Showing posts with label သတင်း. Show all posts

Monday, October 25, 2010
Wednesday, July 21, 2010
ရွှေတိဂုံ အရှေ့ဘက်မုခ် ကျောင်းတိုက်တချို့ ဖယ်ပေးရမည်
ခင်ဦးသာ Wednesday, July 21, 2010
ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်ရှိ ကျောင်းတိုက် တချို့တွင် သီတင်းသုံး နေကြသော ရဟန်း သံဃာတော်များကို ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းတိုက်များမှ ဖယ်ရှား ပေးရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။
ဖယ်ရှားရမည့် ကျောင်းများမှာ ရွှေင်္ဟသာ ပိဋကတ် ကျောင်းတိုက်၊ ညောင်တုန်း ပိဋကတ် ကျောင်းတိုက်၊ ဒေါ်လှဆင် ပိဋကတ် ကျောင်းတိုက် စသည့် ကျောင်းတိုက်များနှင့် အနီးရှိ လူနေတိုက်တာ အဆောက်အုံ တချို့တို့ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။
အဆောက် အအုံများမှာ ဟောင်းနွမ်းနေ၍ ပြင်ဆင်ရန် ဖယ်ရှားပေး ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ရက်တွင် ဖယ်ရှား မပေးပါက ရွှေတိဂုံ စေတီတော် ဂေါပက စည်းမျဉ်းအရ လည်းကောင်း၊ တည်ဆဲ ဥပဒေအရ လည်းကောင်း အရေးယူ သွားမည်ဟု ဇူလိုင် လဆန်းပိုင်းတွင် ပေးပို့သည့် ညွှန်ကြားစာ၌ ဖော်ပြထားသည်ဟု ဆရာတော် တပါးက မိန့်ကြားသည်။
ရပ်ကွက်သား တဦးက “ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေကြတဲ့ ဘုန်းကြီးတွေ အကုန်လုံးကို အမြန်ဆုံး ဖယ်ရှားပေးဖို့ရယ်၊ ကျနော်တို့ ရပ်ကွက်က လူနေတဲ့တိုက်က လူတွေလည်း ဆင်းပေးဖို့ လာပြောထားတယ်။ လူတွေက ကြိုက်တဲ့ အချိန် ပြောင်းလို့ ရပေမယ့် ဘုန်းကြီးတွေက ၀ါတွင်းဆိုတော့ ပိုပြီး အခက်တွေ့နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျောင်းတိုက်များတွင် ကျောင်းထိုင်ဆရာတော်များ အပါအ၀င် သံဃာတော် ၁၀ ပါး ၀န်းကျင်စီနှင့် သာမဏေများ သီတင်းသုံးနေသည့်အပြင် တပည့်ဒါယကာများလည်း နေထိုင်ကြကြောင်း၊ သံဃာများ သီတင်းသုံးလာသည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။
“ဘုန်းဘုန်း ဒီကျောင်းမှာ သီတင်းသုံးလာတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဟောင်းနေပြီဆိုပေမယ့် နှစ်ပေါင်း ၇၀၊ ၈၀ လောက် ကောင်းကောင်း နေလို့ရသေးတယ်။ ပျက်စီးယိုယွင်းနေတာ ဘာမှမရှိသေးဘူး။ လတ်တလောကြီး ဖယ်ရှားခိုင်းတာဆိုတော့ အကုန် ဒုက္ခတွေ့နေကြတယ်”ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ရွှေတိဂုံဘုရားဝန်းကျင်ရှိ အဆောက်အအုံအများစုမှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း ပြုပြင်ရန် လိုအပ်ပါက ပြုပြင် ၍ နေထိုင်ကြကြောင်း၊ ဖယ်ရှားပေးရခြင်းမျိုး မရှိခဲ့ဘူးကြောင်း၊ လူနေအိမ်များကိုသာ ဖယ်ရှားမှုမျိုး ရှိခဲ့ကြောင်း ဗဟန်း ၂ လမ်း ရပ်ကွက်သား တဦးက ပြောသည်။
ယခု ဖယ်ရှားခိုင်းသည် ပိဋကတ်ကျောင်းတိုက်များမှာ မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ၀န်းကျင်က ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ဇွန်လတုန်းကလည်း တခါလာပြီး ဖယ်ရှားခိုင်းသေးတယ်။ အဲဒီတုန်းကပြောတာ ပိုဆိုးတယ်။ ဒီတခါတော့ ဖယ်ရှားပေးမယ် ဆိုရင် ပိုက်ဆံ သိန်း ၃၀ ကျပ် ပေးမယ်ပြောတယ်။ ဘုန်းဘုန်းတို့က ငွေမလိုဘူး၊ သီတင်းသုံးဖို့ နေရာရရင် တော်ပြီ”ဟု ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။
ရဟန်းသံဃာများအား နောက်ဆုံးဖယ်ရှားခိုင်းသည့်ရက်မှာ ၀ါဆိုကာလ မတိုင်မီ နောက်ဆုံးရက်ဖြစ်နေ၍ ပိုမိုအခက် တွေ့နိုင်ကြောင်း၊ အာဏာပိုင်များက သီတင်းသုံးမည့်နေရာ စီစဉ်မပေးဘဲ မိမိတို့သွားလိုရာ သွားနိုင်သည်ဟု ပြောကြောင်း ရွှေ့ပေးရမည့် ကျောင်းတိုက်တခုမှ ကပ္ပိယတဦးက ပြောသည်။
ထိုကျောင်းတိုက်များမှ မပြောင်းရွှေ့ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့၊ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သို့ တောင်းဆို တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း ဆရာတော်တပါးက မိန့်ကြားသည်။
အဆိုပါ ကျောင်းတိုက်များနှင့် အနီးတ၀ိုက်ကို အာဏာပိုင်များက ရယူလိုခြင်းမှာ သီရိလင်္ကာနိုင်ငံသို့ ရောင်းချရန် စီစဉ်နေခြင်း ကြောင့်ဖြစ်ကြောင်း၊ ကျောင်းတိုက် တခု၏ တန်ဖိုးမှာ ကာလပေါက်ဈေး အနည်းဆုံး ကျပ်သိန်း ၃ ထောင်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မည်ဆိုပါက “ဤအဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံဖြစ်၍ နေထိုင်ရန်မသင့်” ဟု ဆိုင်းဘုတ်တင်လေ့ ရှိသော်လည်း ယခု ဖယ်ရှားခိုင်းသည့် အဆောက်အအုံများတွင် ယင်းသို့ကြောညာ အသိပေးထားခြင်း မရှိကြောင်း သိရသည်။

