ်မိပြီး အယ်ဒီတာမှ တဆင့် စာရေးသူဆီ ဆက်သွယ်လာသည်။ သူက ဆယ့်လေးနှစ်အထိ ကလောတွင် နေခဲ့ဖူးသည်တဲ့။ မိတ်ဆက်လာခြင်းဖြစ်သည်။ နောက်ပိုင်းခင်မင်ရင်းနှီးသွားတော့ မြန်မာပြည်ကို သူမည်မျှ သံယောဇဉ်ရှိကြောင်း၊ စစ်အစိုးရ ပြုတ်ကျမှ သွားလည်မည်ဆိုပြီး စောင့်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ သူ့အသက်ရှင်နေတုန်းမှာ ရောက်ချင်သေးကြောင်း ပြောသည်။ မြန်မာလူမျိုးပင် မဆိုထားနှင့်။ မြန်မာပြည်တွင် ခေတ္တ နေခဲ့ဖူးသူတောင်မှ အာဏာရှင်စနစ်ဆိုးအကြောင်းကို နားလည်သည်။ ကန့်ကွက်ဆန့်ကျင်သည် ဆိုသည့်အချက်ကို အသက် ကိုးဆယ်အရွယ် လူမျိုးခြား အဖွားအိုတယောက်ထံမှ ရှင်းရှင်းလင်းလင်း သိခဲ့ရသောအသိ။ ထိုစဉ်က “မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရင် ကိုယ်တိုင်အလည်လာခေါ်မယ်” လို့ ကတိပေးခဲ့ဖူးသည်။ သူစောင့်နေမည်တဲ့။ ပြောသလိုပင် အဖွား “ကက်သရင်း” တယောက် အခုထိ စောင့်နေဆဲပါ။ မြန်မာပြည်ကား ဤမျှအထိ လူ့နှလုံးစိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။
မြန်မာတမျိုးသားလုံးကို အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ အနိုင်ကျင့်စော်ကား သတ်ဖြတ်မှုများမှ ကင်းဝေးစေချင်သည်မှာ အဖွားကက်သရင်းတို့လို ကမ္ဘာ့ပြည်သူများအပါအ၀င် မြန်မာလူမျိုးအားလုံး၏ စိတ်ဆန္ဒ။ ဒီစိတ်ဆန္ဒတွေက ပြည်တွင်းတွင် စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်နေပါသည်။ အခြေအနေအမျိုးမျိုးကြောင့် ပြည်ပတွင် အခြေစိုက် နေထိုင်နေကြရသည့် မြန်မာလူမျိုး အလုပ်သမား၊ ကျောင်းသား၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ နှလုံးသားထဲတွင်လည်း ဖြစ်တည်နေပါသည်။ အာဏာရှင်များ၏ လက်ကိုင်တုတ်များ အန္တရာယ်ကြောင့် ပြေးလွှားပုန်းအောင်းရင်း အနာဂတ်မဲ့နေကြရသော Internally Displaced Persons (IDP) လူဦးရေ တသန်းကျော်၏ ရင်ထဲက ဆန္ဒမှန်လဲ ဖြစ်ပါသည်။
သို့ပေမယ့် ဤဆန္ဒမှန်များ ပြည့်ဝလာမည့် ရွှေရောင်နေ့ရက်များနှင့်ကား ဝေးကွာနေကြရဆဲ။ ဝေးကွာနေရုံတင်မက နိုင်ငံတော်အစိုးရမှ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ အပါအ၀င် အကြမ်းဖက်မှုများ၏ အန္တရာယ်များကလဲ လူထု၏ စိတ်နှလုံးကို ခြောက်လှန့်နေကြဆဲ။
ခုလဲ- ထွက်ပေါ်လာပြန်ပါပြီ။ မြန်မာ့ရိုးရာ အခါသင်္ကြန်ကာလမှာ ပေါ်ထွက်လာသည့် ဗုံးသံများ။ ဗုံးသံများ၏ နောက်မှာ သေနတ်သံများ ပေါ်ထွက်လာဦးမည်လား။ စိုးရိမ်ဖွယ် အလွန်ပင် ကောင်းနေပါပြီ။ ဤ အကြမ်းဖက်မှုနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲမှုများနှင့် ပြောဆို ငြင်းခုန်မှုများက တောမီးပမာ ပျံ့နှံ့ပေါ်ထွက်နေပါသည်။ ပေါ်ထွက်လာသော အသံများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ ဒါကို စစ်အာဏာရှင်အစိုးရ၏ နိုင်ငံတော် အကြမ်းဖက်မှု ပုံစံသစ် တခုအနေဖြင့် ကောက်ချက်ချ သတ်မှတ်ကြပါသည်။ ကောက်ချက်ချနိုင်ဖွယ် နိုင်ငံရေး အကျပ်အတည်းများကလဲ အာဏာရှင် အစိုးရတွင် ဖြစ်ပေါ်နေပါသည်။
အာဏာရှင် အစိုးရက သူတို့အလိုကျ စိတ်တိုင်းကျရေးဆွဲပြီး အတင်းအကြပ် အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲကာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်သည်။ သို့ရာတွင် ဤ ပြင်ဆင်ချက်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (democratic transitions) ကို ဦးတည်ခြင်း မဟုတ်ပဲ ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ထွန်းကားလာစေရေးကို သာ ဦးတည်နေသည်။ ဒါကို သိမြင်သော တပ်ဦးနိုင်ငံရေးပါတီက ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ငြင်းဆန်ထားသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သော တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များကလဲ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် စစ်အာဏာရှင်တို့၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲဝင်ရေး စီမံချက်များကို ငြင်းဆန်ထားသည်။ သို့ဖြစ်ရာ အာဏာရှင် အစိုးရမှာ အရူးမီးဝိုင်းသလို ဒုက္ခရောက်နေသည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို လိုချင်၍ ဒီမိုကရေစီ အမည်ခံထားသည့် ရွေးကောက်ခံ အာဏာရှင်စနစ်ကို မလိမ့်တပတ် အကောင်အထည်ဖော်ရန် ကြိုးပမ်းကာမှ “မခိုးမီက လူမိ” သည့် အခြေအနေကို ဆိုက်နေသည်။
ဤအခြေအနေမျိုးတွင် တပ်ဦးနိုင်ငံ ရေး ပါတီ ခေါင်းဆောင်များကို ဗြောင်သွားဖမ်းလို့ကလဲ မရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သေနတ်သံသွားပေးလို့ကလဲ မရ။ လူထုက လက်ခံမည်မဟုတ်။ ယင်းအတွက် လူထု၏ စိတ်အာရုံကို လှည့်စားရန်နှင့် လူထု လေးစားသော အဖွဲ့အစည်းများကို လူထုနှင့် ခွဲထုတ်ရန် အခြေအနေကြီးတခု ဖန်တီးဖို့ ယင်းတို့အတွက် လိုအပ်နေသည်။ ဒီအတွက် အကြမ်းဖက် တိုက်ခိုက်မှုများကို လူအများစုဝေးသွားလာတတ်သော နေရာများတွင် ဖန်တီးလိုက်ခြင်း ဖြစ်နိုင်သည်။ ယင်းသို့ လုပ်လိုက်ခြင်းဖြင့် ၄င်းတို့ ပစ်မှတ်ထားသော ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အကြောင်းပြ ဖမ်းဆီးနိုင်သည်။ (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်ဆင်ရေးများဖြင့် စတင်တိုက်ခိုက်နိုင်လာသည်။ စစ်ရေးလေ့လာသူများက ဤသို့သော မဟာဗျူဟာကို (Winning the Hearts and Minds of People) ဟု ခေါ်တွင် သုံးစွဲလေ့ရှိပြီး၊ ဤမဟာဗျူဟာကို အာဏာရှင် အစိုးရများက တလွဲဆံပင်ကောင်း အသုံးချတတ်လေ့ရှိသည်။ ဤသည်ကား သုံးသပ်ချက်သာဖြစ်သည်။ စွပ်စွဲချက်မဟုတ်။
