ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Tuesday, February 22, 2011

နေမျိုးဝေနှင့် စကားပြောခြင်း


မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီခေါင်းဆောင် ကိုနေမျိုးဝေက သူ့ပါတီလုပ်ငန်းစဉ်ကို ဂျီတော့လ်ကနေ ကြေငြာဝင်လာတဲ့အခိုက် မေးမြန်း ပြောဆိုဖြစ်လိုက်တဲ့ စကားတွေပါ။ ပါတီတရပ်က ပုဂ္ဂိုလ်တယောက်ရဲ့ ပြောဆိုချက်တွေကို မှတ်တမ်းတင်ထားတဲ့အနေနဲ့ ပြန်တင်ပေးလိုက်တာပါ။ ရိုင်းစိုင်းတဲ့စကားလုံးတွေကို မတည်းဖြတ်လိုက်တာကတော့ သူ့ပုံရိပ် သူ့အသွင်သဏ္ဍန်ကို သိရှိနိုင်စေဖို့ပါ။


naymyowai@gmail.com

to me


show details 3:00 PM (56 minutes ago)




3:00 PM naymyowai: Peace & Diversity Party
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဌာနချုပ်
အမှတ်(//၂၃၂)၊မဟော်ဂနီလမ်း၊ထောက်ကြန့်တိုးချဲ့ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း ၀၉၈၆၁၀၇၁၉
……………………………………………..………………………………………………………
အလှူရှင်များကိုကျေးဇူးတင်ခြင်း၊ ပါတီနှင့်ပူးပေါင်းနိုင်ခြင်းနည်းလမ်း နှင့် လိပ်စာများအလိုရှိသည် ။

ကျေးဇူးတင်ခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီကို ( 11.2.2011 )နေ့က -
ကျပ်ငွေ နှစ်သောင်း ( 20000 ) လာရောက်လှူတန်းသော
မအေးအေးမာ ကိုလည်းကောင်း -

စာအုပ်ထုတ်ဝေရေးတွင်သုံးရန် ( 16 . 2 . 2011 ) နေ့က
ကျပ်ငွေ နှစ်သောင်း( 20000 ) ကို ဆက်သွယ်လှူတန်းသော
အမည်မဖော်လိုသူ အကိုတစ်ယောက်ကိုလည်းကောင်း -

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏
(
စီးပွါးရေးပိတ်ဆို့မှု၏ အကျိုးအပြစ်များစာတမ်း)
ဖြန့်ဝေရန် ငွေကျပ်တစ်သိန်း ကို ( 21.2.2011 ) နေ့က
ဆက်သွယ် လှူတန်းသော ကိုခင်မောင်သွင် အား လည်းကောင်း -

လစဉ်ထုတ် ဒိုင်ဗားစတီးစာစောင်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏
အိမ်တိုင်ရာရောက်ပို့ရန် စာအုပ်ဖိုးနှင့် စာပို့ခ လှူတန်းမည်ဟု
(21.2.2011)
နေ့က ကတိပေးခဲ့သော
ဒေါက်တာ ဒေါ်ကြူကြူမွှေးအားလည်းကောင်း -

ကနေဒါမှဝယ်ယူသော ညီအကိုများနှင့် စင်္ကာပူမှမှာယူသော
ပါတီဝင် ညီအကိုများအားလည်းကောင်း -

တစ်ဦးလျှင် လစဉ် အုပ်ရေ ( 50 )၀ယ်ယူပြီး ထပ်မံဖြန့်ဝေပေးနေသော ညီအကို
6
ယောက်အား လည်းကောင်း -

လစဉ် အုပ်ရေ ( 200 ) ၀ယ်ယူ ပြီး အခမဲ့ထပ်မံဖြန့်ဝေပေးနေသော ပါတီမိတ်ဆွေ အမည်မဖော်လိုသူ လယ်သမားကြီးအားလည်းကောင်း -

စာအုပ်ဝယ်ယူဖတ်ရှုကြသော ဘိုကလေးမြို့မှပါတီဝင်များအားလည်းကောင်း -
အခြားပုဂ္ဂိုလ်များအားလည်းကောင်း -

