Showing posts with label တနင်္ဂနွေပန်းတော်ဖြေ. Show all posts
Showing posts with label တနင်္ဂနွေပန်းတော်ဖြေ. Show all posts
Friday, November 5, 2010
Tuesday, June 29, 2010
Saturday, June 19, 2010
မင်္ဂလာဆုတောင်း
မင်္ဂလာဆုတောင်းတဲ့ ၊ အလင်္ကာကျော်စွာ ရွှေပြည်အေးရဲ့ သီချင်းလေးတပုဒ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့ဆုတောင်းသီချင်းအဖြစ်ရော ၊ ကျနော့ဘလော့ ပရိတ်သတ်တွေအတွက်ရော ဒီတပတ် တနင်္ဂနွေပန်းတော်ဖြေကဏ္ဍကနေ ဆုတောင်းပေးလိုက်ပါရဲ့ဗျာ...
Thursday, May 27, 2010
နေ့သစ်ကို ကြိုဆိုကြပါစို့
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မတိုင်မီ ထွက်ရှိလာတော့မယ့် ထက်အောင်ရှိုင်းရဲ့ တေးစုခေါင်းစဉ်သီချင်းလေး တပုဒ်ပါ.....
Monday, May 24, 2010
ဆုံးရှုံးမှုတွေထွေးပိုက်ရင်း တမ်းတမိတယ်အမိမြေရယ်
ဒီတပတ် တနင်္ဂနွေပန်းတော်ဖြေကဏ္ဍအတွက်ပါ။ အသံကြားတာနဲ့ ထက်အောင်ရှိုင်းမှန်း သိပီးသား။ မင်း ၀င်ဝင်ပြီး လေမရှည်နဲ့လို့ သြဘာပေးကြလွန်းလို့ ဒီတပတ်တော့ ဘယ်သူဆိုတာ ဘာအကြောင်းဆိုတာတွေ ပြောတော့ဘူးနော်။
Wednesday, May 19, 2010
ပါတီဆယ်ကိုယ်ခွဲတဲ့ ရွေးကောက်ပွဲ
ခင်များတို့ ကျနော်တို့ရဲ့ မိတ်ဆွေကြီး ကိုထက်အောင်ရှိုင်းရဲ့ သီချင်းသစ်လေးပါ။ ကိုယ်ခွဲပါတီတွေနဲ့ လူထုကို ကလေးမျက်လှည့်ပြချင်နေတဲ့ စစ်အာဏာရှင်တွေကို သရော်ထားသလို လောကမှာ ဓမ္မတရားတွေလျော့ပါးလာတာကိုလည်း "ဒီကမ္ဘာကြီးထဲတွင် လွတ်လပ်ခြင်း မျှတခြင်း သက်သေမရှိပါ အရှင်းသားပင်"ဆိုပြီးတော့လည်း လောကကြီးကို သရော်ထားပါတယ်။ ကိုထက်အောင်ရှိုင်းရဲ့ ပရိတ်သတ်တွေ ကျေနပ်စေမယ့် သီချင်းလေးတပုဒ်ပါပဲ...ကဲ..ကျနော်တို့ နားဆင်ကြည့်ရအောင်လား...