အချို့ကလည်း ဤဖြစ်ရပ်ကို တော်လှန်ရေးသမားများ လက်ချက်ဟု ဆိုကြသည်။ လူထုတော်လှန်ရေးဆိုသည်မှာ လူထုထဲတွင် တပ်ဖျောက်ပြီး၊ လူထုနှင့် တသားတည်းရှိမှသာ အောင်မြင်သည်။ လူထုနှင့် တော်လှန်ရေး အဆက်ပြတ်လို့ မဖြစ်။ တော်လှန်ရေးသမား တယောက်အတွက် ပြည်သူလူထုသည်သာ အဖ၊ ပြည်သူလူထုသည်သာ အမိဖြစ်သည်။ လူထုက လက်ခံနေသရွေ့ကာလပတ်လုံး အာဏာရှင်အစိုးရက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ တော်လှန်ရေး ရှိနေမည်ဖြစ်သည်။ တော်လှန်ရေးသမားက လူထု၏ ဒုက္ခဆင်းရဲကို တွေ့မြင်ပြီး လူထုကြီးရှေ့က မားမားမတ်မတ်ရပ်တည်ကာ အာဏာရှင်ကို ဆန့်ကျင်သည်။ လူထုကြီးကလဲ တော်လှန်ရေးသမားများကို ငွေအား၊ လူအား၊ စိတ်ဓာတ်အင်အားဖြင့် ပံ့ပိုးသည်။ အပြန်အလှန် အမှီသဟဲ ပြုနေကြသည် ဖြစ်သည်။
အဆိုပါ အမှီသဟဲ ပြုနေသည့် တော်လှန်ရေးသဘောသဘာဝကို စိတ်ပေါ့သွမ်း ရူးသွပ်နေခြင်း မရှိသည့် တော်လှန်ရေးသမား တိုင်း နားလည်သည်။ အာဏာရှင် လက်ကိုင်တုတ်များက အမိအဖနှင့်တူသော ပြည်သူလူထုကြီး၏ ထမင်းကျွေးသော လက်ကို ပြန်ကိုက်တတ်ပေမယ့် စစ်မှန်သော တော်လှန်ရေးသမားများတွင် ဤသို့ ကိုက်လေ့ကိုက်ထ ထုံးစံမရှိ။ သို့ပေမယ့် အထက်တွင် ဆိုထားသလို ပြည်သူလူထုကို အသုံးချ အမြတ်ထုတ်လိုသော စိတ်ပေါ့သွမ်း ရူးသွပ်သူများလဲ မရှိဘူးဟု မဆိုနိုင်။ ဤကား သုံးသပ်ချက်သာ ဖြစ်သည်။ စွပ်စွဲချက် မဟုတ်။
မည်သို့ဆိုစေ အပြန်အလှန် စွပ်စွဲနေရုံနှင့်လဲ ပြီးမည်မဟုတ်။ ဟိုထင်၊ ဒီထင် ထင်ကြေးများ ပေးနေကြရုံနှင့်လဲ ပြီးမည့် အရာ မဟုတ်။ အောက်တန်းကျသော၊ လူမဆန်သော လုပ်ရပ်များကို ပြုလုပ်သူများအတွက်ကတော့ ဘယ်သူသိသိ၊ မသိသိ၊ ကိုယ့်ဘာသာကိုယ် အသိဆုံးပင် ဖြစ်ပေလိမ့်မည်။ သံသရာ အဆက်ဆက်တွင် တူသောအကျိုးကို ခံစားကြရပေလိမ့်မည်။
လက်ရှိတွင် မြန်မာတမျိုးသားလုံးအတွက် အရေးကြီးသည့် စဉ်းစားမှုကား “နိုင်ငံတော် အကြမ်းဖက်မှုအပါအ၀င် ယခု အဖြစ်ဆိုးကဲ့သို့သော အကြမ်းဖက်မှု သတင်းဆိုးများကို မည်မျှအထိ ခံနိုင်ရည်ရှိရှိ ဆက်လက် နားဆင်လိုနေကြသေးသနည်း” ဆိုသည်ပင် ဖြစ်သည်။ ဘယ်သူလုပ်သည်ဆိုသည်ထက် ဘာကြောင့် ဒီလို ဖြစ်ရသည်ဆိုသည်ကို ဖောက်ထွက် တွေးတောကြဖို့ လိုအပ်လာပြီဖြစ်သည်။ ပြဿနာ အရင်းခံမှာ နိုင်ငံရေး မတည်ငြိမ်မှုပင် ဖြစ်သည်။ သို့ဆိုလျှင် ဤသို့သော နိုင်ငံရေး မတည်ငြိမ်မှုမှာ ဘာကြောင့် ဖြစ်ရသနည်း။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်နေရခြင်း ပင်ဖြစ်သည်။ စစ်အာဏာရှင် စနစ် မရှိသည့် နိုင်ငံများတွင်ကော အကြမ်းဖက် တိုက်ခိုက်မှုများ မရှိဖူးလားလို့ မေးလိုသူက မေးလိုပေလိမ့်မည်။ ရှိသည်ဟုပင် ဖြေရပေမည်။
သို့ပေမယ့် အကြမ်းဖက်မှု အသွင်သဏ္ဍာန်ပုံစံများက ကွဲပြားခြားနားသည်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမျိုးသားညီညွတ်ရေး အပေါ်တွင် အခြေတည်ထားသော ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံတော်အစိုးရမှ ကျူးလွန်သည့် နိုင်ငံတော် အကြမ်းဖက်မှု (state terrorism) အမျိုးအစားများ မရှိသလောက်ရှားသည်။ ပြည်တွင်းစစ်ကြောင့် ပေါ်ထွက်လာနိုင်သော အကြမ်းဖက်မှုများ နည်းပါးသည်။ဘာသာရေး၊ နိုင်ငံရေး အစွန်းရောက် အဖွဲ့များဖြစ်သော Transnational actors များကြောင့် ဖြစ်ပွားရသော အကြမ်းဖက်မှု အန္တရာယ်မှ လွဲလျှင် အခြားသော အကြမ်းဖက်မှု အမျိုးအစားများ၏ အန္တရာယ်ကို ကြုံတွေ့ရမှု နည်းပါးသည်။ ဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်သည့် နည်းလမ်းများက လည်း နိုင်ငံရေး တည်ငြိမ်မှုကြောင့် ပိုမို ထိရောက်သည်။ လူထုနှင့် အစိုးရအကြားတွင် ရှင်းလင်းသော ဆက်ဆံရေး ရှိခြင်းကြောင့် အမျိုးသားအကျိုးစီးပွားကို ပြည်သူလူထု၊ လုံခြုံရေး တာဝန်ရှိသူများနှင့် အစိုးရ သုံးဦးသုံးဖလှယ် ပူးတွဲ ကာကွယ်စောင့်ရှောက်နိုင်သည်။ မြန်မာနိုင်ငံတွင်ကား နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို ကျူးလွန်နေသဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးကို ထိထိရောက်ရောက် မည်သို့မှ ပူးတွဲအကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။
သို့ဖြစ်ရာ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုသကဲ့သို့ အကြမ်းဖက်မှုများ၏ မြစ်ဖျားခံရာသည် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှု ပြဿနာများသာလျှင် ဖြစ်တော့သည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းရန်ကလည်း စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းရန် လုပ်ဆောင်ရုံမှ တပါး အခြားနည်းလမ်းက မရှိ။ အုတ်မြစ် မခိုင်၍ ယိုင်နေသော အဆောက်အအုံကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ပြုပြင်ပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုလုပ်၍ မရပါ။ လိုအပ်လျှင် အဆောက်အအုံ တခုလုံးကို ဖြိုချပြီး အုတ်မြစ် အသစ် ချတန်လျှင် ချရပေလိမ့်မည်။
သို့ပါ၍ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး အတူတကွ လက်တွဲကာ “နိုင်ငံတော်အကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်မှု သဏ္ဍာန်မျိုးစုံ အား ဆန့်ကျင်ကန့်ကွက်၍၊ ခြစား ယိုယွင်းနေသော စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားကြီးကို ဖြိုလှဲကာ၊ လူသားလုံခြုံရေး (Human Security) နှင့် လူ့အဖွဲ့အစည်း လုံခြုံရေး (Society Security) ကို ဆောင်ကျဉ်းပေးနိုင်သော မြန်မာ့ လူဘောင်သစ်ကို တည်ဆောက်ကြပါစို့” ဟု တိုက်တွန်း ရေးသား လိုက်ရပေသည်။
ခင်မမမျိုး (၁၆၊ ၄၊ ၂၀၁၀)
(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်။ နိုင်ငံတကာ လေ့လာရေးအသင်းကြီး၏ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး (SIG) အဖွဲ့ဝင်ဖြစ်ပြီး၊ လက်ရှိတွင် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အင်စတီကျူတခုမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ သုတေသနစာတမ်းများ လေ့လာရေးသားခြင်းနှင့် သင်ကြားရေး တာဝန်များကို ထမ်းဆောင်နေပါသည်။)
Thursday, April 15, 2010
ဘန်ကောက်မြို့တွင်းမှ မန်းတောင်ရိပ်ခို
မင်းနိုင်သူ
“သင်္ကြန်နှစ်ဦး..တူးပို့..တူးပို့…တူးသံမြူးသာယာ….သင်္ကြန်မယ်များတူးပို့..တူးပို့…တူးမာ ရဲ့နော်ဗျာ…ငွေငန်းသံစုံ …တူးပို့…တူးပို့… အာရုံဖျော်ဖြေတာ….”