ဂျာနယ်အဟောင်း မျိုးစုံလှူဒါန်းသော ဂျာနယ်တိုက်ကြီးများအားလည်းကောင်း -

အထူးကျေးဇူးတင်ရှိပါကြောင်း - - -
နှင့်



ပါတီနှင့်ပူးပေါင်နိုင်သောနည်းလမ်း
ပါတီသည် ရံပုံငွေ မရှိ သို့သော် -
ပါတီ၏ နိုင်ငံရေးလုပ်ငန်းများရပ်တန့်သွားသည်ဆိုသည်မှာ မည်သို့မျှမဖြစ်ပေါ်နိုင်ပေ -
မိဘပြည်သူများအနေနှင့် ပါတီ၏ နိုင်ငံရေးလုပ်ငန်းစဉ်တမျိုးမျိုးတွင်
(
မိမိနှစ်သက်သော လုပ်ငန်းစဉ်များတွင်သာ )
ပါဝင် ကူညီ ထောက်ပံ့ လုပ်ဆောင်ခြင်းဖြင့် -
ပူးပေါင်းဆောင်ရွက်နိုင်ပါသည် ။

အလှူခံရရှိထားသော ဂျာနယ်အဟောင်းများကို ဘိုကလေးဒေ၏သ ကျေးရွာများမှာ
သွားရောက်လှူဒါန်းခဲ့ပြီးပေပြီ မှတ်တမ်းဓါတ်ပုံများ မကြာမီဖော်ပြပါမည် ။
ဝမ်းပမ်းတသာ လိုလိုချင်ချင် လက်ခံရယူကြပါကြောင်း လှူတန်းခဲ့သူများ အား ၀မ်းမြောက်ဘွယ် သတင်းစကားပါးပါသည် ။

ဂျာနယ်အဟောင်းမှမဟုတ် စာပါလျှင် / အရုပ်ပါလျှင် ပြီးရော ဟူ သော မဂဇင်း / ဂျာနယ် / ရုပ်ပြ အဟောင်းမျိုးစုံ လှူတန်းနိုင်ပါသည် ။ တောင်းဆိုနေပါသည် ခင်ဗျား ။

ထို့ အပြင် -

လိပ်စာများပေးပို့ပါရန်
ယခုရွှေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏
လိပ်စာများကို ပါတီဌာနချုပ်အားပေးပို့ခြင်းဖြင့် ကူညီကြပါရန် ဖိတ်ခေါ်ပါသည် ။


ဖိတ်ခေါ်ခြင်း
25 .2.2011
နေ့မှ 29.2.2011 ကြားတွင် ပါတီ၏
(
စီးပွါးရေးပိတ်ဆို့မှု၏ အကျိုးအပြစ်များစာတမ်း )
ဖြန့်ဝေမည်ဖြစ်ပြီး မည်သူလိုက်ပါဖြန့်ဝေနိုင်ပါသည် ။
ဖြန့်ဝေမည့်နေရာများ - လှည်းတမ်းလမ်းဆုံ ၊ မြေနီကုန်းလမ်းဆုံ ၊ ဆူးလေ တစ်ဝိုက်
စိတ်ပါဝင်စားသူမည်သူမဆိုလိုက်ပါနိုင်သည် ကြိုတင် စာရင်းပို့ပါ ။
(
တရားဥပဒေနှင့်အညီဖြန့်ဝေမည် )

နေမျိုးဝေ
ဥက္ကဌ (ယာယီ)
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဖုန်း 098610719


3:09 PM me: ဟုတ်

အကိုတို့ ပါတီက ရှိသေးလားဗျ

3:10 PM အဖွဲ့ဝင်ဘယ်နှစ်ဦးကျန်သေးလဲအကို


3:21 PM naymyowai: ဘယ်သူမှမထွက်ဘူးဗျ ပါတီဝင်တိုးတာဘဲရှိတယ်လေ

me: အော်

ဟုတ်

အခု ဘယ်နှစ်ဦးရှိလဲဗျ

3:23 PM naymyowai: အကို့ပါတီက ဘိုကလေးတစ်မြို့နယ်ထဲ အချေစိုက်ပြီး လူစုစောင်းထားတာလေ နောက်ပြီး အကို့ စာဖတ်ပရိတ်သတ် ဘိုကလေးသားတွေဆိုတော့ အကို မသေမချင်း ဒီပါတီ ရှိနေမှာဘဲ အခု 6000 ကျော်မယ် ရန်ကုန်မှာတော့ ရွေးကောက်ပွဲမတိုင်ခင်က 4 ယောက်ဘဲရှိတာ အခုတော့ ရာဂဏန်းဖြစ်လာပါပီ