Tuesday, June 22, 2010
မြ၀တီတွင် မြန်မာဂျက်မ ဦးဆောင်ကာ ရွှေဆိုင်ဓါးပြတိုက်
ဲမြ၀တီမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကိုထွန်းအောင် မရွှေသန်း ရွှေဆိုင်တွင် ယမန်နေ့ညနေက သေနတ်ကိုင် ဓါးပြတိုက်မှုတရပ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဓါးပြအဖွဲ့တွင် အမျိုးသမီး တဦးနှင့် အမျိုးသားနှစ်ဦး ပါဝင်ပြီး အမျိုးသမီးက ရွှေပုံးကို သေနတ်ဒင်ဖြင့်ရိုက်ခွဲကာ ရွှေ ငါးဆယ်သားခန့်ကို ယူဆောင်သွားကြောင်း ဆိုင်ရှင်နှင့်နီးစပ်သူတဦးက ပြောသည်။
"အဲဒီအမျိုးသမီးကပဲ ဆိုင်ထဲကအထွက်မှာ ပစ္စတိုထုတ်ပြီး မိုးပေါ်ထောင် သေနတ် ၂ ချက်ဖောက်သွားပြီး ဆိုင်ကယ်တွေနဲ့ ပြန်ထွက်သွားတယ်"ဟု ၄င်းက ပြောသည်။

Saturday, June 12, 2010
နျူကလီးယား သတင်း မမှန်ဟု စစ်အစိုးရငြင်း
ကာတာနိုင်ငံ ဒိုဟာမြို့ အခြေစိုက် အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားဌာနမှ ဇွန် ၄ ရက်တွင် စတင် ထုတ်လွှင့်ခဲ့သော မြန်မာ နျူကလီးယား သတင်းသည် လီဆယ် လုပ်ကြံမှု ဖြစ်သည်ဟု စစ်အစိုးရပိုင် မီဒီယာများက ဖော်ပြသည်။
မန္တလေး တိုင်း ပြင်ဦးလွင်မြို့ (မေမြို့) ရှိ စစ်လက်နက် နည်းပညာဆိုင်ရာ တက္ကသိုလ် တည်နေရာပြ မြေပုံကို ဂြိုဟ်တုမှ တဆင့် တွေ့မြင်ရပုံ
ယမန်နေ့ည ကမ္ဘာ့ဖလား ဘောလုံး ကွင်းဖွင့်ပွဲ အပြီးတွင် အစိုးရ MRTV ရုပ်/သံ သတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပြီး ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ တွင်လည်း ယင်းသတင်းကို ဖော်ပြထားသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) နှင့် အယ်လ်ဂျာဇီးရားတို့ ပူးပေါင်း ထုတ်လွှင့်ခဲ့သော မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်နေသည့်သတင်းမှာ နိုင်ငံရေးအရ ထိုးနှက်ချက်များသာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အစိုးရပိုင် သတင်းဌာနများက ရေးသားသည်။
DVBသတင်းဌာန ချင်းမိုင်ဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က“ကျနော်တို့ သတင်းဌာနက သတင်းဌာနတွေလိုက်နာသင့်တဲ့ စည်း မျဉ်း စည်းကမ်းနဲ့အညီ လုပ်တာပါ၊ ဘယ်သူ့ကိုမှ စွပ်စွဲတာမျိုး မရှိပါဘူး ၊ ကျနော်တို့ ဌာနရဲ့ အဓိက ရည်ရွယ်ချက်က သတင်း ၊ ပညာရေး ၊ ဖျော်ဖြေမှုဆိုတာတွေ ပေးဝေဖို့ပါ၊ ဘယ်အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်ကိုမှ နစ်နာပါစေဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး ၊ ဒါပေ မယ့် တကယ်ဖြစ်ရင်တော့ ဖြစ်နေတာကို ဖြစ်တဲ့အတိုင်း ကျနော်တို့ သတင်းထုတ်မှာပါ"ဟု ပြောသည်။
နော်ဝေးနိုင်ငံ အခြေစိုက် DVB ရုပ်သံဌာနကို ၁၉၈၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ဖွဲ့စည်းခဲ့သည့် The National Endowment for Democracy (NED) က အဓိက ပံ့ပိုးပေးနေပြီး NED အဖွဲ့အတွက် ရန်ပုံငွေကို အမေရိကန်ကွန်ဂရက်က နှစ်စဉ် ငွေကြေး ထောက်ပံ့ ပေးနေသည်ဟုလည်း နအဖ သတင်းစာများတွင် ရေးသားထားသည်။
မြန်မာနျူကလီးယားဆိုင်ရာ သတင်း ထုတ်လုပ်ပေးခဲ့သည့် DVB ကို The National Endowment for Democracy (NED) အဖွဲ့က ထောက်ပံ့မှုများရှိသော်လည်း အဓိကပံ့ပိုးနေသည့် အဖွဲ့အစည်းမဟုတ်ဟု ကိုတိုးဇော်လတ်က ငြင်းဆိုလိုက်ပြီး ယခု မြန်မာ နျူကလီးယားသတင်း ပျံ့နှံ့မှုတွင် အမေရိကန်က နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည်ဟု နအဖ က စွပ်စွဲလိုခြင်းသာ ဖြစ် ကြောင်းလည်း တုံ့ပြန် ပြောဆိုသည်။
နအဖ သတင်းစာများတွင် DVB သည် လူသတ်သမား လေလှိုင်းသံ တခုဖြစ်သည်ဟုလည်း စွပ်စွဲ ရေးသားထားသည်။
“သူတို့ အစိုးရပိုင် သတင်းဌာနတွေက စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ လုပ်နေတာမှ မဟုတ်တာ။ ကျနော်တို့မှာက စကားလုံး အသုံး အနှုန်းကအစ သတိထားရပါတယ် ၊ နအဖ သတင်းစာတွေကတော့ တပ်ပြေး ၊ ၀ရမ်းပြေး ၊ လူသတ်သမား လေလှိုင်းသံ ဆိုတာ မျိုးတွေ သုံးထားတယ် ၊ အဲဒီလို အသုံးအနှုန်းတွေ ကြည့်ခြင်းအားဖြင့် ဒီသတင်းဌာနရဲ့အဆင့်အတန်းကို လူတွေ သိနိုင်တာပေါ့ဗျာ၊ မြန်မာပြည်ကလူတွေ သိကြပါတယ်"ဟု ကိုတိုးဇော်လတ်က ဆက်လက် ပြောဆိုသည်။
ယင်း စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းနှင့် ဥမင် လိုဏ်ခေါင်းဆိုင်ရာ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူက ယူဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယင်း လျှို့ဝှက် စီမံကိန်းများကို DVB နှင့် အယ်လ်ဂျာဇီးရား သတင်းဌာနများမှ တဆင့်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
ယင်း စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော“မြန်မာနိုင်ငံ နျူကလီး ယား ဆိုင်ရာ လူပ်ရှားမှုများ”စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည် ကိုတွေ့ရ သည်။
အဆိုပါ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် စစ်သက် ၁၅ နှစ်ရှိ ပြီး ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်သကဲ့သို့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ တဦး လည်း ဖြစ် ကြောင်း သိရသည်။
စစ်အစိုးရ သတင်းစာတွင် ဗိုလ်မှူးစိုင်းသိန်းဝင်းကို ဗိုလ်ကြီးအဆင့်သာရှိသည်ဟု ဖော်ပြမှုမှာလည်း မှန်ကန်မှုမရှိဟု ကိုတိုးဇော်လတ်က ဆက်လက်ပြောဆိုသည်။
“သူက ဗိုလ်မှူးပါ ၊ ဖြစ်တာတော့ မကြာသေးဘူး ၊ လပိုင်းပဲရှိသေးတယ် ၊ ဒါပေမယ့် နအဖက ရှုတ်ချချင်တော့ ဗိုလ်ကြီးအဆင့်ပဲ ရှိတယ်လို့ လုပ်တာပါ ၊ ကျနော်တို့ တော်တော်ကြာကြာကတည်းက သူနဲ့ ချိတ်ဆက်မိထားတာပါ"ဟု ၄င်းက ဆိုသည်။
မြန်မာနျူကလီးယားသတင်း အယ်လ်ဂျာဇီးရားမှထုတ်လွှင့်ပြသမှု မတိုင်ခင်တွင် မြန်မာစစ်အစိုးရနှင့် ပုလဲပနံသင့်သော အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်ခရီးစဉ်ကို မြောက်ကိုရီးယားနှင့် နျူကလီးယား ဆက်ဆံရေးကြောင့် ဟုဆိုကာ ဇွန်လ ၃ ရက်နေ့တွင် ရုတ်တရက် ဖျက်သိမ်းခဲ့သည်။
စင်ကာပူ နိုင်ငံ၌ ဇွန်လ ၄ ရက်မှ ၆ ရက်နေ့ အထိ ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ နျူကလီးယား အရေးနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သေးသည်။
အဆိုပါအစည်းဝေးသို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်တက်ရောက်ရန်ရှိသော်လည်း အယ်လ်ဂျာဇီးရား သတင်းဌာနက မြန်မာ့နျူကလီးယားသတင်း ထုတ်လွှင့်ခဲ့ရာ တက်ရောက်ခြင်းမရှိတော့ဘဲ သံအမတ်ကြီး ဦးဝင်းမြင့်သာ တက်ရောက်ခဲ့သည်။
ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြား ရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံ အထောက်အထားများ တွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချ ထားကြောင်း သိရသည်။