တဖက်ခန်းမှ သင်္ကြန်သီချင်းသံက အေးအေးစိမ့်တို့ အခန်းတွင်းထိ ပျံလွင့်လာသည်။ သင်္ကြန်သီချင်းသံကြားတိုင်း မြန်မာပြည်သူ အေးအေးစိမ့်တယောက် ကချင်စိတ်တွေ ပေါ်လာစမြဲ။ သူမသည် မွန်မလေးဖြစ်သော်လည်း သင်္ကြန်ယိမ်းအကကိုတော့ တတ်ကျွမ်းသည်။ သထုံဘက်က သူမမွေးဖွားရာ ရွာလေးတွင် ကခဲ့ဖူးသလို ရန်ကုန် လှိုင်သာယာသို့ မိသားစုလိုက် ပြောင်းရွှေ့အခြေချကြပြီးနောက်တွင်လည်း ရန်ကုန်သင်္ကြန်၌ ကခဲ့ဖူးသည်။
ထို့ကြောင့် သင်္ကြန်သီချင်းသံကြားလျှင် သူမ ခြေလက်လေးတွေက ကကွက်ရှာစမြဲ။ အခုလည်း သူမတို့ နေထိုင်ရာ အထည်ချုပ်စက်ရုံလိုင်းခန်းအတွင်း သင်္ကြန်သီချင်းက ပျံ့လွင့်လာပြီ။
သူမ မြန်မာပြည်မှ ထွက်လာပြီး ဘန်ကောက်ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ် လုပ်ကိုင်နေသည်မှာ ငါးနှစ်ကျော်ခဲ့ပြီ။ ထိုငါးနှစ်တာ ကာလအတွင်း အေးအေးစိမ့် တယောက် သူမစက်ရုံအနီးတ၀ှိုက်မှ လွဲ၍ ဘယ်ကိုမှ မသွားတတ်ခဲ့။
မသွားရဲခဲ့ဆိုလျှင် ပိုမှန်မည်ထင်သည်။ သူမတွင် အလုပ်လုပ်ကိုင်ခွင့်ဘတ်ရှိသော်လည်း ဘန်ကောက် ကိုရွှေရဲများက နယ်ကျော်လျှင် ဖမ်းသည်ဆိုသော သတင်းများကြောင့် အခြားမြို့နယ်များသို့ မကူးရဲ။ မသွားရဲခဲ့။ ဘန်ကောက် ဧရိယာထဲတွင် ရှိနေသော်လည်း နာမည်ကြီး မြဘုရားကိုပင် သူမ မဖူးဘူးသေး။ တကယ်တော့ ထိုသို့ဖြစ်နေသည်မှာ သူမ တယောက်တည်းတော့မဟုတ်။ ဘ၀တူ အလုပ်သမားအများစုပင်။
သည်နှစ်တော့ ငွေကုန်လူပမ်းလုပ်ထားရသည့် ပတ်စ်ပို့လေးကို သူမကိုင်ဆောင်ထားနိုင်ပြီ။ ထို့ကြောင့် သည်နှစ်တော့ ဘန်ကောက်သင်္ကြန်ကို လည်ပစ်လိုက်ဦးမည်။ ဒါက သူမ စိတ်ကူး။ တကယ်တမ်း ပြန်စဉ်းစားကြည့်တော့လည်း ဘန်ကောက်သင်္ကြန်ကို သူမ သိပ်တော့ ခံတွင်းမတွေ့လှ။ မြန်မာပြည်သူဖြစ်သော သူမသည် မြန်မာသင်္ကြန်ကိုသာချစ်သည်။ မြန်မာလို ဆိုချင် ၊ ကချင်သည်။
မြန်မာပြည်မှာက ဒီထိုင်းနိုင်ငံမှာလို ကိုယ့်လုပ်စာနှင့်ကိုယ် မလောက်ငှနိုင်သဖြင့်သာ သူမကျင်လည်ခဲ့ရာ လှိုင်သာယာမှ အထည်ချုပ်စက်ရုံကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ဘန်ကောက် အထည်ချုပ်စက်ရုံတွင် လုပ်ရသည်မှာ ပင်ပန်းရကျိုးနပ်သည်။ မိဘတွေထံ ငွေပြန်ပို့နိုင်သည့်အပြင် အလှူအတန်းလေးလည်း လုပ်နိုင်သေးသည်။ တပတ်တခါ မြန်မာကျောင်းသားရဟန်းတော်များကို ပင့်၍ သူတို့စက်ရုံတွင် ဆွမ်းကပ်လှူကြသည်။ ဒီအထဲတွင် အေးအေးစိမ့်ကုသိုလ်လည်းပါသည်။
“ဦးဇင်းတကယ်လားဟင်…တကယ်လားဘုရား”
တဖက်မှ ဦးဇင်းက သေချာပါတယ် ဒကာမလေးဆိုတော့မှ အေးအေးစိမ့် ကြားလိုက်ရသည့်သတင်းကို သူငယ်ချင်းမတွေကို ပြန်လည်ဖောက်သည်ချလိုက်သည်။
အားလုံးဝမ်းသာအားရ ထခုန်ကုန်ကြသည်။
ဦးဇင်းက သူတို့သီတင်းသုံးရာ ၀ပ်တလုံးကျောင်းတိုက်တွင် မြန်မာသင်္ကြန်ကျင်းပ ပေးမည်ဟု မိန့်ဆိုသွားခြင်းဖြစ်သည်။ ကြည့်စမ်း….သူတို့ မြန်မာလို ဆိုနိုင် ၊ ကနိုင်ကြတော့မည်။ ၀မ်းသာလိုက်ကြသည့်ဖြစ်ခြင်း။
********* ********** ********** *********
ဘန်ခေရှိ ၀ပ်တလုံးကျောင်းတွင် မြန်မာစာသင်သားရဟန်းအပါး (၇၀) နီးပါးရှိသည်။ ထိုင်း ၊ ကမ္ဘောဒီးယား ၊ ဘင်္ဂလားဒေ့ရှ် သံဃာများနှင့်ဆိုလျှင် အပါး (၂၀၀) ကျော်ရှိသည့် ကျောင်းတိုက်ကြီးဖြစ်သည်။
သံဃာအပါး (၂၀၀)ကျော်စလုံးကို ဆွမ်းကပ်လှူဒါန်းနိုင်သည့်အတွက် မြတ်စုနွေး ပီတိဖြစ်ရသည်။
သင်္ကြန်အကြိုနေ့ ညနေအလုပ်ခွင်မှ ထွက်လာပြီး မြတ်စုနွေး ၀ပ်တလုံးကျောင်းကို သွားသည်။ သူမအလှူအတွက် ကူညီချက်ပြုတ်ပေးကြမည့် မြန်မာပြည်သား တွေလည်းရောက်နေကြပြီ။ မနက်ဆွမ်းကပ် ချက်ပြုတ်ရန်အတွက် ည(၁၁) နာရီထိုးမှ ဈေးထွက်ဝယ်သည်။ လျှပ်စစ်မီး (၂၄) နာရီရသည့်အတွက် ဘန်ခေဈေးသည် နေ့ခင်းအလား။
ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးသည် မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့များဖြင့် ပေးနေခြင်းဖြစ်သည်ဟု မြတ်စုနွေး ကြားဖူးသည်။ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသူ မြတ်စုနွေး မြန်မာပြည်ထွက် သယံဇာတပစ္စည်းကို ဘန်ကောက်တွင် အပြည့်အ၀သုံးစွဲနိုင်နေသည်။ ဒါသည်လည်း ဒုလ္လဘတရားတရပ်ပေလား မပြောတတ်။
******** ********** *********** *******
“ ဘန်ကောက်လိုနေရာမျိုးမှာ မြန်မာသင်္ကြန်ပွဲကျင်းပဖို့ဆိုတာ မလွယ်ဘူးဒကာ။ အခု ၀ပ်တလုံးကျောင်းထိုင်ဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဓာက မြန်မာမိသားစုတွေ အပေါ် ငဲ့ညှာလို့သာ ကျင်းပခွင့်ပေးတာပါ။ မြန်မာတွေ အဖမ်းအဆီး မခံရအောင်လည်း ဆောင်ရွက်ပေးထားတယ်”
မြန်မာကျောင်းသားရဟန်းတပါးက ကိုလှိုင်ဇော်ကို ရှင်းပြသည်။ ဒါသည် အမှန်ဖြစ်သည်ကို ကိုလှိုင်ဇော်သိသည်။ မနှစ်က ဒေသခံရဲကို ခွင့်ပြုချက်တောင်းခံပြီးမှ လုပ်ခဲ့သည့် လေးဖြူစတိတ်ရှိုးတွင်ပင် မြန်မာတွေ အဖမ်းခံထိခဲ့သည်။