me: ဟုတ်

naymyowai: မင်းတို့ ၀င်ရမှာလေ

me: ရွေးကောက်ပွဲမှာ တဦးမှ အရွေးမခံခဲ့ရတာက ဘာ့ကြောင့်လို့ ပြန်လှန်သုံးသပ်မိလဲဗျ

3:24 PM naymyowai: ဘိုကလေးမှာတော့ မဲမသမာမှုနဲ့ နဲနဲပတ်သက်မယ်

ဒီမှာကတော့ တို့ကို လူမသိဘူးလေ

me: အော်

ဟုတ်

naymyowai: လူဆိုတာ ဂျာနယ်မဖတ်တဲ့သူတွေကအများကြီးဟ

3:25 PM me: နောက်ရွေးကောက်ပွဲမှာရော မဲမသမာမှုတွေ ရှိလာနိုင်မလဲဗျ

naymyowai: မီဒီယာမျိုးစုံထိတဲ့သူက တို့မဲရတယ်

me: ဘယ်လို တွက်ဆမိလဲ

naymyowai: စိတ်မ၀င်စားပါဘူး လူထုရဲ့ ရေချိန်အတက်အကျက မဲမသမာမှုနဲ့ဆိုင်တာဘဲ လူထုရေချိန်တင်နေတာ တို့အလုပ်ဘဲ

3:26 PM Peace & Diversity Party
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဌာနချုပ်
အမှတ်(//၂၃၂)၊မဟော်ဂနီလမ်း၊ထောက်ကြန့်တိုးချဲ့ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း ၀၉၈၆၁၀၇၁၉
……………………………………………..………………………………………………………
အလှူရှင်များကိုကျေးဇူးတင်ခြင်း၊ ပါတီနှင့်ပူးပေါင်းနိုင်ခြင်းနည်းလမ်း နှင့် လိပ်စာများအလိုရှိသည် ။

ကျေးဇူးတင်ခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီကို ( 11.2.2011 )နေ့က -
ကျပ်ငွေ နှစ်သောင်း ( 20000 ) လာရောက်လှူတန်းသော
မအေးအေးမာ ကိုလည်းကောင်း -

စာအုပ်ထုတ်ဝေရေးတွင်သုံးရန် ( 16 . 2 . 2011 ) နေ့က
ကျပ်ငွေ နှစ်သောင်း( 20000 ) ကို ဆက်သွယ်လှူတန်းသော
အမည်မဖော်လိုသူ အကိုတစ်ယောက်ကိုလည်းကောင်း -

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏
(
စီးပွါးရေးပိတ်ဆို့မှု၏ အကျိုးအပြစ်များစာတမ်း)
ဖြန့်ဝေရန် ငွေကျပ်တစ်သိန်း ကို ( 21.2.2011 ) နေ့က
ဆက်သွယ် လှူတန်းသော ကိုခင်မောင်သွင် အား လည်းကောင်း -

လစဉ်ထုတ် ဒိုင်ဗားစတီးစာစောင်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏
အိမ်တိုင်ရာရောက်ပို့ရန် စာအုပ်ဖိုးနှင့် စာပို့ခ လှူတန်းမည်ဟု
(21.2.2011)
နေ့က ကတိပေးခဲ့သော
ဒေါက်တာ ဒေါ်ကြူကြူမွှေးအားလည်းကောင်း -

ကနေဒါမှဝယ်ယူသော ညီအကိုများနှင့် စင်္ကာပူမှမှာယူသော
ပါတီဝင် ညီအကိုများအားလည်းကောင်း -

တစ်ဦးလျှင် လစဉ် အုပ်ရေ ( 50 )၀ယ်ယူပြီး ထပ်မံဖြန့်ဝေပေးနေသော ညီအကို
6
ယောက်အား လည်းကောင်း -