Thursday, June 3, 2010
တရုတ်ကြီးကို တရုတ်လေးတွေ ရွှေတိဂုံဘုရားပုံအပ်
Wednesday, June 2, 2010
မုံရွာ ချင်းတွင်း ရတနာဈေး မီးလောင်
စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ချင်းတွင်း ရတနာ ဈေးကြီးသည် ယနေ့နံနက် ၃ နာရီခန့်က မီးလောင်ကျွမ်း မှုကြောင့် ဆိုင်ခန်း ပေါင်း ၅၀၀ နီးပါး ပျက်စီး ဆုံးရှုံး သွားကြောင်း သတင်းရရှိသည်။
“အခုက မီးကြွင်း မီးကျန် နည်းနည်း ကျန်တာ လိုက်ငြှိမ်း နေရတယ်၊ စလောင်တဲ့ အကြောင်းရင်းနဲ့ တန်ဖိုးကတော့ စုံစမ်းနေ တုန်းပဲ၊ အခု အကြမ်းဖျဉ်း ကတော့ ၄၇၂ ခန်း လောင်တယ်လို့ သိထား ရပါတယ်”ဟု မုံရွာ မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိ သူ တဦးက ဧရာဝတီသို့ ပြောသည်။
မီးလောင်ရာသို့ မီးသတ်ကား၂၈ စီးဖြင့် ငြှိမ်းသတ်ပေးခဲ့ရသည်ဟုလည်း ငြိမ်းသတ်ပေးခဲ့ရသည်ဟုလည်း မုံရွာမီးသတ်က ပြောသည်။
ဈေးကြီးမှာ ချင်းတွင်းရတနာ နှင့် မြရတနာ ဟု နှစ်ပိုင်းခွဲထားရာ အရှေ့ဘက်ခြမ်း ချင်းတွင်းရတနာ တိုက်တန်း ပထမ ထပ် မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်တွင်မူ မီးညွန့်ကျိုးသွားကြောင်း၊ အောက်ထပ်တွင် ဆိုင်ခန်း၂၀၀၊ အပေါ် ထပ် တွင် ဆိုင်ခန်း ၂၀၀ ကျော် မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများကဆိုသည်။
“မနက် ၂ နာရီကျော်ကျော်က စလောင်နေတယ်ထင်တာပဲ။ သိကြတာကတော့ မနက် ၃နာရီလောက်မှ သိကြတာ ၊ အဲဒီအချိန်ကျမှ ဈေးမျက်နှာစာက မှန်တွေပေါက်ထွက်သံတွေ ကြားမှ သိကြတာ ၊ ဈေးအပေါ်ထက် လျှပ်စစ်ဝါယာရှော့ ဖြစ်ရာကနေ စလောင်တယ်လို့ ပြောနေကြတာပဲ ၊ မနက် ၂ နာရီလောက်ကြီးမှာ မီးမလာစဖူးလာနေတယ်ဗျ"ဟု မုံရွာမြို့ခံ တဦးကပြောသည်။
ယနေ့မနက် ၂ နာရီခန့်တွင် မီးမလာစဘူး လာနေခဲ့ကြောင်း ဒေါနခြံ ၊ ဆူးလေကုန်း ၊ အောင်မင်္ဂလာ ၊ ရတနာပုံ ရပ်ကွက် သားများက ပြောဆိုကြသည်။
အောင်မင်္ဂလာ ရပ်ကွက်သားတဦးကလည်း“မုံရွာမှာက အလှည့်ကျမီးပေးစနစ်လုပ်လိုက်တာကြာပြီလေ ၊ ၂၀၀၃ခုနှစ်ထဲမှာ ဒေါ်စု မုံရွာလာတုန်းက တမြို့လုံးကို မီးဖြတ်ထားတဲ့အကြားက ဖယောင်းတိုင်တွေထွန်းပြီး ကြိုကြပြီးကတည်းက မုံရွာရပ်ကွက် တိုင်းမှာ နှစ်ရက်ခြားတခါပဲ မီးပေးတယ်။ ဒါတောင်တနေကုန်မဟုတ်ဘူး။ ညပိုင်းလေးပဲ"ဟု ပြောသည်။
ယင်း ဈေးမှ အထည်ဆိုင် ပိုင်ရှင် တဦးက“ဆိုင်ခန်းတွေက အပြင်ဘက်တန်းက သိန်း ၂၀၀ ကျော် ၃၀၀ လောက်ရှိတာ၊ အထည်ဆိုင်တွေ၊ စတီးပစ္စည်းဆိုင်တွေ၊ ပလတ်စတစ်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ လောင်သွားတယ်၊ ပစ္စည်းပါ အပါဆိုရင် သိန်း ၅၀၀ ကျော် လောက် ဆုံးရှုံးသွားတယ်”ဟု ပြောသည်။
အဆိုပါ ဈေးကြီးကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နှစ်ထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဈေးသူ ဈေး သား များက ပြောပြသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဈေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ယင်း မီးလောင်မှုကြောင့် ပြည်သူ ၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် မရှိကြောင်း၊ အလှကုန်ပစ္စည်းနှင့် ဆေးဝါး အရောင်း ဆိုင်ခန်း ၇၉၇ ခန်း၊ အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်ပေါင်း ၄၈ ဆိုင် မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ပစ္စည်း ဆုံးရှုံးမှု ခန့်မှန်းခြေ တန်ဖိုး ကျပ် သိန်းပေါင်း (၂၀၉၂၆၃)သိန်း ဖြစ်ကြောင်း၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ တွက်ချက် ဆဲဖြစ်ကြောင်း အစိုးရသတင်းစာတွင် ရေးသားထားသည်။
source:irrawaddy