အခုတော့ မြန်မာသင်္ကြန်ပွဲကို ကိုလှိုင်ဇော်တို့အဖွဲ့ တီးခတ်ဖျော်ဖြေမည်။ လျှပ်စစ်ဂီတာ မထိတွေ့ရတာကြာပြီဖြစ်သော သူ့လက်ချောင်းလေးများက ဂီတာကြိုးကို ဆာလောင်နေကြပြီ။
“ဟေး….မုန့်လုံးရေပေါ်တွေ လာစားကြဟေး”
ဓမ္မာရုံနောက်ဘက်မှ အော်ခေါ်သံကြောင့် ကိုလှိုင်ဇော်တို့ တီးဝိုင်းတဖွဲ့သားလုံး အပြေးသွားကြသည်။
“ဟယ်…အေးလိုက်တာတော်”
အေးအေးစိမ့် နှုတ်ခမ်းလွှာမှ အာမေဋိတ်သံထွက်ကျလာသည်။ မုန့်လုံးရေပေါ်စားရန် အပြေးလေးအသွားတွင် နောက်မှ ပြေးဝင်လာသော ကိုလှိုင်ဇော်က ရေခဲရေဖြင့် ပက်ခဲ့ခြင်းဖြစ်သည်။
အေးအေးစိမ့်တို့ မုန့်လုံးရေပေါ်စားပြီး ထွက်လာတော့ ကျောင်းရှေ့မှာ ဆွမ်းဆန်စိမ်းလောင်းပွဲစနေပြီ။ စတုဒီသာထမင်းစားနေသူများလည်း မဏ္ဍအတွင်းမှ ထွက်ကာ ဆွမ်းဆန်စိမ်း လောင်းလှူနေကြပြီ။
အိုး…တကယ့်ကို မြန်မာပြည်အတိုင်းပါပဲလား။ နိုင်ငံတကာသံဃာစုံကို လောင်းလှူနေသည့် မြန်မာပြည်သားတွေကလည်း များမှများ။ ဧည့်ပရိတ်သတ် (၂၀၀၀) လောက်ရှိမည်။ ဒါတောင် ပထမဆုံးအကြိမ်မို့ လူသိပ်မသိသေးတာဖြစ်မည်။ နောက်နှစ်တွေ ဒီထက် ပိုစည်ကားမည်ဟု ကိုလှိုင်ဇော်ထင်သည်။
ဆွမ်းဆန်စိမ်းလောင်းလှူအပြီးတွင် ဖျော်ဖြေရေးစသည်။ ကိုလှိုင်ဇော်တို့ အဖွဲ့က အတီး။ အေးအေးစိမ့်တို့ ပျိုမေတသိုက်က ကဖြင့် ဘန်ကောက်မြန်မာသင်္ကြန်သည် လှမှလှ။ မြိုင်မှ မြိုင်။ ဘုန်းကြီးကျောင်းအတွင်း ကျင်းပခြင်းဖြစ်သဖြင့်လည်း ရန်ပွဲမရှိ။ မဟာသင်္ကြန်ကို အေးချမ်းခြင်းအတိဖြင့် ကြိုဆိုနိုင်ခဲ့သည်။
ည (၈) နာရီကျော်မှ ကိုလှိုင်ဇော်တယောက် သင်္ကြန်အပိတ်သီချင်းတပုဒ် ဆိုလိုက်တော့သည်။
“ချိုပြုံးရွှင်သော နှမပျိုငယ်….တကိုယ်လုံးပင် ချောအလှပိုတယ်…မြို့မနဲ့ တမိတည်းဖွားလို့ ဆိုတော့မယ်ကွယ်…..အမောက်ကလေး တသသနဲ့ မြှောက်လို့ ပေးတာ မဟုတ်ဘူးကွယ်…ယဉ်စစနဲ့ မြင်လိုက်ရတာ…အ၀တ်အစားမှာပင် အလွန်တင့်တယ်…ထွန်းသစ်စ …လရောင်ခြယ်…..ခိုင်ညှာတံပွင့်လန်း…ပန်းသို့နှယ်… ရိုးရိုးသားသားနဲ့ ကျုပ်တို့ မြို့မက ကျေနပ်တယ်…မြနန္ဒာ ရေညိုညိုရစ်ခတ်သန်းတော့… ရွှေမန်းတောင်ရိပ်…တူတူခိုမယ် ပျိုဖြူတွေရယ်….”
မြန်မာပရိသတ်အားလုံး မြို့မငြိမ်းရေးဖွဲ့ခဲ့သော ဒီမန်းတောင်ရိပ်ခိုသီချင်းကို ရင်းနှီးပြီးသား။ အားလုံးလိုက်ဆိုကြသည်။
တကယ်တော့ သူတို့အားလုံး မန်းတောင်ရိပ်ကို ခိုဝင်လိုသော်လည်း မခိုနိုင်ကြသေးပါ။ မြန်မာပြည်မှာထက် စားဝတ်နေရေး အဆင်ပြေစေသော ဘန်ကောက်ရိပ်တွင် ခိုကာ မန်းတောင်ရိပ်ခိုသီချင်းကို ဆိုနေကြရခြင်းဖြစ်သည်။
မင်းနိုင်သူ
မှတ်ချက်။ ။ အမည်များ လွဲပြောင်းရေးသားထားပါသည်။
နိုင်ငံတကာသံဃာတွေကို ဆွမ်းကပ်လှူ
ထိုင်းဆရာတော် ဦးဆောင်၍ မြန်မာဆွမ်းဆန်စိမ်းအလှူခံကြွ
မုန့်လုံးရေပေါ်ထဲ ငရုတ်သီးမထည့်ကြေး
စားကြမယ်ဟေ့...စတုဒီသာ ထမင်းဟင်း
က..ကက ..မမကိုယ်တိုင် က
ရေတွေ...ရေတွေ စိုကုန်ပြီ
ကမယ်ဆို...ဆိုပါမယ်
ငွေဖလားလေးလည်း မနိုင့်တနိုင်ချီ
မြူးမြူးကြွကြွ စတိတ်ရှိုးစ
ယခုနှစ်ကြွလာ မိတ်သဟာ
အတာသင်္ကြန် အတက်နေ့ လည်ပတ် သူများ ဖြင့် ပြန်လည် စည်ကား
အတက်နေ့ နေ့ လည် ကန်ပတ်လမ်းတွင် ပြန်လည် စည်ကားလာ
(ယမန်နေ့ က ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများကို ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် လည်ပတ်
သူများမှာ အနက်ရောင် ဖက်ရှင်များ ဆင်မြန်းထားကြသည်)
ယမန်နေ့ က ဗုံးပေါက်ကွဲမှု ကြောင့် လူနှစ်ဆယ်ကျော်သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာပြင်းထန်စွာ
ရရှိသော် လည်း ယနေ့  သင်္ကြန်နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် လည်ပတ်သူများဖြင့် ပြန်
လည်စည်ကားလာသည် ဟု သိရသည်။မဏ္ဍပ်တွင် ရေပက်သူများ မှာ နည်းပါးသွားပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များတွင် ရေပက်
သူများ ယနေ့ မနက် ၁၀း၁၅ နာရီ အထိ လာရောက်မှု လွန်စွာနည်းပါးသည် ။
ရန်ကုန် မြို့ စမ်းချောင်း မြို့ နယ်မှ သင်္ကြန် လည်ပတ်သူ တစ်ဦးက ကျွန်တော် တို့ က ကားငှားထားတာ
နဲ့ တန်အောင် ထွက်တာ နဲနဲ တော့ ခြောက်ခြောက် သွေ့ သွေ့ ကြီး ကန်တော်ကြီး စောင်းမှာ ဟိုနေ့ တွေ
ကလောက် မစည် ဘူး ။ မနေ့ က ဗုံးကွဲ လို့ ဘယ်သူမှ မလာရဲ ဘူး။တစ်ချို့ လဲ အိမ်က ပေးမလွှတ်တော့
ဘူး ဟု Freedom News Group သို့ ပြောသည်။
ယခင်နေ့ များ က ကန်ပတ်လမ်းတွင် အရက်၊ဘီယာ ၊စီးကရက် ရောင်းချသူ များ အား ရဲ နှင့် လုံခြုံရေး
အဖွဲ့ ဝင်များက ယနေ့ ရောင်းချခွင့် မပေးတော့ ဟု သိရသည်။
copy by freedomnewsgroup
ပြည်တွင်း ဂျာနယ် များမှ သတင်းထောက် သုံးဦး နှင့် လူ တစ်ရာကျော် ကိုဖမ်းဆီးထား