လစဉ် အုပ်ရေ ( 200 ) ၀ယ်ယူ ပြီး အခမဲ့ထပ်မံဖြန့်ဝေပေးနေသော ပါတီမိတ်ဆွေ အမည်မဖော်လိုသူ လယ်သမားကြီးအားလည်းကောင်း -

စာအုပ်ဝယ်ယူဖတ်ရှုကြသော ဘိုကလေးမြို့မှပါတီဝင်များအားလည်းကောင်း -
အခြားပုဂ္ဂိုလ်များအားလည်းကောင်း -

ဂျာနယ်အဟောင်း မျိုးစုံလှူဒါန်းသော ဂျာနယ်တိုက်ကြီးများအားလည်းကောင်း -

အထူးကျေးဇူးတင်ရှိပါကြောင်း - - -
နှင့်



ပါတီနှင့်ပူးပေါင်နိုင်သောနည်းလမ်း
ပါတီသည် ရံပုံငွေ မရှိ သို့သော် -
ပါတီ၏ နိုင်ငံရေးလုပ်ငန်းများရပ်တန့်သွားသည်ဆိုသည်မှာ မည်သို့မျှမဖြစ်ပေါ်နိုင်ပေ -
မိဘပြည်သူများအနေနှင့် ပါတီ၏ နိုင်ငံရေးလုပ်ငန်းစဉ်တမျိုးမျိုးတွင်
(
မိမိနှစ်သက်သော လုပ်ငန်းစဉ်များတွင်သာ )
ပါဝင် ကူညီ ထောက်ပံ့ လုပ်ဆောင်ခြင်းဖြင့် -
ပူးပေါင်းဆောင်ရွက်နိုင်ပါသည် ။

အလှူခံရရှိထားသော ဂျာနယ်အဟောင်းများကို ဘိုကလေးဒေ၏သ ကျေးရွာများမှာ
သွားရောက်လှူဒါန်းခဲ့ပြီးပေပြီ မှတ်တမ်းဓါတ်ပုံများ မကြာမီဖော်ပြပါမည် ။
ဝမ်းပမ်းတသာ လိုလိုချင်ချင် လက်ခံရယူကြပါကြောင်း လှူတန်းခဲ့သူများ အား ၀မ်းမြောက်ဘွယ် သတင်းစကားပါးပါသည် ။

ဂျာနယ်အဟောင်းမှမဟုတ် စာပါလျှင် / အရုပ်ပါလျှင် ပြီးရော ဟူ သော မဂဇင်း / ဂျာနယ် / ရုပ်ပြ အဟောင်းမျိုးစုံ လှူတန်းနိုင်ပါသည် ။ တောင်းဆိုနေပါသည် ခင်ဗျား ။

ထို့ အပြင် -

လိပ်စာများပေးပို့ပါရန်
ယခုရွှေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏
လိပ်စာများကို ပါတီဌာနချုပ်အားပေးပို့ခြင်းဖြင့် ကူညီကြပါရန် ဖိတ်ခေါ်ပါသည် ။


ဖိတ်ခေါ်ခြင်း
25 .2.2011
နေ့မှ 29.2.2011 ကြားတွင် ပါတီ၏
(
စီးပွါးရေးပိတ်ဆို့မှု၏ အကျိုးအပြစ်များစာတမ်း )
ဖြန့်ဝေမည်ဖြစ်ပြီး မည်သူလိုက်ပါဖြန့်ဝေနိုင်ပါသည် ။
ဖြန့်ဝေမည့်နေရာများ - လှည်းတမ်းလမ်းဆုံ ၊ မြေနီကုန်းလမ်းဆုံ ၊ ဆူးလေ တစ်ဝိုက်
စိတ်ပါဝင်စားသူမည်သူမဆိုလိုက်ပါနိုင်သည် ကြိုတင် စာရင်းပို့ပါ ။
(
တရားဥပဒေနှင့်အညီဖြန့်ဝေမည် )

