အရှင်ရာဟုလာ (မစိုးရိမ်) နေ့ စွဲ - ၀၇၊ အောက်တိုဘာ၊ ၂၀၁၀
အရှင်ဘုရား။
တပည့်တော် လျှောက်ထားပါရစေဘုရား။ သာသနာအတွက် ဆွေးနွေးတာပါဘုရား။ အမှားပါရင်တော့ ခွင့်လွှတ်တော်မူပါမည့်အကြောင်း ရိုသေစွာ ကြိုတင်လျှောက်ထားဝံ့ပါသည် သက်တော်ရှည် အရှင်မြတ်ဘုရား။
အရှင်ဘုရားတို့ တပည့်တော်တို့ ဟာ သာသနာ့ညီအစ်ကိုတွေနော်ဘုရား။ တပည့်တော်က ဒီလို နားလည်ထားပါတယ်ဘုရား။ ဘာသာရေးသက်သက်သွားတဲ့လမ်း၊ နိုင်ငံရေးသက်သက်သွားတဲ့လမ်း၊ ဘာသာရေးနိုင်ငံရေးတွဲဖက်သွားတဲ့လမ်းတွေရှိတယ်ဆိုတာပါပဲ အရှင်ဘုရား။
(၁)သီတဂူဆရာတော်ရဲ့ ဆိုလိုချက်တွေက တပည့်တော်တို့အတွက် စဉ်းစားစရာတွေ ဖြစ်ခဲ့တယ်လေဘုရား။ ဒါပေမယ့် သူ့ ဟောပြောချက်တွေကို သေသေချာချာပြန်စဉ်းစားပေးပါဘုရား။ ပြန်နားထောင်ပေးပါဘုရား။ ရှင်းလာပါလိမ့်မယ်ဘုရား။ အင်းစိန်ထောင်ဆိုတာ နိုင်ငံရေးသမားသက်သက်နေတဲ့ ထောင်လား။ ရာဇဝတ်သမားများရော မရှိနိုင်ဘူးလားဘုရား။ ဘယ်သူတွေက ပိုများတာလဲ။ ဘယ်သူတွေကို တရားဟောခဲ့တာလဲ။ စဉ်းစားရမယ်လေဘုရား။ ထောင်အတွင်းလောကီနည်းပညာပိုင်းနဲ့ ဖြစ်စေ၊ မြတ်ဗုဒ္ဓရဲ့ တရားဘာဝနာပွါးများနည်းအားဖြင့်ဖြစ်စေ ရာဇဝတ်သမားများကို ပြန်လည်၍ကောင်းမြတ်သောဘဝတည်ဆောက်ဖန်တီးပေးမှုရှိသော နေရာ Recreation Centre လို့ စိတ်ပိုင်းဆိုင်ရာ ဖြေသိမ့်နိုင်အောင် (ရာဇဝတ်သမားများတည်းဟူသော အများကို ရည်ညွန်းပြီးတော့ တပည့်တော်တို့ စာချတန်းနည်းပညာအရ ယေဘုယျနည်းအားဖြင့်) ပြောတာပဲဖြစ်ပါလိမ့်မယ်နော် အရှင်ဘုရား။
(၂)ဆရာကြီးဂိုအင်ကာလို ဘုရားရှင်သာသနာအတွက် တပည့်တော် တကယ်ကျယ်ကျယ်ပြန့် ပြန့် လုပ်နိုင်ခဲ့ရဲ့လားလို့ စဉ်းစားခဲ့ပါသေးတယ်ဘုရား။ မလုပ်နိုင်ခဲ့ဘူးဘုရား။ အရှင်ဘုရားလည်း စဉ်းစားကြည့်ပေါ့နော်ဘုရား။ လူတိုင်းကို ကူညီဖို့ ဆိုတာ မဖြစ်နိုင်ဘူးဘုရား။ သူ့ရဲ့ရည်ရွယ်ချက်က မြတ်ဗုဒ္ဓရဲ့ တရားဘာဝနာပွါးနည်းနဲ့  လူတွေကို ဟောပြောကူညီဖို့ပါ။့ သူ့ရည်ရွယ်ချက်နဲ့ အရှင်ဘုရားဖြစ်စေချင်တာနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းလေဘုရား။ အရှင်ဘုရားလို ပြောကြစတမ်းဆိုရင် မြတ်ဗုဒ္ဓဘုရားရှင်တောင် အရှင်ဘုရားတို့ လိုချင်တဲ့ပုံစံမျိုးအနေနဲ့ အားလုံးကိုအကူအညီမပေးနိုင်တော့ ပြောခံရတော့မလိုလို ဖြစ်နေပြီနော်ဘုရား။