သင်္ကြန်အကြတ်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ် လမ်းရှိ မျှော်စင်ကျွန်း ၀င်ပေါက်အနီး X2O မဏ္ဍပ်အနီးတွင်
လက်ပစ်ဗုံး ဟု ယူဆရသည့် ဗုံးသုံးလုံးပေါက်ကွဲမှု ကြောင့် လူ၂၄ ဦးသေဆုံးမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည်
ဟု ရန်ကုန် မြို့ ခံ အများစုက ယူဆကြသည်။
ဗုံးပေါက်ကွဲခဲ့သည့် X2O မဏ္ဍပ်ရှိရာနေရာသို့ သွားရောက်ကြည့် ရှုသူများ နှင့် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးမှု
ပြုသူများကို ဖမ်းဆီးထားပြီး ထိုအထဲတွင် ပြည်တွင်း ဂျာနယ်များမှ သတင်းထောက် သုံးဦးလည်း ပါဝင်သည်
ဟု သိရသည်။
သတင်းထောက်သုံးဦးအနက် နှစ်ဦး အား ၎င်းတို့ ၏ သက်ဆိုင်ရာဂျာနယ်များမှ လိုက်လံ တာဝန်ယူသောကြောင့်
ပြန်လည် လွတ်မြောက်လာပြီး ကျန်ရှိသည့် တစ်ဦးအား ယနေ့ မနက် အစောပိုင်းတွင် မင်္ဂလာတောင်ညွှန့် ရဲစခန်း
မှ တစ်ဆင့် ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။
လာရောက်ကြည့် ရှုသူ အချို့ အား ဖမ်းဆီးထားမှု ရှိရာ ပြန်လွှတ်ပေးခြင်း မရှိသေးပဲ X2O မဏ္ဍပ် ၏ တာဝန်ခံ ကိုညီညီ
ဆိုသူ အားလည်း စစ်ဆေးမေးမြန်းရန် အတွက် ဖမ်းဆီးထားသည် ။ ထို့ ပြင် X20 မဏ္ဍပ် တွင် ရေကစားသူများ အား
လုံးကို လည်း လိုက်လံ စစ်မေးမှု ပြုသည်။
အကြတ် နေ့  ဗုံးပေါက်ကွဲမှု သည် ၂၀၀၅ ခုနှစ် မေလက ရန်ကုန် မြို့ မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ ရန်ကုန် ကုန်သွယ်မှု
ဗဟိုဌာန ဗုံးပေါက် မှု ပြီးနောက် ပထမဆုံး အကြိမ်လူ အမြောက် အမြားသေဆုံးသည့် ဗုံးပေါက်ကွဲမှု ဖြစ်သည်။
ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံမှ အဖျက်သမားများ၏ လက်ချက် ဖြစ်
သည် ဟု စွပ်ဆွဲထားသော် လည်း နိုင်ငံရေး အရ အကျပ်အတည်း ဆိုက်နေသည့် နအဖ ၏ လက်ချက်သာဖြစ်သည်
ဟု ရန်ကုန် မြို့ ခံ တို့ က သုံးသပ်ကြသည်။
ဗုံးပေါက်ကွဲမှု ကြောင့် မဟာသင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် ရေပက်ကစားသူ နှင့် လည်ပတ်သူ
များနည်းပါး သွားသော်လည်း မော်တော်ကားဖြင့်လည်ပတ်သူများ ရှိနေဆဲ ဖြစ်သည်
ဟု ကျောင်းမြောင်းရှိ လူငယ်များက Freedom News Group သို့ ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ချိန်တွင် X2O မဏ္ဍပ် အနီးရှိနေသူ တစ်ချို့ က တောင့်အေစ် ကား ခဲရောင် အပေါ် (Sunroof)
မှ လူနှစ်ယောက် ထွက် လာကာ လက်ပစ်ဗုံး ဟု ယူဆရသည့် အရာများ ပစ်ထည့်ပြီး နောက် ချက်ခြင်းပေါက်
ကွဲမှု ဖြစ်သည် ဟု ဆိုသည်။
ထိုသို့ ပစ်ထည့် ပြီးနောက် ထိုကားမှာ သိမ်ဖြူကားမောင်းကွင်း ဘက်သို့ ဦးအောင်မြတ် လမ်းအတိုင်း မောင်းချသွား
သည် ဟု မျက်မြင်များကပြောသည်။
copy by freedomnewsgroup
ရန်ကုန်သင်္ကြန် ဗုံး (၅)လုံးထက်မနည်း ပေါက်ကွဲ
မင်းနိုင်သူ ဧပြီ - ၁၅
ရန်ကုန်ကန်တော်ကြီး ပတ်လမ်းရှိ X20မဏ္ဍပ်တွင် ယနေ့မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူ(၈)ဦးထက်မနည်း နေရာတွင်ပင်သေဆုံးသွားခဲ့ပြီး လူသုံးဆယ်ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"အခုနောက်ဆုံးကြားရတာတော့ ဆေးရုံမှာဆုံးသွားတာတွေလည်းရှိနေတယ်။ အားလုံး အယောက်(၂၀)လောက် သေတယ်ကြားတယ်။ ဗုံးကွဲချိန်မှာ တီးလုံးသံ ၊ လူသံတွေနဲ့ဆူညံနေတော့ ဗုံးကွဲမှန်းမသိသေးဘူး။ နောက် တလုံးပြီးတလုံးပေါက်မှ ဗုံးကွဲပြီဆိုတာ သိကြတာ။ သိသိချင်း ပြေးကြ ၊ လွားကြနဲ့ တယောက်နဲ့တယောက် တွန်းတိုက်လဲပြီး ဒဏ်ရာရတာတွေလည်း မနည်းဘူး"ဟု အခင်းဖြစ်ရာအနီးတွင် ရှိသည့် ရန်ကုန်မြို့ခံတဦးက ပြောသည်။
x20မဏ္ဍပ်နှင့်အနီးဝန်းကျင်တ၀ှိုက် ဗုံးငါးလုံးထက်မနည်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရဲများက လမ်းများကို ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။
ပုံများတင်ပေးသော ကိုညီလင်းဆက်ကို ကျေးဇူးတင်ပါသည်။
Saturday, April 10, 2010
၂၀၁၀ သင်္ကြန်သီချင်းသစ်များ
သံဃာတော်တွေ ရုံးခန်းဖွင့်လှစ်နိုင်ဖို့ ကူလုပ်ပေးပြီး ပြန်ရောက်တော့ ည (၁၁) နာရီ ကျော်နေပြီ။ ရောက်ရောက်ချင်းပဲ တနင်္ဂနွေပန်းတော်ဖြေ ကဏ္ဍအတွက် ဘာတင်ရကောင်းမလဲလို့ ခေါင်းစားရတယ်။ သူများနဲ့ မတူတာလေးတွေ ပေးချင်တဲ့ ကျနော့်အတွက် တင်စရာကလည်း အရှားသား။ ဒီလိုနဲ့ ဗျာများနေတုန်း ဂျီတော့ပေါ်မှာ သိကြားမင်းပေါ်လာသဗျာ။ သင်္ကြန်သီချင်းသစ်တွေ ပေးမယ်လို့ သိကြားမင်းက မိန့်တော့ အချိုရှာ သကာတွေ့ ဖြစ်သွားတာပေါ့။