နေမျိုးဝေ
ဥက္ကဌ (ယာယီ)
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
ဖုန်း 098610719

me: နောက်ရွေးကောက်ပွဲမှာရော မဲမသမာမှုတွေ ရှိလာနိုင်မလားဗျ


3:27 PM naymyowai: မထူနဲ့ ငါ့စကားကရှင်းတယ်လေ နိုင်ငံတိုင်းရဲ့ ရွေးကောက်ပွဲတိုင်းမှာ မသမာမှုရှိတယ်ကွ ။ အီလက်ရှင်မော်နီတာရင်း နည်းလေ မသမာမှုပိုများလေကွ ရှင်းနေတဲ့ဟာကို မော်နီတာရင်းလုပ်ရမှာက ပြည်သူတွေပဲလေ

3:29 PM me: စောင့်ကြည့်ပြီး ပြည်သူက ဘာဆက်လုပ်ရမှာလဲဗျ

naymyowai: ဘာမှဆက်မလုပ်နဲ့ စောင့်ကြည့်ရင်ရပီ

သူခိုးဆိုတာ လစ်မှခိုးတာဟ

3:30 PM me: စောင့်ကြည့်ရအောင်လည်း မဲရုံထဲ အ၀င်မခံဘူးဘဲဗျ

ဘယ်နေရာက စောင့်ကြည့်ရမှာလဲ

3:31 PM naymyowai: ဘာလို့အ၀င်မခံရမှာလဲ ပါတီက ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မဲရုံတစ်ရုံ 2 ယောက်နှုန်း ထိုင်စောင့်လို့ရတယ်လေ ဗဟုသုတခေါင်းပါးတာကိုး