(၃)ဆိုလိုတာက သီတဂူဆရာတော်ရော ဆရာကြီးဂိုအင်ကာပါ မြတ်ဗုဒ္ဓသာသနာအတွက် အားသွန်ကြိုးပမ်းလုပ်နေကြတယ်။ အတိုင်းအတာတစ်ခုအထိရောက်ခဲ့ကြတယ်နော်ဘုရား။ စဉ်းစားလိုက်ရင်တော့ လောကသားတွေအတွက် ပျော်စရာလေးတွေပါ။ သူတို့ဒီလိုလုပ်နေကြလို့ ဘယ်လောကသားက ထိခိုက်သွားတယ်လို့ မကြားခဲ့ဘူးတာတော့ သေချာတယ်နော်ဘုရား။ အခုလည်း သူတို့ တတွေ ရတဲ့အခွင့်အရေးကို အမိအရယူပြီး သာသနာပြုတာကို တပည့်တော်တို့က နားလည်ပေးလိုက်ရင် အဆင်ပြေသွားမှာပါဘုရား။ ကိုယ့်စိတ်နဲ့  ကိုယ့်လုပ်ငန်းစဉ်နဲ့ လွဲနေတိုင်း မတိုက်ဆိုင်တိုင်း မကောင်းပြောလို့ တော့ အဆင်မပြေဘူးပေါ့နော်အရှင်ဘုရား။ အဲဒီလိုဆိုတော့ လူမျိုးရေးမုန်းတီးမှုတွေ လူမှုရေးပြဿနာတွေဖြစ်ပြီး ဗုဒ္ဓသာသနာအတွက် ရလာဒ်ကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်လေဘုရား။ ဘာသာရေးဟာ တစ်ခါတစ်လေ နိုင်ငံရေးနဲ့ တခြားစီလေဘုရား။ ဘာသာရေးခေါင်းဆောင် ရဟန်းတော်တစ်ပါးနေရာက ကိုယ်ချင်းစာပေးလိုက်ရင် သဘောပေါက်သွားမှာပါဘုရား။ တပည့်တော်တို့  အရှင်ဘုရားတို့ ရည်ရွယ်ချက်က လူမျိုးရေးမပါတဲ့ ဘာသာရေးနော်ဘုရား။ ဒီလိုပြောနေလို့ တပည့်တော်ကို သီတဂူဆရာတော်တို့ ဆရာကြီးဂိုအင်ကာတို့ နဲ့ အဆက်အသွယ်ရှိသူလို့တော့ မထင်လိုက်နဲ့နော်ဘုရား။ သူတို့နဲ့ ဘာအဆက်အသွယ်မှ မရှိခဲ့ဖူးဘူးဘုရား။ သူတို့ နဲ့ ဆိုရင် စကားတောင် မပြောဖူးဘူးဘုရား။ တပည့်တော်က ကိုယ့်အားကိုယ်ကိုးပြီး နိုင်ငံခြားမှာ ပညာလာသင်နေရတဲ့ ပြည်ပရောက်စာသင်သားရဟန်းတစ်ပါးသာ ဖြစ်ပါကြောင်း။
သာသနာအတွက် ဆွေးနွေးခဲ့တာပါဘုရား။ အမှားပါရင်တော့ ခွင့်လွှတ်တော်မူပါမည့်အကြောင်း ရိုသေစွာလျှောက်ထားဝံ့ပါသည် သက်တော်ရှည် အရှင်မြတ်ဘုရား။
လွတ်လပ်သော စာသင်သားရဟန်းတော်