ဘယ်က သိကြားမင်းကမှာလည်း မလေးရှားက သိကြားမင်းပေါ့။ ခင်များတို့သိကြမှာပါ။ ဒီဗွီဘီမှာ တေးသီချင်းတွေနဲ့ အမြဲတမ်း ဖျော်ဖြေတတ်တဲ့ ကိုထက်အောင်ရှိုင်းလေ။ သူ့ဆီက သီချင်းတွေလည်း ရရော အသံဖိုင်တင်ဖို့ လုပ်ရတယ်။ ဘလော့နည်းပညာနဲ့ ထိတွေ့စ ကျနော့်အတွက် အသံဖိုင်တင်ရေးက ချွေးပြိုက်ပြိုက် ကျစေသဗျာ။ ကျည်ဆံရထားပြီး သေနတ်ပျောက်နေသလိုခံစားရတာကြောင့် တညလုံးကြိုးစားပေမယ့် မရဘူးဗျာ။
အဲ…မိုးလည်းလင်းရော ဒုတိယမ္ပိ သိကြားမင်းနဲ့ တွေ့ပြန်ရော။ ဒီသိကြားမင်းကတော့ အမေရိကားက ကိုရဲမင်းထွန်းပါ။ သူ့ကြောင့် အသံဖိုင်တင်နိုင်ခဲ့တယ်။
ကဲ….သင်္ကြန်သီချင်းသစ်တွေကို ပရိသတ်ရင်ထဲ ပစ်ထည့်နိုင်ပါပြီဗျာ။ ဒီသီချင်းတွေအတွက် ကိုထက်အောင်ရှိုင်းက စာသားရှာပြီး သီဆိုသူတွေကတော့ ထက်အောင်ရှိုင်း ၊ စက္ကနဲ့ ဂျာနှုးတို့ ဖြစ်ပါကြောင်း ဖော်ကောင်လုပ်လိုက်ရပါသဗျား….။
(သိကြားမင်းနှစ်ပါး ကျေးဇူးပါဗျား)
အာဏာရှင် ဘုံသရဲ
စက်တင်ဘာသံဃာ
ယောရုဝ
သြော်..သန်းရွှေ
Friday, April 9, 2010
Letter
တရုတ်သမ္မတလာမည်
မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတ ဟူကျင်းတောင်သည် ဧပြီ ၂၄ရက်တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
Thursday, April 8, 2010
ပဲခူးတိုင်း အန်အယ်လ်ဒီပါတီဆိုင်းဘုတ်ဖြုတ်
ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် ၂၃လမ်း အမှတ်(၉၁) ဦးမြတ်လှနေအိမ်တွင် တရားဝင်တင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းစည်းရုံးရေး ဆိုင်းဘုတ်အား ယမန်နေ့မွန်းလွဲပိုင်းက ဖြုတ်ချခဲ့ပြီးဖြစ်ကြောင်း ပဲခူးမြို့ခံများက ပြောသည်။
"အခုဟာက ဦးမြတ်လှက သူ့သဘောနဲ့သူဖြုတ်တာပါ။ သူ့အိမ်မှာ တိုင်းစည်းဆိုင်းဘုတ်နဲ့ မြို့နယ်စည်းဆိုင်းဘုတ် နှစ်ခုရှိတာကို တိုင်းစည်းဆိုင်းဘုတ်ကိုပဲ ဖြုတ်ပစ်လိုက်တာ။ အာဏာပိုင်တွေ ဖိအားမရှိဘဲ ခုလိုကြီးဖြုတ်ပစ်တာကို ကျနော်တို့ လူထုကတော့ သဘောမကျဘူးဗျ"ဟု ပဲခူးမြို့ခံတဦးက ပြောသည်။
အဆိုပါလုပ်ရပ်အား မြို့ခံလူထုနှင့်ပါတီဝင်များက မကျေနပ်ကြသောကြောင့် အန်အယ်လ်ဒီဗဟိုသို့ တိုင်တန်းထားသည်ဟု ပဲခူးအန်အယ်လ်ဒီပါတီဝင်တဦးက ပြောသည်။
"သူ့ကို တိုင်းစည်းထဲကနေ တနှစ်အနားပေးထားတာကို မကျေနပ်လို့ ခုလိုလုပ်တယ်လို့ ပဲခူးပါတီဝင်တချို့နဲ့ မြို့ခံတွေက ယူဆနေကြတောပေါ့။ဘာပဲဖြစ်ဖြစ်ပေါ့ ဒီလိုအရေးကြီးနေချိန်မျိုးမှာ ဒါမျိုးမလုပ်သင့်ဘူးထင်တယ်လေ"ဟုလည်း ပါတီဝင်က ဆက်လက်ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးမြတ်လှထံဆက်သွယ်၍ မရသေးပေ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကမူ လာမည့် မေလ (၇) ရက်နေ့ နောက်ပိုင်း ပါတီ ဆိုင်းဘုတ်များကို ဖြုတ်မည် မဟုတ်ကြောင်း မကြာသေးခင်က ဆုံးဖြတ်ချက်ချ မှတ်ထားသည်။
ပဲခူး ဗုံးကွဲ
ယမန်နေ့ညနေပိုင်း ၄နာရီခွဲခန့်တွင် ပဲခူးအမှတ်(၃) ရဲစခန်းပိုင် မြို့သစ်ရပ်ကွက် ၊ မြေတိုင်(၇)အပိုင်းတွင် ဗုံးပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့သည်။
"ကလေးတယောက်က ဖိနပ်တရံကောက်ရလာတယ်။ အဲဒီဖိနပ်ထဲမှာ စီးကရက်အစီခံလုံးအရွယ် အလုံးလေးတွေ သုံးလုံးပါတယ်တဲ့။ အဲဒါကို ကလေးက ဘက်ထရီနဲ့ သွားထောက်ကြည့်တော့ ကွဲတာပဲ။ကလေးတယောက်ပဲ ဒဏ်ရာရပါတယ်။ ပတ်ဝန်းကျင်တော့ ဘာမှမဖြစ်ဘူး"ဟု ရပ်ကွက်သားတဦးက ပြောသည်။
ပဲခူးအမှတ် (၃) ရဲစခန်းအနီးရှိ အနှိပ်ခန်းရုံဘေးအမှိုက်ပုံမှ ထိုဖိနပ်ကို ကလေးက ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ရပ်ကွက်သားများက ပြောသည်။
ပြည်တွင်းအသံ
ဆက်လက်စုံစမ်းပေးကြပါရန်
ပဲခူးတိုင်း အုပ်ဖို မြို့နယ် သရက်ပင်ဆိပ် ကျေးရွာတွင် မြို့နယ် တွင်းကြံဖွံ များဖြစ်ကြသော ဦးခင်စိန်နှင့် ဦးတင်စန်းတို့မှမြို့နယ်တွင်း
တွင်ချဲဒိုင်ကိုဦးစီးပြုလုပ်ပြီးမတရားအမှူ့ဆင်ပြီးပြည်သူလူထုအားခြိမ်းခြောက်ကာ၂၀၁၀ ရွေးကောက်ပွဲအတွက်သူတို့၏ကြံဖွံ့အဖွဲ့ အတွတ်အတင်းအဓမ္မမဲဆွယ်ကာစာရွက်ဗလာများပေါ်တွင်အတင်းလက်မှတ်များကြိုတင်လက်မှတ်ရေးထိုးခိုင်းခြင်းများးကိုပြုလုပ်နေကြပါသည်။ သို့ပါသော်ကြောင့်ယခုလိုပြုလုပ်နေသောကြံဖွံများနှင့်ပဲခူးတိုင်းတိုင်းမှုးသန်ဌေးတို့မှအတင်းဖိအားပေးခြိမ်းခြောက်ကာ ၂၀၁၀ အတွတ်ကြိုတင်မဲပေးစနစ်နှင့်အတင်းလတ်မှတ်ထိုးခိုင်းခြင်းများပြုလုပ်နေကြပါသည်။ အထက်ပါဖြစ်ရပ်ကိုတာဝန်သိပြည်သူများမှဆက်လက်ဖေါ်ထုပ်ပေးကြပါရန်မေတ္တာရပ်ခံတိုက်တွန်းလိုက်ရပါသည်။
Wednesday, April 7, 2010
***နန်းမထိုက်တဲ့ပန်းမကိုဋ်***
ဟိုတစ်ခိုင်ဒီတစ်ခိုင်နှင့်
လှမ်းတက်နေလိုက်တာ
ကြည့်စမ်း…………..
တစ်ပွင့်တစ်ခက်
နွမ်းပျက်ပေမယ့်
မစွန့်ရက်မပစ်ရက်
လွမ်းဖက်နေလိုက်ကြတာ…
ပန်သူပန်မွှေးသူမွှေး
ပိတောက်ပန်းလေးတဲ့…
အရောင်တူ
ရာသီတူ
အလှသွေးခြင်းတူပါရဲ့
ဆန်းပြားနေတာက….
လွမ်းသူမရှိ
ပန်သူမရှိ
မွှေးသူမရှိနဲ့
အားငယ်ရှာတဲ့
ငုဝါ…..
