နအဖစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောထားတဲ့ ၂၀၁၀ခုနှစ်ကို ဖြတ်သန်းဖို့ (၁၀) လတာပဲ လိုပါတော့တယ်။ သို့သော်ငြားလည်း နအဖစစ်အစိုးရက အခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ မထုတ်ပြန်သေးသလို အန်အယ်လ်ဒီပါတီကလည်း ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး ယတိပြတ်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒုတိယမ္ပိသို့သော်ငြားလည်းပေါ့လေ ပြည်ပသတင်းမီဒီယာတွေကတော့ ရွေးကောက်ပွဲကို စောင့်ကြည့်ကြဖို့ တက်ကြွနေကြပါတယ်။ ဒီနှစ် ချင်းမိုင်မှာ ပြုလုပ်တဲ့ (၇) ကြိမ်မြောက် သတင်းညီလာခံကြီးမှာတောင် ဒီကိစ္စကို
အသဲအမဲဆွေးနွေးကြတဲ့အပြင် ပြည်တွင်းကနေ ရွေးကောက်ပွဲဝင်ရေး လာလှုံ့ဆော်တဲ့ လူကြီးမင်း တွေကိုတောင် အခမ်းအနားနဲ့ကို ရွေးကောက်ပွဲဝင်ရေးကိစ္စ ဆွေးနွေးခိုင်းကြပါသတဲ့။ အဲ မြန်မာ့အရေးစောင့်ကြည့်လေ့လာသူလို့ဆိုတဲ့ လယ်ရီဂျေဂင်ဆိုသူဟာလည်း မီဒီယာသမားတွေဟာ ရွေးကောက်ပွဲတရားမျှတမှုရှိမရှိကိုပဲ စောင့်ကြည့်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို သုံးသပ်ဖို့ရာက နိုင်ငံရေးသမားတွေ အလုပ်ဆိုပြီး လက်ချာပေးသွားလေရဲ့။ သဘောကတော့ဗျာ ဖွဲ့စည်းပုံကို မီဒီယာတွေ ဝေဖန်မနေကြနဲ့ တော့ပေါ့။ ဟုတ်ကဲ့ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးဆိုတာဟာ ဖွဲ့စည်းပုံကို ပြင်မပြင်ဆိုတာကို မူတည်ပြီးမှ နောက်တလှမ်းလှမ်းကြရမှာမို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီကြီးကတောင် ရွှေဂုံတိုင်ကြေညာချက်ထဲမှာ ထည့်သွင်းတောင်းဆိုထားရပါသကော...။ ဒါကြောင့်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာ အရေးကြီးဆုံးဖြစ်ပါကြောင်းနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတို့ ဘာတွေပြင်ဆင်ထားကြပါသလဲဆိုတာကို လူထုနဲ့ နီးစပ်သူတဦးဖြစ်တဲ့ လမ်းပြကြယ်ရှေ့နေကြီး ဦးအေးမြင့်က ဆွေးနွေးမေးမြန်းသွားကြောင်းပါခင်ဗျား......
No comments:
Post a Comment