Saturday, April 10, 2010
၂၀၁၀ သင်္ကြန်သီချင်းသစ်များ
သံဃာတော်တွေ ရုံးခန်းဖွင့်လှစ်နိုင်ဖို့ ကူလုပ်ပေးပြီး ပြန်ရောက်တော့ ည (၁၁) နာရီ ကျော်နေပြီ။ ရောက်ရောက်ချင်းပဲ တနင်္ဂနွေပန်းတော်ဖြေ ကဏ္ဍအတွက် ဘာတင်ရကောင်းမလဲလို့ ခေါင်းစားရတယ်။ သူများနဲ့ မတူတာလေးတွေ ပေးချင်တဲ့ ကျနော့်အတွက် တင်စရာကလည်း အရှားသား။ ဒီလိုနဲ့ ဗျာများနေတုန်း ဂျီတော့ပေါ်မှာ သိကြားမင်းပေါ်လာသဗျာ။ သင်္ကြန်သီချင်းသစ်တွေ ပေးမယ်လို့ သိကြားမင်းက မိန့်တော့ အချိုရှာ သကာတွေ့ ဖြစ်သွားတာပေါ့။
ဘယ်က သိကြားမင်းကမှာလည်း မလေးရှားက သိကြားမင်းပေါ့။ ခင်များတို့သိကြမှာပါ။ ဒီဗွီဘီမှာ တေးသီချင်းတွေနဲ့ အမြဲတမ်း ဖျော်ဖြေတတ်တဲ့ ကိုထက်အောင်ရှိုင်းလေ။ သူ့ဆီက သီချင်းတွေလည်း ရရော အသံဖိုင်တင်ဖို့ လုပ်ရတယ်။ ဘလော့နည်းပညာနဲ့ ထိတွေ့စ ကျနော့်အတွက် အသံဖိုင်တင်ရေးက ချွေးပြိုက်ပြိုက် ကျစေသဗျာ။ ကျည်ဆံရထားပြီး သေနတ်ပျောက်နေသလိုခံစားရတာကြောင့် တညလုံးကြိုးစားပေမယ့် မရဘူးဗျာ။
အဲ…မိုးလည်းလင်းရော ဒုတိယမ္ပိ သိကြားမင်းနဲ့ တွေ့ပြန်ရော။ ဒီသိကြားမင်းကတော့ အမေရိကားက ကိုရဲမင်းထွန်းပါ။ သူ့ကြောင့် အသံဖိုင်တင်နိုင်ခဲ့တယ်။
ကဲ….သင်္ကြန်သီချင်းသစ်တွေကို ပရိသတ်ရင်ထဲ ပစ်ထည့်နိုင်ပါပြီဗျာ။ ဒီသီချင်းတွေအတွက် ကိုထက်အောင်ရှိုင်းက စာသားရှာပြီး သီဆိုသူတွေကတော့ ထက်အောင်ရှိုင်း ၊ စက္ကနဲ့ ဂျာနှုးတို့ ဖြစ်ပါကြောင်း ဖော်ကောင်လုပ်လိုက်ရပါသဗျား….။
(သိကြားမင်းနှစ်ပါး ကျေးဇူးပါဗျား)
အာဏာရှင် ဘုံသရဲ
စက်တင်ဘာသံဃာ
ယောရုဝ
သြော်..သန်းရွှေ

Saturday, March 27, 2010
ဒီတပတ်တော့ တနင်္ဂနွေပန်းတော်ဖြေကဏ္ဍအတွက် ဇာတ်ကားဟောင်းလေး တပုဒ်ရွေးထားတယ်ဗျ။ ဟောင်းပေမယ့် ကောင်းတယ်နော်။ ၁၉၅၄ခုနှစ်က ဂျပန်-မြန်မာပူးပေါင်းပြီး မြန်မာပြည်အတွင်းမှာ ရိုက်ကူးခဲ့တဲ့ ဗမာ့စောင်းဆိုတဲ့ ဇာတ်ကားပါ။ မြန်မာ့ရုပ်ရှင်လုပ်ငန်းက ထိန်းသိမ်းထားတဲ့ ဇာတ်လမ်းတွေထဲမှာတောင် မရှိတော့ဘူးဆိုတဲ့ ဒီဇာတ်ကားမှာ အခုချိန်ထိ ခေတ်မီနေတဲ့ ကင်မရာအယူအဆ ရိုက်ကူးချက်တွေကိုလည်း တွေ့ကြရပါလိမ့်မယ်။ ဒီဇာတ်လမ်းကိုပဲ ဂျပန်ဘာသာပြန်တွေ အရေးများတဲ့ စာရေးဆရာ ရဲမြလွင်က ၀တ္ထုအဖြစ်ရော ရုပ်ပြဇာတ်လမ်းအဖြစ်ပါ ရေးသားခဲ့ဖူးပါတယ်။ ဇာတ်လမ်းကိုတော့ ပြောမပြတော့ဘူးနော်။ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါတော့။
Find more videos like this on .
ှဗမာ့စောင်း အပိုင်း(၂)
Find more videos like this on .
Find more videos like this on .
ှဗမာ့စောင်း အပိုင်း(၂)
Find more videos like this on .