သြော်………မင်းဘဝဟာ
နန်းမထိုက်တဲ့ပန်းမကိုဋ်ပါလား………….။
ထက်ဝေနော်
ပိတောက်မြို့ရိုးအလွန်
Thingyan Padauk eBook
ပိတောက် လှုပ်ရှားမှု
ဦးအောင်ဆန်းဦးရဲ့ အိမ်
ဦးအောင်ဆန်းဦးတယောက် ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမွေအမှုနဲ့ မွှေနေခဲ့တာကြာပါပြီ။ အခုလည်း လုံခြုံရေးအတွက် အိမ်ပြင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်မပြင်နိုင်အောင် တရားရုံးမှာ ကန့်ကွက်ပါသတဲ့။ ဒီနေ့တော့ ဦးအောင်ဆန်းဦးရဲ့ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီဆိုပဲ။
တကယ်တော့ ဒါတွေဟာ စစ်အစိုးရက သူ့ဇနီးဒေါ်လဲ့လဲနွယ်သိန်းကတဆင့် စည်းရုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပေါ်အောင် ဆောင်ရွက်နေတာပါလို့ ထောက်လှမ်းရေးဟောင်းတွေက ပြောကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမွေမှုနဲ့ မွှေနေတဲ့ ဦးအောင်ဆန်းဦးအိမ်ကိုလည်း ကျနော်တို့ရဲ့ အထူးသတင်းထောက်ကြီးက တလောကပဲ အိမ်တွင်း အိမ်ပြင် အိမ်ပေါ် ၀င်မွှေ နိုင်ခဲ့ပါသဗျာ။ ကဲ....ပုဂံမှာ တိတ်တဆိတ်ဆောက်ထားတဲ့ ဦးအောင်ဆန်းဦးအိမ်ကို ရှုစားတော်မူကြပါ...(ကှ်ျပုံများကို အသုံးပြုလိုပါက မင်းနိုင်သူဘလော့မှ ယူကြောင်း ဖော်ပြပေးကြပါရန် )
ဦးအောင်ဆန်းဦး လျှောက်ထားချက် ရန်ကုန်တိုင်း တရားရုံးပယ်ချ
ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်နေမှု အတွက် တားဝရမ်း ထုတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဦးတိုက် လျှောက်ထား ခြင်းကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ် လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက ဇန်န၀ါရီလက တရားဝင် ကန့်ကွက် လိုက်ပြီးနောက် ယနေ့ နေ့လယ် ၁ နာရီတွင် အမိန့်ချမှတ်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
အင်လျား ကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေရာ အမှုရင်ဆိုင်နေရဆဲ နေအိမ် (ဓာတ်ပုံ - EPA)
“ဦးအောင်ဆန်းဦး တင်တဲ့ ယာယီတားဝရမ်း ထုတ်ပေးပါဆိုတဲ့ လျှောက်လွှာကို ပယ်တယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ကျနော် မြင်သော အယုဒ္ဓယ
၎-၄-၂၀၁၀။ အယုဒ္ဓယကို ရောက်တာ သုံးခေါက်မြောက်ပါ။ အရင်အခေါက်တွေက ကင်မရာမရှိသေးလို့ ဒီအတိုင်းပဲ လျှောက်ကြည့် ပြန်လှည့်....။ ဒီတခေါက်တော့ ရုံးက ကင်မရာ ပေးထားတဲ့အတွက် စိတ်တိုင်းကျ လက်ကမြင်းနိုင်ခဲ့ပါတယ်။ ကျနော်မြင်ခဲ့သမျှ ကူးလူးခံစားကြတာပေါ့နော်။ ဘယ်နေရာက ဘာပါဆိုတဲ့ စာညွှန်းတွေတော့ ထည့်မပေးလိုက်တော့ဘူး။ ကိုယ်တိုင်ရောက်မှ ဘွားကနဲ မြင်လိုက်ရတဲ့ အရသာက ပိုကောင်းမယ်ထင်လို့ပါ။( ကျနော် စိတ်တိုင်းကျ လက်ကမြင်းထားတဲ့ပုံတွေကို ယူသုံးနိုင်ပါတယ်။ credit ပေးရင်လည်း ပေး မပေးရင်လည်း နေပါ)
ရန်ကုန် လူ့မလိုင် မြန်မာအီးဂရက်စ် ကျောင်းသားများ နိုင်ငံရေးပါတီထောင်မည်
ရန်ကုန်မြို့ သမ္မတဟိုတယ်အခြေစိုက် မြန်မာအီးဂရက်စ် (Myanmar Egress)ကျောင်းသားဟောင်းများအနေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ပြီး နအဖစစ်အစိုးရ ကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ အဲဒီအဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာတင်မောင်သန်းက ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ ကျင်းပ ခဲ့တဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲမှာ နိုင်ငံရေး ပါတီ ထောင်မယ်လို့ ပြောလိုက်ကြောင်း တက်ရောက်သူတွေက ပြန်ပြောပါတယ်။
Tuesday, April 6, 2010
တောင်းဆိုချက်အသစ် ၀ခေါင်းဆောင် တောင်းဆို
၂၀၀၉ နိုဝင်ဘာ ၁၀ ရက် နေ့ရက်စွဲဖြင့် နအဖထံတောင်းဆိုထားသည့် အချက် ၉ ချက်အားပယ်ဖျက်ပြီးနယ်ခြားစောင့် တပ်အသွင်ရေးဆိုင်ရာ အဓိကအကြောင်းအရာ ၈ ချက်ပါ တောင်းဆိုချက်အသစ်ဖြင့် မတ်ခ်ျ ၃၁ ရက်နေ့ က ၀ ခေါင်းဆောင် ပေါက်ယူချမ်းမှ ထပ်မံ စာရေးတောင်းဆိုခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
ရခိုင်သင်္ကြန်
* RAKHINE TRADITIONAL WATER FESTIVAL
(Thungran)
IN BRIEF
Organized by
Arakanese literature and Culture Committee
(Rangoon)
1. Meaning of "Thungran"
* Thungran= Transition (derives from Pali as well as Sanskrit)
* Thungran days are celebrated at the transitional time from old year to new on the
month of Tankhu (April), the month of Rakhine or Myanmar Calendar year.
* The Rakhine calls that month as " Tar ku la" that means the transitional month.
2. Brief History of "Thungran"
* In BC 528, during the reign of King Sada Suriya of Dannya Waddi, the Lord Buddha together with 500 disciples visited Selagiri Kyauktaw Hill according to the telepathic request and invitation by the King who was much closed friend of Buddha in the past life. In the moment, a replica of Lord Buddha namely "Mahamuni" was casted to be worshipped by the King and Rakhine people. Then the sacred Buddha Image was poured and offered with the sweet smelling creamy water (Nan tha re).
* Since then, the trandition it appeared for Rakhine people cleansing and offering of the Nan the re to Buddha statues.
* With the reaming Nan tha re, Rakhine people pour on each other and the tradition of "Thungran Water Festival" emanated from that time till the date.
3. Celebrating Rakhine Thungran Traditionally
* Rakhine Thungran is usually celebrated in three categories, namely (1) Nantha Grinding Ceremony, (2) Nantha Pouring to Buddha Statues, and (3) Water Festival.
* As of Buddhism-related festival, Rakhine people cleans the monasteries and its ordination building (Thein) with water in every wards and village on the eve of Thungran.
* At that evening, Rakhine girls assemble at a pagoda plafform or a hall bringing sandle woods of white and red (Nantha Phyu and Nantha Ni). They grind the Nantha pieces or blocks on the face of Kyauk-pyin (round flat rock) to obtain the creamy sweet smelling Nantha. At the same time, the young Rakhine men cheer and sing songs with the musical instruments to make the Nantha Grinding event into a competition. The Nantha creams are well preserved in pots or containers.
* The next morning (Thungran Ah Kya Day), the people go the pagodas and monasteries and do the cleaning and offering of the Nantha to Buddha statues. Then the Five Concepts of Sila are received from monks to whom offering are delivered. Thereafter, young men clean Buddha statues of the monastery, while young girls pour Nantha creams to those statues. Indeed, that is the gesture of welcoming to Thungran.
* The opportunity of watering each other in the pandals during the days from Akya to Attat is the effectionate and efficacious tryst for boys and girls.
* Each pandal built of wood and bamboo, decorated with plam leafs and padauk flowers, is placed with a long boat filled with water therein. Wooden barricades with decorations are built firmly in front of it. Pandals are used to be named in lively titles and well decorated name board is set up at the forefront thereof. Generally, water throwing period prolongs from 10 am to 4 pm daily.