Thursday, May 27, 2010
ထက်ထက်မိုးဦးအမှု တရားရုံး ကြားနာ
ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက် အမှုကို ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ ဆက်လက် ကြားနာ စစ်ဆေးကြောင်း သိရသည်။
“ဒီနေ့ တရားလိုပြ သက်သေ ၂ ဦးကို စစ်တာပါ။ 7dayက Entainment section editor မအေးမြကျော်နဲ့ Hello ဂျာနယ်က ကိုဘုန်းနေလ တို့ကို စစ်ပါတယ်"ဟု 7day ဂျာနယ်အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ဧရာဝတီသို့ ပြောသည်။
မအေးမြကျော်သည် တရားလို သတင်းထောက် မအေးသူစံကို အခင်း ဖြစ်ပြီးနောက် ပထမဆုံး တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ ကိုဘုန်းနေလကမူ အခင်း ဖြစ်ပွားမှုကို မျက်မြင် တွေ့မြင်ရသူ ဖြစ်သည်။
ထို့ကြောင့် တရားလိုပြ သက်သေများ အဖြစ် တရားရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားလို မအေးသူစံ ဘက်မှ တရားလိုပြ သက်သေ (၄) ဦး တင်သွင်းခဲ့ သော်လည်း သက်သေ တဦးမှာ တရားရုံး၏ ဆင့်ခေါ်မှုကို ငြင်းပယ် ခဲ့ကြောင်း တရားလို၏ အယ်ဒီတာက ပြောသည်။
လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက်တို့ အင်တာဗျူးတခုပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
အဆိုပါအမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့သည်။ ကနဦး ကြားနာမှုတွင် တရားလို သတင်းထောက် မအေးသူစံနှင့် မ၀င်းမာတို့က ထွက်ဆိုချက်ပေးခဲ့ကြသည်။
ယနေ့ ရုံးချိန်းကို နံနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကာ ဇွန်လ ၃ ရက်သို့ ထပ်မံရုံးချိန်းပေးလိုက်ကြောင်း သိရသည်။
“အဲဒီနေ့ကျရင် တရားသူကြီးက ပုဒ်မတွေ ဖတ်ပြမယ်ပြောပါတယ်"ဟု 7 day အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။
အဆိုပါတရားစီရင်မှုကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုရှိနေပြီး တရားရုံးချိန်းများတွင် လာရောက်နားထောင်သူ များကြောင်း ၊ တရားရုံးသို့ လာရောက်သူများကို ရဲအဖွဲ့က အမည်စာရင်းတောင်းယူလေ့ရှိကြောင်း ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
source; irrawaddy
“ဒီနေ့ တရားလိုပြ သက်သေ ၂ ဦးကို စစ်တာပါ။ 7dayက Entainment section editor မအေးမြကျော်နဲ့ Hello ဂျာနယ်က ကိုဘုန်းနေလ တို့ကို စစ်ပါတယ်"ဟု 7day ဂျာနယ်အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ဧရာဝတီသို့ ပြောသည်။
မအေးမြကျော်သည် တရားလို သတင်းထောက် မအေးသူစံကို အခင်း ဖြစ်ပြီးနောက် ပထမဆုံး တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ ကိုဘုန်းနေလကမူ အခင်း ဖြစ်ပွားမှုကို မျက်မြင် တွေ့မြင်ရသူ ဖြစ်သည်။ ထို့ကြောင့် တရားလိုပြ သက်သေများ အဖြစ် တရားရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားလို မအေးသူစံ ဘက်မှ တရားလိုပြ သက်သေ (၄) ဦး တင်သွင်းခဲ့ သော်လည်း သက်သေ တဦးမှာ တရားရုံး၏ ဆင့်ခေါ်မှုကို ငြင်းပယ် ခဲ့ကြောင်း တရားလို၏ အယ်ဒီတာက ပြောသည်။
လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက်တို့ အင်တာဗျူးတခုပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
အဆိုပါအမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့သည်။ ကနဦး ကြားနာမှုတွင် တရားလို သတင်းထောက် မအေးသူစံနှင့် မ၀င်းမာတို့က ထွက်ဆိုချက်ပေးခဲ့ကြသည်။
ယနေ့ ရုံးချိန်းကို နံနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကာ ဇွန်လ ၃ ရက်သို့ ထပ်မံရုံးချိန်းပေးလိုက်ကြောင်း သိရသည်။
“အဲဒီနေ့ကျရင် တရားသူကြီးက ပုဒ်မတွေ ဖတ်ပြမယ်ပြောပါတယ်"ဟု 7 day အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။
အဆိုပါတရားစီရင်မှုကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုရှိနေပြီး တရားရုံးချိန်းများတွင် လာရောက်နားထောင်သူ များကြောင်း ၊ တရားရုံးသို့ လာရောက်သူများကို ရဲအဖွဲ့က အမည်စာရင်းတောင်းယူလေ့ရှိကြောင်း ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
source; irrawaddy
Monday, May 24, 2010
ထက်ထက်မိုးဦးနဲ့ သတင်းထောက် ပဋိပက္ခကို စတင်စစ်ဆေး
ထက်ထက်မိုးဦးအမှုအား ယနေ့တွင် တရားလိုနှင့် တရားလိုသက်သေတစ်ဦးအား စတင်စစ်ဆေး၊ ၂၇ ရက်နေ့သို့ ထပ်မံရုံးချိန်းပေးလိုက်ပါတယ်။ နံနက် (၁၁)နာရီက ရန်ကင်းတရားရုံးမှာ တရားလို သတင်းထောက်ရဲ့ ထွက်ဆိုချက်တွေကို စတင်ကြားနာခဲ့တာဖြစ်ပြီး မွန်းလွဲ (၂)နာရီလောက်မှာ အမှုကို တရားရုံးက လက်ခံခဲ့ပါတယ်။
အဆိုပါတရားခွင်သို့ ပြည်တွင်းစာနယ်ဇင်းသမားများစွာ တက်ရောက်နားထောင်ခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ စာနယ်ဇင်းသမားအားလုံးကို သတင်းတပ်ဖွဲ့က နာမည်စာရင်းတောင်းယူထားကြောင်း ရဲသတင်းရပ်ကွက်က ပြောပါတယ်။