me: ဟုတ်

အဲလိုလည်း ကြည့်ပေးခဲ့တယ်လေ

မသမာမှုတွေတယ်လို့လည်း ပြောပြတယ်လေ

ခင်များတို့ ပါတီတွေက ဘာဆက်လုပ်လဲ

3:32 PM naymyowai: လီးလား ဘယ်နှယ်ရုံ ဘယ်နှစ်ယောက်က ကြည့်လို့လည်း တော်ပီကွာ

me: ခင်များတို့က ကျုပ်တို့ လူထုကိုပဲ လွဲလွဲချနေတာပဲ


3:32 PM naymyowai: ဘိုကလေးမှာ လူစောင့်မရှိတာ အားကြီး

me: အဲဒါဆို ခင်များမဲရုံကို စောင့်ပေးတဲ့လူမရှိဘူးလား

မရှိဘဲနဲ့ ခင်များဘာလို့ မသမာမှုရှိတယ်ပြောလဲ

naymyowai: ကြံခိုင်ရေးပါတီဝင်တာ မင်းမအေလိုးတွေဘဲ ငါလိုက်ပြမယ်

3:33 PM me: ဟေ့လူ

မဆဲနဲ့လေ

မရိုင်းနဲ့ဗျ

naymyowai: လူနဲနဲတော့ရှိတာပေါ့ကွာ

မင်းလူလိုမြင်တတ်မှငါနဲ့ပြော နို့မိုမပြောနဲ့ ငါကဆဲလိမ့်မယ်။


3:33 PM me: အာ

3:34 PM naymyowai: စိတ်ရှည်ရှည်ပြောချင်ရင် အိမ်လာခဲ့ လုံးဝမဆဲဘူး

me: ခင်များက စိတ်တိုနေတာပဲ

သေချာလည်း ရှင်းမပြတတ်ဘဲနဲ့

naymyowai: ဒီမှာ အလုပ်တဘက်နဲ့ပြောရတာ အရှည်ကြီးရှင်းရမဲ့ဟာတွေမေးရင် အဆဲခံရမယ်

me: အိမ်လာလို့ မရလို့ပေါ့ဗျ

naymyowai: အိမ်လာခဲ့

me: ကျနော်က စစ်ကိုင်းမှာ

အဝေးကြီး

naymyowai: လဘက်ရည်တိုက်ပြီး 4 နာရီမရှင်းရပါဘူးကွာ

3:35 PM မတ်တ်နိုင်ဘူး

ညကျမှဖုန်းဆက်

me: နောက်ရွေးကောက်ပွဲ ၀င်ဦးမှာလားဗျ


3:35 PM naymyowai: အဲဒီမေးခွန်းကို မိနစ် 20 ဖြေမယ်

3:37 PM me: ရေလည်အောင်လည်း ရှင်းမပြဘူး

me: လူထုပဲ လွဲလွဲချတယ်

ညာဝါးစားဖားတွေ


3:38 PM naymyowai: အင်းစားလို့ရရင်စားချင်တယ်

3:39 PM me: ဖွတ်

naymyowai: ရှိမှာသေချာတယ်ကွ လီးလား


3:39 PM me: ရှိရင် အကိုတို့ အောင်နိုင်ပါဦးမလား

3:40 PM အရွေးခံရပါ့မလားဗျာ

naymyowai: မိနစ် 20 ထပ်ဖြေမယ်

မရဘူးဟ အရှည်ကြီးတွေ ဟ မင်းကို မတ်လထုတ်စာအုပ်ကျမှဖတ်တော့

ငါတို့ ဒိုင်ဗားစတီး လစဉ်ထုတ်ဖတ်ရလား

3:41 PM ငါတို့ အားတဲ့အချိန်တင်ပြနေတာတွေဖတ်လေ

me: ကျနော်သိချင်တာက အကိုတို့ပါတီ အရွေးခံရနိုင်ပါ့မလား

naymyowai: အခုလိုအချိန်မှာ မနှောက်ယှက်နဲ့ ဖုန်းဆက်

me: ကျနော်တို့က ဘယ်ပါတီတွေကို မဲပေးရဦးမှာလဲ

naymyowai: သိပ်ရတာပေါ့ဟ

me: ခင်များက ဆဲနေတာချည်းပဲ

3:42 PM လေဒီယိုကပြောတော့ ဟုတ်နေတာပဲ

အပြင်မှာတော့ ဆဲနေတာချည်းပဲဗျာ

စိတ်ညစ်တယ်

ကျနော်က အကို့ကို တော်တော်လေး အထင်ကြီးထားတာပါ

3:43 PM naymyowai: မင်းအမေလင် စစ်ကိုင်းမှာ ငါတို့ပါတီအနေနဲ့ မင်းကတာဝန်ယူပြီးထောင်လေ မင်းမထောင်ရင် မင်းသူငယ်ချင်း ဦးလေး ဒါမှမဟုတ် မင်းနဲ့ ခင်တဲ့သူတွေ ဒါမှမဟုတ် မင်းနဲ့ မျက်နှာကျောမတည့်တဲ့သူ တစ်ယောက်ယောက် စထောင်ရမယ် ပြီးရင် သူ့ကို အခြားလူတွေက ထောက်ခံရမယ် ဒျါမှပေါ့ကွာ အခုလို အာရုံတော့မရဘူးပေါ့ဟ

မင်းကိုဖုန်းဆက်ပါဆို လေဒီယိုကဖုန်းဆက်တာဟ

me: အာ

ကျနော့်မှ ဖုန်းမရှိဘဲ

3:44 PM တွေ့တဲ့အခိုက်လေး မေးကြည့်တာကို

မပြောပြချင်နေပါဗျာ

ပိုက်ဆံပေးရတယ်အကိုရ

naymyowai: လီးဘဲ နေဦးသောက်နက်က တက်လိုက်ကျလိုက် ငါကအပ်လုပ်လုပ်နေတာ ကျော်ရခွရ ဘောပဲကွာ

me: အမ်

3:45 PM naymyowai: အိမ်မှာ နက်မရှိဘူးဟ

လမ်းဘေးဆိုင်က လာတင်နေတာ

me: ကျနော့်တို့ဘက်လည်း တက်လိုက်ကျလိုက်ပဲဗျ

ဒီနေ့တော့ ကောင်းနေပါတယ်

naymyowai: အာတူမလားဟ

3:46 PM ဒီမှာကြည့် ဒီလိပ်စာမျိုး ၇ဖိုင်ကို ငါက အီးအေးအကောင့် ရ ခုနဲ့ လိုက်ပို့နေရတာ





အီးမေးလ်အကောင့်များ........အကောင့်ပိုင်ရှင်များကို ထိခိုက်နိုင်သဖြင့် မဖော်ပြတော့ဘဲ ချန်လှပ်လိုက်ပါသည်။