* Throwing water in the Pandals
o The pandal girls have to sit facing the boat with the backs to the open side of pandal.
o Boys either in group or individually roaming around and reveling songs and rhymes, come into the pandal to paly watering with pandal girls. On request to the pandal supervisor ladies, they will choose the girl with whom they would like to play wartering with. The chosen girl then offers a bucket of water to the boy and he will start to play water, then the girl responses watering with her own bowl. Others while waiting their turn outside the pandal will play music, songs or rhymes. Necessary measures are pre-arranged to avoid discontent with regard to priority to enter the pandal.
o Such traditional water throwing of Rakhine national is unique among other nationals of Myanmar.
o By kumara
o Rangoon.Myanmar.
(၂၁) ဦးအဖွဲ့က ပြည်သူ့အစိုးရဖွဲ့ရန်တိုက်တွန်း
Decision of Meeting (April 3 - 2010)
မီတာထိန်းသိမ်းခ တဆထပ်တိုးပြန်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မီတာထိန်းသိမ်းခကို (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်သို့ တဆ တိုးမြှင့်ကောက်ခံနေပြီဖြစ်ကြောင်း ယနေ့ မီတာခသွားရောက် ပေးဆောင်ခဲ့သော ပဲခူးဒေသခံများက ပြောသည်။
“ ဒီနေ့ရုံးကိုသွားတော့ ။ မီတာခက သုံးထောင်ကျော်ကျနေတယ်ဗျာ။ အရင်က နှစ်ထောင်ကျော်ပဲ ကျခဲ့တာ။ဒါနဲ့ မေးကြည့်တော့ မီတာထိန်းသိမ်းခ တက်တာပါတဲ့။ ဘာလို့တက်တာလဲလို့မေးတော့ သူတို့လည်း မသိပါဘူးတဲ့။ ညွှန်ကြားချက်ရောက်လို့ တက်တာပါလို့ပဲပြောတယ်။ မီးကမလာ မီတာခကတက် ကုန်ဈေးနှုန်းကတက်နဲ့ ကျနော်တို့တော့ အခက်ပါပဲ”ဟု ပဲခူးဒေသခံတဦးက ပြောသည်။
နအဖစစ်အစိုးရက ၂၀၀၆ခုနှစ် အောက်တိုဘာလကလည်း မီတာထိန်းသိမ်းခများကို ငါးဆအထိတိုးမြှင့်ကာ ငါးရာကျပ်ကောက်ခံနေရာမှ ယခု ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။
“အဲဒါဟုတ်ပါတယ်။ ဦးဇင်းတို့ကျောင်းလည်း မီတာခတိုးဆောင်ခဲ့ရတယ်လို့ ကျောင်းဂေါပကအဖွဲ့က ပြောတယ်။ဦးဇင်းတို့ စာသင်တိုက်ဆို တလတလကို မီတာခ သောင်းချီဆောင်ရပါတယ်”ဟု ရန်ကုန် ဗဟန်းကျောင်းတိုက်တခုမှ သံဃာတော်တပါးက မိန့်သည်။
အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနက ၂၀၀၆ခုနှစ် မေလကလည်း မီတာခများ တိုးမြှင့်ကောက်ခံခဲ့ရာ ယခုအခါ အိမ်သုံးမီတာ တယူနစ်လျှင် ၂၅ကျပ်နှုန်းပေးဆောင်နေကြရသည်။
ယခု မီတာထိန်းသိမ်းခတိုးမြှင့်ကောက်ခံပြီး မကြာမီ မီတာခများ ထပ်တိုးလာမည်ဆိုသော သတင်းများလည်း ပေါ်ထွက်နေသည်။
ရန်ကုန်မြို့မှအင်တာနက်ဆိုင်ပိုင်ရှင်တဦးက“မီတာခထပ်တက်မယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရတယ်ဗျာ။ သူတို့က ပုဂ္ဂလိက လွဲပြောင်းပေးမယ်လို့ကြားတယ်။ ပုဂ္ဂလိက လွဲပြောင်းပေးလိုက်ရင်တော့ သေချာပေါက်ထပ်တက်လာမှာပဲဗျ။ လောင်စာဆီဈေးပဲကြည့်လေ ပုဂ္ဂလိကပိုင် လွဲလိုက်တာနဲ့ ထိုးတက်သွားတာ။ ကျနော်တို့ ဆိုင်တွေကတော့ မီးလာလည်း မီတာခကတက် မီမလာလို့ မီးစက်မောင်းလည်း ဒီဇယ်ဈေးကတက်ဆိုတော့ အသုံးပြုခအပေါ် ထပ်တင်ရုံပဲ ရှိတာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်သုံးမီတာအပါအ၀င် မီတာအလုံးရေ (၅) သန်းကျော်ရှိရာ မီတာတလုံးလျှင် (၅၀၀) ကျပ်တိုးလိုက်ခြင်းဖြင့် စစ်အစိုးရအနေဖြင့် ဘဏ္ဍာငွေ ကျပ်သန်း (၂၅၀၀) ကျော် ရရှိသွားလိမ့်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုသည်။
Monday, April 5, 2010
ဟ ဟ
ဆင်သတ်သည်ဟု စွပ်စွဲကာ ကလေးစစ်သားစုဆောင်း
စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ် ၊ တပ်ကုန်းကျေးရွာအုပ်စု ၊ မှန်စောက်ကျေးရွာနေ ဦးသိန်းအောင် ၊ ဒေါ်ဝင်းမေတို့အား ဆင်သတ်သည်ဟု စစ်တပ်က စွပ်စွဲခြိမ်းခြောက်ကာ ကလေးတောင်းပြီး စစ်သားအဖြစ်စုဆောင်းသွားခဲ့သည်။
ကျော်သူ လုပ်ကြံခံရခြင်း
ကျနော့် မေးလ်ဆီဝင်လာတဲ့ သတင်းလေးပါ။ ပေးပို့သူက ဒီခေါင်းစဉ်ကို ပေးထားတာပါ။ ကျနော်မပြင်လိုက်တော့ပါဘူး။ သူ့မူရင်းအတိုင်းပဲ ပြန်တင်ပေးလိုက်ပါတယ်။
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုကျော်သူအား သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးများ ပါရှိနေသည့် Facebook Website ရှိ KyawthuFans တွင် Post များ၊ Comments များ ရေးသားမရခြင်းနှင့် သတင်းဆောင်းပါးအသစ်များ မပါရှိတော့သည့်အတွက် မေးမြန်း ကြည့်ရာတွင် ကိုကျော်သူမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်သတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်သတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook Website ကုမ္မဏီကို လုပ်ကြံဇာတ်ခင်းပြီး ပိတ်ခိုင်းလိုက်တာ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Gmail (ဂျီမေး)ကိုလည်း ပိတ်မယ် .. ဘာညာနဲ့ Warning (သတိ) ပေးပြီး အကြောင်းကြား စာပို့ခံရတယ်။
ဘာတွေလည်းဗျာ .. အေးအေးဆေးဆေး အခမဲ့ မသာချပေးနေတဲ့ သူကို လာတိုက်ခိုက်တာ။ အခမဲ့ မသာချပေးနေတဲ့ သူကို မနာလိုတွေဖြစ်နေတာ။ ရှင်းရှင်းပြောရရင် ကျွန်တော် အလုပ်ကြံခံရတာပဲ။ ကျွန်တော်ကတော့ အေးဆေးပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ပိုင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ၀ဋ်လည်လိမ့်မယ်လို့ပဲ ပြောလိုက်ပါမယ်။ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်နော့ . . . . ။
ကျွန်တော် နောက်ထပ်ပြီးတော့တင်ဖို့ ဆောင်းပါးလေးတွေ ရေးထားတာ ရှိတယ်။ ယခု ကျွန်တော်ရဲ့ kyawthufans အပိတ်ခံထားရတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သတင်း၊ ဆောင်းပါးတွေတင်ဖို့ ရေးထားတာတွေလည်း တင်လို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော် “ မျိုးဆက်သစ် Hip Hop လူမှုရေး သူရဲကောင်းများ” ဆိုတဲ့ ဆောင်းပါးလေး တင်ဖို့ ရှိပါတယ်။ တင်လို့ပြန်ရခဲ့ရင်တော့ Fans ပရိတ်သတ်များ အသစ်ထပ်ပြီး ဖတ်ရှုအားပေးလို့ ရမှာပါ…) ဟု ဖြေကြားသွားပါသည်။