Thursday, May 20, 2010
ထက်ထက်မိုးဦးအား သတင်းထောက်ကို နာကျင်စေမှုဖြင့် တရားစွဲ
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် ယမန်နေ့ညပိုင်းက သတင်းထောက်တဦးအား ဆံပင်ဆွဲ လည်ပင်းညစ်ခဲ့သဖြင့် ယနေ့တရားစွဲခံထားရသည်။
ယမန်နေ့ညက ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် ဧည့်ခံပွဲတခုတွင် 7Day ဂျာနယ်အမျိုးသမီးသတင်းထောက်တဦးက ထက်ထက်မိုးဦးအား မေးခွန်းတခုမေးမြန်းခဲ့ရာ ယင်းမေးခွန်းအပေါ်မကျေနပ်သည့်အတွက် သတင်းထောက်ကို ဆံပင်ဆွဲ လည်ပင်းညစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဒီနေ့တရားစွဲထားတယ်ဗျ။ ရန်ကင်းတရားရုံးမှာ။ ပြစ်မှုပုဒ်မ ၁၈၂/၂၀ တပ်ထားတယ်။ တရားသူကြီးက ဦးနေအောင်လို့ ကြားထားတယ်"ဟု နာကျင်ခဲ့ရသည့်သတင်းထောက်၏ သူငယ်ချင်းတဦးက ပြောသည်။

Friday, May 14, 2010
နိုင်ငံတကာ စောင့်ကြည့်မှုမလိုဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌပြော
လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် စီစဉ်ထားသဖြင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များ လာရောက်ရန် လိုအပ်မည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ပြောလိုက်သည်။
မေလ ၉ ရက်နေ့က နေပြည်တော်တွင် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။
မစ္စတာ ကမ်းဘဲလ်နှင့် အတူလိုက်ပါလာသည့် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လာရီ ဒင်းဂါး (Larry M. Dinger) က လက်ရှိဝန်ကြီးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ထူထောင်ရာတွင် ဥပဒေနှင့် ညီ မညီ မေးမြန်းရာ ဦးသိန်းစိုးက ဝန်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post (နိုင်ငံရေး ရာထူး) သာ ဖြစ်၍ ဥပဒေနှင့် ညီညွတ်သည်ဟု ပြောဆိုသွားသည်။

ပြီးခဲ့သည့် ဧပြီလ ကုန်ပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာ သံရုံးအနီး၌ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ ကိုင်၍ စစ်အစိုးရကို ဆန္ဒပြနေသူများ(ဓာတ်ပုံ - AP)
မစ္စတာ ကမ်းဘဲလ်နှင့် အတူလိုက်ပါလာသည့် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လာရီ ဒင်းဂါး (Larry M. Dinger) က လက်ရှိဝန်ကြီးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ထူထောင်ရာတွင် ဥပဒေနှင့် ညီ မညီ မေးမြန်းရာ ဦးသိန်းစိုးက ဝန်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post (နိုင်ငံရေး ရာထူး) သာ ဖြစ်၍ ဥပဒေနှင့် ညီညွတ်သည်ဟု ပြောဆိုသွားသည်။
ဆန္ဒမဲ မပေးရန် NLD စည်းရုံး
ပြည်နယ်နှင့် တိုင်းတချို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အနေနှင့် ဆန္ဒမဲမပေးဘဲ နေခွင့်ရှိကြောင်း ဖြန့်ဝေ စည်းရုံးမှုများ ပြုလုပ်နေသည်။
ယင်းဖြန့်ဝေ စည်းရုံးမှုကို မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနှင့် ကရင် ပြည်နယ် တို့တွင် NLD က ထုတ်ပြန် ထားသည့် ပြည်သူသို့ ပန်ကြားချက်နှင့် အတူ ပြုလုပ်ခြင်း ဖြစ်သည်ဟု NLD အဖွဲ့ဝင်များက ပြောသည်။
ထိုကဲ့သို့ ဖြန့်ဝေခြင်းမှာ ဗဟို၏ တိုက်တွန်း ချက်ကြောင့် မဟုတ်ဘဲ မိမိတို့ဒေသရှိ လူထုအနေဖြင့် အဖွဲ့ချုပ်၏ လုပ်ဆောင် ချက်များကို သိရှိစေရန် ဖြန့်ဝေခြင်း ဖြစ်သည်ဟု NLD မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။
“ဗဟိုကတော့ ဘာမှ ညွှန်ကြားချက်မပေးဘူး၊ ကျမတို့က နိုင်ငံရေးလုပ်နေတဲ့သူတွေလေ၊ ဒီတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်ဆောင် စရာရှိတာ လုပ်ရတာပေါ့၊ မကွေးတိုင်းဘက်မှာဆို လူတွေက မေးကြတယ်၊ အဖွဲ့ချုပ်မရှိတော့ သူတို့ ဘယ်သူ့ကို မဲပေးရမှာလဲတဲ့၊ ဒါ့ကြောင့် ကျမတို့ တိုင်းမှာ ဖြန့်တဲ့ ပန်ကြားချက်မှာတော့ လူတဦးဟာ မဲမပေးဘဲလည်း နေနိုင်တယ်၊ နေခွင့်ရှိတယ် ဆိုတာကိုပါ ရှင်းပြပေးထားတယ်"ဟု ၎င်းက ဆိုသည်။

NLD တရားဝင် ပါတီ နောက်ဆုံးရက် မေလ ၆ ရက်နေ့က NLD ရုံးချုပ်ရှိ ရုံးစာရွက်စာတမ်းနှင့် ဖိုင်ထုတ်များပေါ်တွင် ထိုင်နေသည့် အဖွဲ့ဝင် တဦး(ဓာတ်ပုံ - AP)
ထိုကဲ့သို့ ဖြန့်ဝေခြင်းမှာ ဗဟို၏ တိုက်တွန်း ချက်ကြောင့် မဟုတ်ဘဲ မိမိတို့ဒေသရှိ လူထုအနေဖြင့် အဖွဲ့ချုပ်၏ လုပ်ဆောင် ချက်များကို သိရှိစေရန် ဖြန့်ဝေခြင်း ဖြစ်သည်ဟု NLD မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။
“ဗဟိုကတော့ ဘာမှ ညွှန်ကြားချက်မပေးဘူး၊ ကျမတို့က နိုင်ငံရေးလုပ်နေတဲ့သူတွေလေ၊ ဒီတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်ဆောင် စရာရှိတာ လုပ်ရတာပေါ့၊ မကွေးတိုင်းဘက်မှာဆို လူတွေက မေးကြတယ်၊ အဖွဲ့ချုပ်မရှိတော့ သူတို့ ဘယ်သူ့ကို မဲပေးရမှာလဲတဲ့၊ ဒါ့ကြောင့် ကျမတို့ တိုင်းမှာ ဖြန့်တဲ့ ပန်ကြားချက်မှာတော့ လူတဦးဟာ မဲမပေးဘဲလည်း နေနိုင်တယ်၊ နေခွင့်ရှိတယ် ဆိုတာကိုပါ ရှင်းပြပေးထားတယ်"ဟု ၎င်းက ဆိုသည်။
Tuesday, April 20, 2010
Monday, April 19, 2010
မလေးရှားနိုင်ငံတွင် သူတောင်းစားအဖြစ် လုပ်ကိုင်ခဲ့ရသည့် မြန်မာကလေးငယ်ခြောက်ဦးမှ အကူအညီတောင်းခံ
သူတောင်းစားအဖြစ် အလုပ်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံရပြီး မလေးရှားနိုင်ငံမြောက်ပိုင်း kelantan ပြည်နယ်၊ tanah merah ကန့်ထဲတွင် ဒုက္ခရောက်နေသည့် မြန်မာကလေးငယ် ခြောက်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။

