ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။
Showing posts with label ဓါတ်ပုံ/ဗွီဒီယို. Show all posts
Showing posts with label ဓါတ်ပုံ/ဗွီဒီယို. Show all posts

Thursday, September 16, 2010

သထုံမြို့နယ်တွင်း တာဝါတိုင် ဖောက်ခွဲမှု မှတ်တမ်း ဓါတ်ပုံများ





၁၁-၉-၂၀၁၀ မြန်မာ့အလင်းသတင်းစာပါ မှတ်တမ်းဓါတ်ပုံတွေရဲ့ မူရင်း ကာလာဓါတ်ပုံတွေပါ။ ဓါတ်ပုံပါ ရက်စွဲတွေကတော့ ၂၀၀၇ ခုနှစ်ကို ပြညွှန်းနေကြောင်းပါ ခင်ဗျားးးးးးးးးး

Wednesday, April 7, 2010

ဦးအောင်ဆန်းဦးရဲ့ အိမ်

ဦးအောင်ဆန်းဦးတယောက် ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမွေအမှုနဲ့ မွှေနေခဲ့တာကြာပါပြီ။ အခုလည်း လုံခြုံရေးအတွက် အိမ်ပြင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်မပြင်နိုင်အောင် တရားရုံးမှာ ကန့်ကွက်ပါသတဲ့။ ဒီနေ့တော့ ဦးအောင်ဆန်းဦးရဲ့ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီဆိုပဲ။

တကယ်တော့ ဒါတွေဟာ စစ်အစိုးရက သူ့ဇနီးဒေါ်လဲ့လဲနွယ်သိန်းကတဆင့် စည်းရုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပေါ်အောင် ဆောင်ရွက်နေတာပါလို့ ထောက်လှမ်းရေးဟောင်းတွေက ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမွေမှုနဲ့ မွှေနေတဲ့ ဦးအောင်ဆန်းဦးအိမ်ကိုလည်း ကျနော်တို့ရဲ့ အထူးသတင်းထောက်ကြီးက တလောကပဲ အိမ်တွင်း အိမ်ပြင် အိမ်ပေါ် ၀င်မွှေ နိုင်ခဲ့ပါသဗျာ။ ကဲ....ပုဂံမှာ တိတ်တဆိတ်ဆောက်ထားတဲ့ ဦးအောင်ဆန်းဦးအိမ်ကို ရှုစားတော်မူကြပါ...(ကှ်ျပုံများကို အသုံးပြုလိုပါက မင်းနိုင်သူဘလော့မှ ယူကြောင်း ဖော်ပြပေးကြပါရန် )











ကျနော် မြင်သော အယုဒ္ဓယ

၎-၄-၂၀၁၀။ အယုဒ္ဓယကို ရောက်တာ သုံးခေါက်မြောက်ပါ။ အရင်အခေါက်တွေက ကင်မရာမရှိသေးလို့ ဒီအတိုင်းပဲ လျှောက်ကြည့် ပြန်လှည့်....။ ဒီတခေါက်တော့ ရုံးက ကင်မရာ ပေးထားတဲ့အတွက် စိတ်တိုင်းကျ လက်ကမြင်းနိုင်ခဲ့ပါတယ်။ ကျနော်မြင်ခဲ့သမျှ ကူးလူးခံစားကြတာပေါ့နော်။ ဘယ်နေရာက ဘာပါဆိုတဲ့ စာညွှန်းတွေတော့ ထည့်မပေးလိုက်တော့ဘူး။ ကိုယ်တိုင်ရောက်မှ ဘွားကနဲ မြင်လိုက်ရတဲ့ အရသာက ပိုကောင်းမယ်ထင်လို့ပါ။( ကျနော် စိတ်တိုင်းကျ လက်ကမြင်းထားတဲ့ပုံတွေကို ယူသုံးနိုင်ပါတယ်။ credit ပေးရင်လည်း ပေး မပေးရင်လည်း နေပါ)

















Wednesday, March 31, 2010

တသက်တာဝန်ထမ်း

တော်လှန်ရေးတေးတွေ သီကြွေးလေ့ရှိတဲ့ ထက်အောင်ရှိုင်းရဲ့ ခံစားမှုပါ။ သူကိုယ်တိုင်ရေးဆို ထားတဲ့ ဒီသီချင်းလေးထဲမှာ နအဖစစ်အစိုးရလက်ထက် စစ်သားဖြစ်ရတာ ဘ၀အတွက် သံသရာအတွက် အကျိုးမဖြစ်စေဘူးလို့ ဆိုထားလေရဲ့ဗျာ........