Friday, March 19, 2010
ဗေဒါလမ်း
ဒီနေ့ စနေနေ့ဆိုတော့ အားတယ်လေ။ ဘလော့ကို ကလိရင်း ကဏ္ဍသစ်လေးထပ်ထည့်ဖို့ ခေါင်းထဲပေါ်လာတယ်။ အသစ်တင်မယ့် ကဏ္ဍလေးရဲ့အမည်ကိုလည်း တနင်္ဂနွေ ပန်းတော်ဖြေလို့ ပေးဖို့ စဉ်းစားထားတယ်။ ပြည်တွင်းပြည်ပက မိတ်ဆွေတွေ အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါး ခံစားလို့ရမယ့်ဟာလေးတွေတင်မယ်ပေါ့။ ဘာအရင်တင်ရရင်ကောင်းမလဲ....စဉ်းစားနေလိုက်တာ...၂၀၁၀ ရွေးကောက်ပွဲအကြောင်းပဲ ခေါင်းထဲရောက်ရောက်လာတယ်။ နအဖ။ ၂၀၁၀ ရွေးကောက်ပွဲ။ အန်အယ်လ်ဒီနဲ့ဒေါ်အောင်ဆန်းစုကြည်ကို စည်းခြားစေမယ့် ရွေးကောက်ပွဲဥပဒေတွေ။
အော်..ဒေါ်အောင်ဆန်းစုကြည်....ဒေါ်အောင်ဆန်းစုကြည်...နအဖရဲ့နှစ်ရှည်လများ
တိုက်ခိုက်ခြင်းကို ခံစားခဲ့ရတယ်.......ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာထဲကလို ဘဲအုပ်က တရာနှစ်ရာ မဗေဒါက တပင်တည်းဆိုတာလို ဖြစ်နေပါရော့လား.....
"အဆင်းနဲ့ အလာ .....ဗေဒါမအထွေး...အုန်းလက်ကြွေ...သူ့နံဘေး....စောင့်ခဲ့ရသေး....ဆောင့်ခဲ့လည်း ...မသက်သာ...နောက်တချီ... ဒီတလုံးက ... ဖုံးလိုက်ပြန်ပါ"
သီချင်းလေး ညည်းရင်း အွန်လိုင်းဝင်မွှေနေလိုက်တာ။ ကံများကောင်းချင်တော့ မြို့မစိန်ရတုပွဲမှာ အနုပညာရှင်တွေက ဒီသီချင်းလေးနဲ့ဖျော်ဖြေသွားတာတွေ့လိုက်ရသဗျ။ အံမယ်....ဒီထက် ကံကောင်းပြန်တာက ဒီသီချင်းလေးကို မြို့မငြိမ်း ၀ဘ်ဆိုဒ်ထဲက ပြန်ရလိုက်တာဗျ။ မြို့မငြိမ်းဝဘ်ဆိုဒ်ရှိသလား မမေးနဲ့။ ဒီနှစ်မှ သင်္ကြန်အမီ တင်လိုက်တာတဲ့ဗျာ။ ငယ်ငယ်ထဲက ဘ၀င်ခိုက်ခဲ့ရတဲ့ မြို့မတီးဝိုင်းကို အခုလို ၀ဘ်ဆိုဒ်ပေါ်တွေ့လိုက်ရတော့ ရည်းစားဦးကို ပြန်တွေ့လိုက်ရသလိုပါပဲ။ ရင်တွေတောင် တလှပ်လှပ်ဖြစ်သွားသဗျာ။ အဲ...ဒါနဲ့လက်တို့ပြီးတော့ ပြောရဦးမယ်....အခုလေ မြို့မတီးဝိုင်းက ဦးဆောင်ပြီး မြို့မငြိမ်းကြေးရုပ်တု သွန်းလောင်းတော့မယ်ဆိုပဲ....ဘယ်နေရမှာ ထားမယ်ဆိုတာတော့ မသိရသေးဘူး။ နအဖစစ်အစိုးရရဲ့ ဖိနှိပ်မှုတွေအောက်မှာ အဘမြို့မငြိမ်းတယောက် ထိုက်သင့်လျောက်ပတ်တဲ့နေရာလေးတခုရပါစေလို့တော့ ဆုတောင်းရတာပဲနှော့။ နိုင်ငံကျော်ဂီတစာဆိုကြီးရုပ်တုဆိုတာ အများပြည်သူ ကြည့်သာမြင်သာတဲ့နေရာမျိုးမှာ ရှိသင့်တာကလား။ အသင်းရုံးထဲပဲ ထားရမယ်ဆိုရင်တော့လည်း မဟုတ်သေးဘူးလေ။ ကျုပ်တို့အညာလေသံနဲ့ပြောရရင်တော့ နေရာမကျဘူးလို့ ဆိုရမှာပ။ ကိုင်း..ဒီအကြောင်း....ဒီအကြောင်းတွေကို အကျယ်ကြည့်မယ်ဆိုရင်တော့ မြို့မ၀ဘ်ဆိုဒ် http://myomamusicmyanmar.ning.com/ ကိုသာ ကြွပေရော့နော်......

Subscribe to:
Posts (Atom)