ကလေးငယ် ခြောက်ဦးထဲမှ မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊ မတ္တရာမြို့မှ ဦးဇော်လင်းနှင့် ဒေါ်အေးမြစိန်တို့၏ သားဖြစ်သူ အသက် (၁၂)နှစ်အရွယ် မောင်ကျော်သူလင်းက ၎င်းကို မန္တလေးမှ မူဆလင်လူမျိုး ဦးမဲလုံးက လဖက်ရည်ဆိုင်တွင် အလုပ်ရမယ်ဟု ပြော၍ခေါ်လာပြီး မလေးရှားတွင် သူတောင်းစား လုပ်ခိုင်းကြောင်း ပြောပြသည်။
“ကားမှတ်တိုင်တွေ၊ မီးပွိုင်တွေမှာ ပိုက်ဆံတောင်းရတယ်။ တစ်နေ့ကို ရင်းဂစ် (၁၀၀)ရအောင် တောင်းရတယ်။ အနည်းဆုံး၇၀/၈၀ လောက် ရတတ်ပါတယ်။ မရတဲ့ နေ့တွေမှာ သားတို့ကို ရိုက်တယ်၊ ထုတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး။ သား(၃)လကျော်ကျော် ပိုက်ဆံတောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ ပုလိပ်ဖမ်းတော့ အခုကန့်ထဲမှာ ရောက်နေတာ (၉)လရှိပါပြီ။ ဒီမှာလည်း ထမင်းဝအောင် မကျွေးဘူး။ ငါးခြောက် ရေပြုတ်တာနဲ့ပဲ ကျွေးပါတယ်။ သားတို့ကို မြန်မြန် လာကယ်ကြပါ။ အမေ့ကိုလည်း ပြောပေးပါခင်ဗျာ”ဟု ပြောသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့မှ ဦးသာလှိုင်နှင့် ဒေါ်မျိုးမျိုးစိန်တို့၏သားဖြစ်သူ အသက်(၁၂)နှစ်အရွယ် မောင်အောင်ကိုဝင်းကလည်း “မူဆလင် ကုလားလူမျိုး ဦးအတ္တစ်နဲ့ မအေးရီတို့ ဇနီးမောင်နှံ နှစ်ဦးတို့က ရန်ကုန်မှာ သတင်းစာရောင်းရမယ်ဆိုပြီး ခေါ်လာတာပါ။ အမေ့ကို ကျပ်ငွေနှစ်သောင်း ပေးခဲ့ပါတယ်။ မလေးရှားကို ရောက်တော့ သားတို့ကို သူတောင်းစား လုပ်ခိုင်းပါတယ်။ တစ်နေ့ကို ရင်းဂစ်(၁၀၀)ရအောင် တောင်းခိုင်းပါတယ်။ မရရင် ရိုက်ပါတယ်။ ကြက်ဥပြုတ်နဲ့ပဲ ကျွေးပါတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး။ ဒီမှာလည်း မစားရဘူး။ သားတို့ကို လာထုတ်ပေးကြပါ”ဟုပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ကျနော်တို့အဖွဲ့က ငွေကြေးအင်အား တောင့်တင်းတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ ကျနော်တို့ ကော်မီတီဝင်တွေ ကိုယ်ပိုင် ၀င်ငွေလေးတွေနဲ့ စုပေါင်းပြီး ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေကို အကူအညီပေးပါတယ်။ ဒီကိစ္စရပ်က ကြီးမား ကျယ်ပြန့်တယ်။ ကျနော်တို့ တစ်ဖွဲ့တည်း မလုပ်နိုင်ဘူး။ ကျနော်တို့အဖွဲ့က မဲခေါင်မြစ်ဝှန်းဒေသ အင်ဂျီအိုနဲ့ အလုပ်သမားများ ကွန်ယက်မှာ အဖွဲ့ဝင်ဖြစ်တာကြောင့် လုပ်နိုင်တဲ့ အဖွဲ့အစည်း ကြီးတွေကိုလည်း တင်ပြမယ်။ ပူးပေါင်း ဆောင်ရွက်ပါမယ်။ ကလေးလေးတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေနဲ့ ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ ပြီးတော့ အခြားလူတွေကလည်း မြန်မာပြည်မှာရှိတဲ့ မိဘတွေကိုလည်း ဆက်သွယ်ပြီးတော့၊ အကူအညီရှာပေးကြပါ”ဟု ပြောသည်။
ကလေး(၆)ဦးတွင် ရန်ကုန်တိုင်း ဒလမြို့နယ်မှ အသက် (၁၄)နှစ်အရွယ် မင်းယုစန်း (အကျဉ်းသား အမှတ် ၅၃၅၄၅)သည် အသက်အကြီးဆုံး ဖြစ်သည်။ ဧရာဝတီတိုင်း ပန်းတနော်မှ တင်မျိုးထက်(၅၃၃၂၉)၊ မန္တလေးတိုင်း မတ္တရာမှ ကျော်သူလင်း(၅၃၅၄၆)၊ ရန်ကုန်တိုင်း လှိုင်သာယာမှ နေလင်းဦး(၅၃၅၄၄)နှင့် အောင်ကိုဝင်း (၅၂၆၇၉ )တို့သည် (၁၂)နှစ်အရွယ်များ ဖြစ်ကြပြီး မအေးမြထွေးဆိုသည့် အသက်(၁၀)နှစ်အရွယ် မိန်းကလေးမှာ မောင်ကျော်သူလင်းထက် အသက်ငယ်သော်လည်း အဒေါ်တော်စပ်ကြောင်း သိရသည်။
credit to GHRED

Saturday, April 17, 2010
Four killed, 12 injured in bomb blasts in Irrawaddy-Myitsone dam site
Four people died and over 12 people were injured when exploding bombs for the first time rocked the Myitsone dam project in Irrawaddy River in Kachin State, northern Burma, said local residents. Most of the dead and injured were Chinese workers.
At least three bombs exploded in quick succession in front of Asia World Company’s office, one of the implementing agencies of the dam project in Lungga Zup, 18 miles north of Myitkyina, the capital of Kachin State, at about 4:45 a.m. Burma Standard Time, residents said.