Monday, March 29, 2010

သူသေကိုယ်ရှင် တိုက်ပွဲဝင် သင်္ကြန်သံချပ်

အိန္ဒိယနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ဆယ့်နှစ်ကြိမ်မြောက် အားထုတ်မှုပဲဖြစ်ပါတယ်။ မနေ့ညကတည်းက သံဃာတော်တပါးက ဒီအသံဖိုင်တွေကို ပေးပို့ထားတာပါ။ ဒီနေ့ အန်အယ်လ်ဒီအစည်းအဝေးကို အာရုံစိုက်နေရတာမို့ အခုမှ တင်ဖြစ်တဲ့အတွက်တောင်းပန်ရပါတယ်။့ပြည်တွင်းက ပရိသတ်တွေ ဖွင့်ရင် အဆင်ပြေစေဖို့အတွက်လည်း အရုပ်သိပ်မထည့်တော့တာကို နားလည်ပေးနိုင်ကြမယ်ထင်ပါရဲ့နော်။ ကဲ...အန်အယ်လ်ဒီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်ကလည်း ကျလာပြီမို့ အချိန်ခါကိုက် ပေါ်ထွက်လာတဲ့ သူသေကိုယ်ရှင် တိုက်ပွဲဝင် သင်္ကြန်သံချပ်နားဆင်ပြီး တိုက်ပွဲအတွက် ပြင်ကြစို့လား။


Friday, March 12, 2010

ပြည်တွင်း သံဃာတော်တပါးရဲ့ မိန့်ဆိုချက်

နအဖ စစ်အစိုးရကတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့အတူ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင်နင်းချေပယ်ဖျက်ပစ်လိုက်ပါပြီ။ ဒါဟာ အန်အယ်လ်ဒီကို ထီမထင်ဘူးဆိုတာ ပြလိုက်တာပါပဲ။ ပြည်သူလူထုရွေးကောက်တင်မြှောက်ပေးခဲ့တဲ့ အန်အယ်လ်ဒီဟာ ဘယ်လိုများ တုံ့ပြန်မှာလဲဆိုပြီး ရဟန်းသံဃာ ၊ ကျောင်းသားပြည်သူတရပ်လုံးက စောင့်ကြည့်နေကြပါဘီ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက လည်း လက်ရှောင်နေခဲ့တဲ့ အန်အယ်လ်ဒီ အခု ဘယ်လမ်းရွေးမလဲလို့ ပြည်တွင်းသံဃာတော်တွေက မေးနေပါပြီ........

Monday, March 8, 2010

လူထုအားဖြင့် စစ်အာဏာရှင်စနစ်ကို ချေမှုန်းပစ်ရန် လူထုစိန်ဝင်း ပြောကြား

နအဖစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများထုတ်ပြန်လိုက်ကြောင်း ကြေညာခဲ့အပြီးတွင် မြန်မာပြည်မှ ထင်ရှားသော စာနယ်ဇင်းဆရာကြီး လူထုစိန်ဝင်းက လူထုအားဖြင့် စစ်အာဏာရှင်စနစ်ကို ချေမှုန်းပစ်ရန် ပြောကြားထားသည့် သတင်း အွန်လိုင်းတွင် ပြန်လည် ပျံ့နှံ့လာသည်။

Sunday, March 7, 2010

စာနာမှုနဲ့ ဖေးကူပါ.......

လွန်ခဲ့တဲ့ တပတ်လောက်က မြစ်ဝကျွန်းပေါ်ဒေသကို သွားခဲ့တဲ့သတင်းထောက်တဦးက နာဂစ်ဒဏ်ထိဒေသတွေမှာ လိုအပ်ချက်များစွာရှိနေ ဆဲပဲလို့ ပြောသွားတဲ့အတွက် ဒီသီချင်းလေးကို အမှတ်ရဖြစ်သွားခဲ့တယ်လေ....

Friday, February 26, 2010

ရွေးကောက်ပွဲခေါ် ပွဲတော်ကြီး နီးလာပြီ

နအဖစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောထားတဲ့ ၂၀၁၀ခုနှစ်ကို ဖြတ်သန်းဖို့ (၁၀) လတာပဲ လိုပါတော့တယ်။ သို့သော်ငြားလည်း နအဖစစ်အစိုးရက အခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ မထုတ်ပြန်သေးသလို အန်အယ်လ်ဒီပါတီကလည်း ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး ယတိပြတ်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒုတိယမ္ပိသို့သော်ငြားလည်းပေါ့လေ ပြည်ပသတင်းမီဒီယာတွေကတော့ ရွေးကောက်ပွဲကို စောင့်ကြည့်ကြဖို့ တက်ကြွနေကြပါတယ်။ ဒီနှစ် ချင်းမိုင်မှာ ပြုလုပ်တဲ့ (၇) ကြိမ်မြောက် သတင်းညီလာခံကြီးမှာတောင် ဒီကိစ္စကို