3:47 PM me: အများကြီးပဲ

ဘာတွေလဲ

naymyowai: နောက်တဖိုင်ပြမယ်



အီးမေးလ်အကောင့်များ.....ကိုထပ်ပြသည်။ အကောင့်ပိုင်ရှင်များကို ထိခိုက်နိုင်သဖြင့် မဖော်ပြတော့ဘဲ ချန်လှပ်လိုက်ပါသည်။




3:53 PM naymyowai: ဒီလိပ်စာတွေ ကိုင်တာ မြန်မာ့နိုင်ငံရေးလောကမှာ ငါတယောက်တည်းရှိတယ်ကွ

me: အာ

ပြောလေ ဆဲလေပါလား

3:54 PM တော်တော်ကို ခင်များကို အထင်ကို မကြီးတာ


3:55 PM naymyowai: မင်းအထင်ကြီးဖို့လုပ်နေတာမှမဟုတ်တာကွာ



Saturday, February 19, 2011

သိထားသမျှ နှစ်လောက

မင်းနိုင်သူ


ဒီဘက်က သတင်းလောကအကြောင်း လှမ်းပြီး မေးကြမြန်းကြတာတွေ အခုတလော တော်တော်ကို များလှပါတယ်။

ရွေးကောက်ပွဲပြီးရင်တော့ စာနယ်ဇင်းလွတ်လပ်ခွင့်အထိုက်အလျောက် ရလာနိုင်တယ်လို့် မျှော်လင့်ထားသူတချို့ သူတို့မျှော်လင့်ချက်တွေ ကုန်ခမ်းသွားတာက တကြောင်း တချို့လည်း စာနယ်ဇင်းတိုက်အတွင်းက အချင်းချင်းနေရာလုပွဲ အာဏာလုပွဲတွေကို စိတ်ပျက်လာကြတာက တကြောင်းကြောင့် ဒီဘက်က သတင်းလောကအကြောင်းကို ပိုပြီး သိချင်လာကြပုံပါပဲ။

ပြည်တွင်းမှာလည်း သတင်းထောက်လုပ်ခဲ့ဖူးတဲ့ ကျနော့်ကို မေးကြမြန်းကြပါတော့တယ်။

ကိုင်း….ကျနော်သိသမျှ သတင်းနှစ်လောကကို ပြောပါမယ်ဗျား။

သတင်းနှစ်လောကဆိုတာကတော့ ပြည်တွင်းနဲ့ပြည်ပ နှစ်လောကကို ဆိုလိုတာပါ။

နှစ်လောကစလုံးမှာ တူညီတာတွေ ရှိသလို မတူကွဲပြားတာတွေလည်း အများကြီးခင်ဗျား။

ဒီအထဲကမှ အဓိကတူညီတဲ့အချက်က ပြည်တွင်း ပြည်ပမှ သတင်းသမားတိုင်းဟာ သတင်းလိုက်ကြရတာဖြစ်ပြီး အဓိက ကွဲပြားတဲ့အချက်ကတော့ လိုက်ထားတဲ့သတင်းကို ပြည်တွင်းသတင်းသမားတွေက လွတ်လပ်စွာတင်ပြခွင့်မရှိတာပါပဲ။

သတင်းလိုက်တာခြင်းတူပေမယ့် လိုက်ပုံလိုက်နည်းခြင်းကတော့ ကွဲပြားသွားပါပြီ။ ပြည်တွင်းသမားတွေက လူတွေ့မေးမြန်းသတင်းယူကြရတာဖြစ်ပေမယ့် ဒီဘက်က သတင်းသမားတွေရဲ့ အဓိက သတင်းရယူရတဲ့နည်းကတော့ တယ်လီဖုန်းနဲ့ အင်တာနက်ကတဆင့်ပါ။

ဒါ့ကြောင့် ဒီဘက်မှာ သတင်းသမားအဖြစ် ကျင်လည်မယ့်လူဟာ တယ်လီဖုန်းနံပါတ်တွေကို ရယူထားနိုင်ဖို့လိုအပ်ပြီး အွန်လိုင်းမှာလည်း မိတ်ဆွေအပေါင်းအသင်းများများ ရှိထားဖို့ လိုပါတယ်။