Asia World Company's buildings in Lungga Zup, 18 miles north of Myitkyina, Kachin State.
The explosions also resulted in severe damage to the company’s two-storey office, said residents in the dam project site. Several company-owned cars trucks and bulldozers were also destroyed in the blasts.
Over 300 Chinese workers employed with the China Power Investment Corporation (CPI) were evacuated in four buses to Myitkyina soon after the explosion.
Nobody has claimed responsibility for the first ever bomb explosions in the Myitsone dam project, said the sources.
Significantly, the bomb explosions occurred one day after the Kachin Independence Organization (KIO) took pains to apprise the Kachin public about the latest situation of disagreement on transforming the Kachin Independence Army (KIA), the armed-wing of KIO to the junta-proposed BGF.
Naw Awng, leader of the anti-dam movement and All Kachin Students’ Union (AKSU), an underground Kachin students’ organization based in Kachin State told Kachin News Group, “We harbour no policy of violence. The explosion may have been triggered by anti-dam civilians or secret groups or organizations”.
The dam for the hydropower project at the confluence of the Irrawaddy River, or Mali Hka in Kachin, which is formed where the two major rivers--- Mali Hka River and N’Mai Hka River meet, is being implemented by the Asia World Company, Ministry of Electric Power-1 in Burma and Chinese state-owned China Power Investment Corporation (CPI).
kachin-state
Map of Myitsone dam site in Kachin State, northern Burma.
Inspection activities for the project were started in late 2006 however the joint-dam construction began in December 21, last year. The construction cost, technicians and equipment are provided by the Chinese government.
The project will generate 6000 MW of electricity, which is to be sold to neighbouring China’s Yunnan province for it is under construction industrial zone.
Kachin people, organizations and churches have urged the military supremo Snr-Gen Than Shwe to halt the Myitsone, or Mali-N’Mai Zup dam project and are into demonstrations and anti-dam movements at home and aboard.
credit to KNG

ဧရာဝတီမြစ်ဆုံတွင် ဗုံးပေါက်ကွဲပြန်
ဧရာဝတီမြစ်ဆုံတွင် ယနေ့ (နှစ်ဆန်းတရက်) တွင် ဗုံးပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့ပြန်ကြောင်းသိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံးပြီး ဆယ့်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတဦးက ပြောဆိုသည်။
နောက်ဆက်တွဲသတင်းကို ဆက်လက်ဖော်ပြပါမည်။

Thursday, April 15, 2010
အတာသင်္ကြန် အတက်နေ့ လည်ပတ် သူများ ဖြင့် ပြန်လည် စည်ကား
အတက်နေ့ နေ့ လည် ကန်ပတ်လမ်းတွင် ပြန်လည် စည်ကားလာ
(ယမန်နေ့ က ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများကို ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် လည်ပတ်
သူများမှာ အနက်ရောင် ဖက်ရှင်များ ဆင်မြန်းထားကြသည်)
ယမန်နေ့ က ဗုံးပေါက်ကွဲမှု ကြောင့် လူနှစ်ဆယ်ကျော်သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာပြင်းထန်စွာ
ရရှိသော် လည်း ယနေ့  သင်္ကြန်နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် လည်ပတ်သူများဖြင့် ပြန်
လည်စည်ကားလာသည် ဟု သိရသည်။မဏ္ဍပ်တွင် ရေပက်သူများ မှာ နည်းပါးသွားပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များတွင် ရေပက်
သူများ ယနေ့ မနက် ၁၀း၁၅ နာရီ အထိ လာရောက်မှု လွန်စွာနည်းပါးသည် ။
ရန်ကုန် မြို့ စမ်းချောင်း မြို့ နယ်မှ သင်္ကြန် လည်ပတ်သူ တစ်ဦးက ကျွန်တော် တို့ က ကားငှားထားတာ
နဲ့ တန်အောင် ထွက်တာ နဲနဲ တော့ ခြောက်ခြောက် သွေ့ သွေ့ ကြီး ကန်တော်ကြီး စောင်းမှာ ဟိုနေ့ တွေ
ကလောက် မစည် ဘူး ။ မနေ့ က ဗုံးကွဲ လို့ ဘယ်သူမှ မလာရဲ ဘူး။တစ်ချို့ လဲ အိမ်က ပေးမလွှတ်တော့
ဘူး ဟု Freedom News Group သို့ ပြောသည်။
ယခင်နေ့ များ က ကန်ပတ်လမ်းတွင် အရက်၊ဘီယာ ၊စီးကရက် ရောင်းချသူ များ အား ရဲ နှင့် လုံခြုံရေး
အဖွဲ့ ဝင်များက ယနေ့ ရောင်းချခွင့် မပေးတော့ ဟု သိရသည်။
copy by freedomnewsgroup