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ မပါဘဲ အပြုသဘော ဝေဖန်အကြံပြုတာဟာ ကောင်းမွန်တာမို့ ဒီပေးစာကိုလည်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts
Monday, October 11, 2010
Friday, July 23, 2010
Friday, April 9, 2010
Thursday, April 8, 2010
ပြည်တွင်းအသံ
ဆက်လက်စုံစမ်းပေးကြပါရန်
ပဲခူးတိုင်း အုပ်ဖို မြို့နယ် သရက်ပင်ဆိပ် ကျေးရွာတွင် မြို့နယ် တွင်းကြံဖွံ များဖြစ်ကြသော ဦးခင်စိန်နှင့် ဦးတင်စန်းတို့မှမြို့နယ်တွင်း
တွင်ချဲဒိုင်ကိုဦးစီးပြုလုပ်ပြီးမတရားအမှူ့ဆင်ပြီးပြည်သူလူထုအားခြိမ်းခြောက်ကာ၂၀၁၀ ရွေးကောက်ပွဲအတွက်သူတို့၏ကြံဖွံ့အဖွဲ့ အတွတ်အတင်းအဓမ္မမဲဆွယ်ကာစာရွက်ဗလာများပေါ်တွင်အတင်းလက်မှတ်များကြိုတင်လက်မှတ်ရေးထိုးခိုင်းခြင်းများးကိုပြုလုပ်နေကြပါသည်။ သို့ပါသော်ကြောင့်ယခုလိုပြုလုပ်နေသောကြံဖွံများနှင့်ပဲခူးတိုင်းတိုင်းမှုးသန်ဌေးတို့မှအတင်းဖိအားပေးခြိမ်းခြောက်ကာ ၂၀၁၀ အတွတ်ကြိုတင်မဲပေးစနစ်နှင့်အတင်းလတ်မှတ်ထိုးခိုင်းခြင်းများပြုလုပ်နေကြပါသည်။ အထက်ပါဖြစ်ရပ်ကိုတာဝန်သိပြည်သူများမှဆက်လက်ဖေါ်ထုပ်ပေးကြပါရန်မေတ္တာရပ်ခံတိုက်တွန်းလိုက်ရပါသည်။
ပဲခူးတိုင်း အုပ်ဖို မြို့နယ် သရက်ပင်ဆိပ် ကျေးရွာတွင် မြို့နယ် တွင်းကြံဖွံ များဖြစ်ကြသော ဦးခင်စိန်နှင့် ဦးတင်စန်းတို့မှမြို့နယ်တွင်း
တွင်ချဲဒိုင်ကိုဦးစီးပြုလုပ်ပြီးမတရားအမှူ့ဆင်ပြီးပြည်သူလူထုအားခြိမ်းခြောက်ကာ၂၀၁၀ ရွေးကောက်ပွဲအတွက်သူတို့၏ကြံဖွံ့အဖွဲ့ အတွတ်အတင်းအဓမ္မမဲဆွယ်ကာစာရွက်ဗလာများပေါ်တွင်အတင်းလက်မှတ်များကြိုတင်လက်မှတ်ရေးထိုးခိုင်းခြင်းများးကိုပြုလုပ်နေကြပါသည်။ သို့ပါသော်ကြောင့်ယခုလိုပြုလုပ်နေသောကြံဖွံများနှင့်ပဲခူးတိုင်းတိုင်းမှုးသန်ဌေးတို့မှအတင်းဖိအားပေးခြိမ်းခြောက်ကာ ၂၀၁၀ အတွတ်ကြိုတင်မဲပေးစနစ်နှင့်အတင်းလတ်မှတ်ထိုးခိုင်းခြင်းများပြုလုပ်နေကြပါသည်။ အထက်ပါဖြစ်ရပ်ကိုတာဝန်သိပြည်သူများမှဆက်လက်ဖေါ်ထုပ်ပေးကြပါရန်မေတ္တာရပ်ခံတိုက်တွန်းလိုက်ရပါသည်။
Subscribe to:
Posts (Atom)