ပြည်တွင်းသတင်းလောကမှာတော့ စီးပွားရေးသမားနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို သိနေရင် သတင်းသမားလုပ်လို့ ရနိုင်ပြီဖြစ်ပေမယ့် ဒီဘက်အတွက်ကတော့ နိုင်ငံရေးသမားတွေကိုပါ သိထားမှသာ ဒေါင်ဒေါင်မြည် သတင်းသမားဖြစ်ပါလိမ့်မယ်ဗျား။

ပြည်ပသတင်းသမားဟာ နိုင်ငံရေးသမားတွေအပြင် နအဖဘက်တော်သားတွေနဲ့ပါ ဒွေးရောယှက်တင် နေကြရတာကြောင့် အနေတတ်ဖို့နဲ့ သတ္တိရှိဖို့လည်း လိုပါတယ်။

အနေတတ်ဖို့ဆိုတာက ပြောသမျှခေါင်းညိတ် အလိုကျလိုက်ရေးပေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သတင်းသမားကျင့်ဝတ်ကို မြဲမြဲမြံမြံဆုပ်ကိုင်ထားနိုင်ဖို့ပါ။ သတင်းသမားဟာ လူပေါင်းစုံနဲ့ ဆက်သွယ်နေရသူတွေပါ။ လိုအပ်လာရင် အများက နအဖဘက်တော်သားလို့ ယူဆထားကြသူတွေကိုလည်း တွေ့ဆုံမေးမြန်းရပါတယ်။

ဒီလိုအခါမျိုးမှာဒီကောင်ကတော့ နအဖလူနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ စွပ်စွဲတဲ့ အသံတွေ ထွက်လာပါလိမ့်မယ်။ ဒါတွေကို ဂရုစိုက်နေရင်တော့ ကိုယ်သိချင်တဲ့အကြောင်းအရာကို သိခွင့်ရတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သတ္တိရှိဖို့ လိုတယ်လို့ ပြောတာပါ။

တကယ်တော့ သတင်းသမားဟာ ဘယ်သူ့လူမှမဟုတ်ပါဘူး။ နှစ်ဘက်စလုံးက အခြေအနေတွေကို သိထားပြီး ပြန်လည်တင်ပြပေးနိုင်ဖို့သာ သတင်းသမားအလုပ်ပါ။

အဓိကက တဘက်သတ်ပြောသမျှကို ယုံကြည်ပြီးဖြစ်စေ ကြောက်ရွံ့လို့ဖြစ်စေ လဘ်လာဘကြောင့်ဖြစ်စေ စာမျက်နှာပေါ်မှာ မဟုတ်တမ်းတရားတွေ မရေးမိ မပြောမိဖို့ပါပဲ။

ဥပမာ….တပ်တွင်းရာထူးအပြောင်းအလဲသတင်းတွေနဲ့ပတ်သက်ရင် နအဖစစ်အစိုးရနဲ့ နီးစပ်သူတွေဆီကပဲ သတင်းရတတ်တာပါ။ ဒီမိုကရေစီအင်အားစုတွေဆီက ဒီလိုသတင်းမျိုး ထွက်မလာတတ်ပါဘူး။

ဒီလိုသတင်းမျိုးရလာရင် ကိုယ့်သတင်းပေးက တပ်တွင်းပုန်ကုန်မှုကြီးဖြစ်တော့မယောင် ပြောလာခဲ့ရင်တောင် မသေချာတဲ့အခြအနေတွေကို သတင်းမှာမထည့်ဘဲ ရာထူးအပြောင်းအရွေ့သတင်းလောက်သာ ရေးသင့်ပါတယ်။

သူတို့ ချဲ့ကားပြောတိုင်းရေးရင် တဘက်အဖွဲ့အစည်းရဲ့လှည့်ကွက်ထဲကို ရောက်သွားနိုင်ပြီး ကိုယ်ဟာ အသုံးချခံဖြစ်သွားနိုင်ပါကြောင်း ပြောရင်း ဒီတပတ် ဒီလောက်နဲ့ ရပ်ပြီး နောက်တပတ်မှ ဆက်ပြောပြပါရစေဗျား။