ပြည်တွင်း ဂျာနယ် များမှ သတင်းထောက် သုံးဦး နှင့် လူ တစ်ရာကျော် ကိုဖမ်းဆီးထား

သင်္ကြန်အကြတ်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ် လမ်းရှိ မျှော်စင်ကျွန်း ၀င်ပေါက်အနီး X2O မဏ္ဍပ်အနီးတွင်
လက်ပစ်ဗုံး ဟု ယူဆရသည့် ဗုံးသုံးလုံးပေါက်ကွဲမှု ကြောင့် လူ၂၄ ဦးသေဆုံးမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည်
ဟု ရန်ကုန် မြို့ ခံ အများစုက ယူဆကြသည်။
ဗုံးပေါက်ကွဲခဲ့သည့် X2O မဏ္ဍပ်ရှိရာနေရာသို့ သွားရောက်ကြည့် ရှုသူများ နှင့် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးမှု
ပြုသူများကို ဖမ်းဆီးထားပြီး ထိုအထဲတွင် ပြည်တွင်း ဂျာနယ်များမှ သတင်းထောက် သုံးဦးလည်း ပါဝင်သည်
ဟု သိရသည်။
သတင်းထောက်သုံးဦးအနက် နှစ်ဦး အား ၎င်းတို့ ၏ သက်ဆိုင်ရာဂျာနယ်များမှ လိုက်လံ တာဝန်ယူသောကြောင့်
ပြန်လည် လွတ်မြောက်လာပြီး ကျန်ရှိသည့် တစ်ဦးအား ယနေ့ မနက် အစောပိုင်းတွင် မင်္ဂလာတောင်ညွှန့် ရဲစခန်း
မှ တစ်ဆင့် ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။
လာရောက်ကြည့် ရှုသူ အချို့ အား ဖမ်းဆီးထားမှု ရှိရာ ပြန်လွှတ်ပေးခြင်း မရှိသေးပဲ X2O မဏ္ဍပ် ၏ တာဝန်ခံ ကိုညီညီ
ဆိုသူ အားလည်း စစ်ဆေးမေးမြန်းရန် အတွက် ဖမ်းဆီးထားသည် ။ ထို့ ပြင် X20 မဏ္ဍပ် တွင် ရေကစားသူများ အား
လုံးကို လည်း လိုက်လံ စစ်မေးမှု ပြုသည်။
အကြတ် နေ့  ဗုံးပေါက်ကွဲမှု သည် ၂၀၀၅ ခုနှစ် မေလက ရန်ကုန် မြို့ မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ ရန်ကုန် ကုန်သွယ်မှု
ဗဟိုဌာန ဗုံးပေါက် မှု ပြီးနောက် ပထမဆုံး အကြိမ်လူ အမြောက် အမြားသေဆုံးသည့် ဗုံးပေါက်ကွဲမှု ဖြစ်သည်။
ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံမှ အဖျက်သမားများ၏ လက်ချက် ဖြစ်
သည် ဟု စွပ်ဆွဲထားသော် လည်း နိုင်ငံရေး အရ အကျပ်အတည်း ဆိုက်နေသည့် နအဖ ၏ လက်ချက်သာဖြစ်သည်
ဟု ရန်ကုန် မြို့ ခံ တို့ က သုံးသပ်ကြသည်။
ဗုံးပေါက်ကွဲမှု ကြောင့် မဟာသင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် ရေပက်ကစားသူ နှင့် လည်ပတ်သူ
များနည်းပါး သွားသော်လည်း မော်တော်ကားဖြင့်လည်ပတ်သူများ ရှိနေဆဲ ဖြစ်သည်
ဟု ကျောင်းမြောင်းရှိ လူငယ်များက Freedom News Group သို့ ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ချိန်တွင် X2O မဏ္ဍပ် အနီးရှိနေသူ တစ်ချို့ က တောင့်အေစ် ကား ခဲရောင် အပေါ် (Sunroof)
မှ လူနှစ်ယောက် ထွက် လာကာ လက်ပစ်ဗုံး ဟု ယူဆရသည့် အရာများ ပစ်ထည့်ပြီး နောက် ချက်ခြင်းပေါက်
ကွဲမှု ဖြစ်သည် ဟု ဆိုသည်။
ထိုသို့ ပစ်ထည့် ပြီးနောက် ထိုကားမှာ သိမ်ဖြူကားမောင်းကွင်း ဘက်သို့ ဦးအောင်မြတ် လမ်းအတိုင်း မောင်းချသွား
သည် ဟု မျက်မြင်များကပြောသည်။
copy by freedomnewsgroup
ရန်ကုန်သင်္ကြန် ဗုံး (၅)လုံးထက်မနည်း ပေါက်ကွဲ
မင်းနိုင်သူ ဧပြီ - ၁၅
ရန်ကုန်ကန်တော်ကြီး ပတ်လမ်းရှိ X20မဏ္ဍပ်တွင် ယနေ့မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူ(၈)ဦးထက်မနည်း နေရာတွင်ပင်သေဆုံးသွားခဲ့ပြီး လူသုံးဆယ်ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"အခုနောက်ဆုံးကြားရတာတော့ ဆေးရုံမှာဆုံးသွားတာတွေလည်းရှိနေတယ်။ အားလုံး အယောက်(၂၀)လောက် သေတယ်ကြားတယ်။ ဗုံးကွဲချိန်မှာ တီးလုံးသံ ၊ လူသံတွေနဲ့ဆူညံနေတော့ ဗုံးကွဲမှန်းမသိသေးဘူး။ နောက် တလုံးပြီးတလုံးပေါက်မှ ဗုံးကွဲပြီဆိုတာ သိကြတာ။ သိသိချင်း ပြေးကြ ၊ လွားကြနဲ့ တယောက်နဲ့တယောက် တွန်းတိုက်လဲပြီး ဒဏ်ရာရတာတွေလည်း မနည်းဘူး"ဟု အခင်းဖြစ်ရာအနီးတွင် ရှိသည့် ရန်ကုန်မြို့ခံတဦးက ပြောသည်။
x20မဏ္ဍပ်နှင့်အနီးဝန်းကျင်တ၀ှိုက် ဗုံးငါးလုံးထက်မနည်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရဲများက လမ်းများကို ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။

Friday, April 9, 2010
တရုတ်သမ္မတလာမည်
မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတ ဟူကျင်းတောင်သည် ဧပြီ ၂၄ရက်တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
Thursday, April 8, 2010
ပဲခူးတိုင်း အန်အယ်လ်ဒီပါတီဆိုင်းဘုတ်ဖြုတ်
ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် ၂၃လမ်း အမှတ်(၉၁) ဦးမြတ်လှနေအိမ်တွင် တရားဝင်တင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းစည်းရုံးရေး ဆိုင်းဘုတ်အား ယမန်နေ့မွန်းလွဲပိုင်းက ဖြုတ်ချခဲ့ပြီးဖြစ်ကြောင်း ပဲခူးမြို့ခံများက ပြောသည်။
"အခုဟာက ဦးမြတ်လှက သူ့သဘောနဲ့သူဖြုတ်တာပါ။ သူ့အိမ်မှာ တိုင်းစည်းဆိုင်းဘုတ်နဲ့ မြို့နယ်စည်းဆိုင်းဘုတ် နှစ်ခုရှိတာကို တိုင်းစည်းဆိုင်းဘုတ်ကိုပဲ ဖြုတ်ပစ်လိုက်တာ။ အာဏာပိုင်တွေ ဖိအားမရှိဘဲ ခုလိုကြီးဖြုတ်ပစ်တာကို ကျနော်တို့ လူထုကတော့ သဘောမကျဘူးဗျ"ဟု ပဲခူးမြို့ခံတဦးက ပြောသည်။
အဆိုပါလုပ်ရပ်အား မြို့ခံလူထုနှင့်ပါတီဝင်များက မကျေနပ်ကြသောကြောင့် အန်အယ်လ်ဒီဗဟိုသို့ တိုင်တန်းထားသည်ဟု ပဲခူးအန်အယ်လ်ဒီပါတီဝင်တဦးက ပြောသည်။
"သူ့ကို တိုင်းစည်းထဲကနေ တနှစ်အနားပေးထားတာကို မကျေနပ်လို့ ခုလိုလုပ်တယ်လို့ ပဲခူးပါတီဝင်တချို့နဲ့ မြို့ခံတွေက ယူဆနေကြတောပေါ့။ဘာပဲဖြစ်ဖြစ်ပေါ့ ဒီလိုအရေးကြီးနေချိန်မျိုးမှာ ဒါမျိုးမလုပ်သင့်ဘူးထင်တယ်လေ"ဟုလည်း ပါတီဝင်က ဆက်လက်ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးမြတ်လှထံဆက်သွယ်၍ မရသေးပေ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကမူ လာမည့် မေလ (၇) ရက်နေ့ နောက်ပိုင်း ပါတီ ဆိုင်းဘုတ်များကို ဖြုတ်မည် မဟုတ်ကြောင်း မကြာသေးခင်က ဆုံးဖြတ်ချက်ချ မှတ်ထားသည်။

Subscribe to:
Posts (Atom)