ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။
Showing posts with label တွေးမိသမျှ အတိုအစ. Show all posts
Showing posts with label တွေးမိသမျှ အတိုအစ. Show all posts

Thursday, November 18, 2010

မတရားမှုတွေကို မျက်ခြေမပြတ်ကြဖို့

သတင်းသမားဆိုတာလည်း လူပဲ။ ဒါ့ကြောင့် နိုင်ငံရေး ခံယူချက်ရှိတယ်။ ဒါပေမယ့် ကိုယ် ယုံကြည်ထားတဲ့ နိုင်ငံရေးဖက်က အလေးသာနေပြီလို့ စိတ်ဒုန်းဒုန်း မချလိုက်နဲ့။ နိုင်ငံရေးဆိုတာ ကြွေတလှည့် ကြက်တခုန်ပဲ။ သတင်းသမားရဲ့ အဓိက တာဝန်ဖြစ်တဲ့ မတရားမှု ၊ ဖိနှိပ်ခံရမှုတွေကို ဖော်ထုတ်ပေးဖို့သာ မျက်ခြေမပြတ် အလေးထားကြရမယ်။

(၁၈-၁၁-၂၀၁၀)

Wednesday, October 6, 2010

သို့/ နိုင်ငံရေးသမားဆိုသူများ

ကျုပ်နားတဘက်က ခင်များတို့ ပြောတာ နားထောင်ဖို့ ဖြစ်ပီး ကျန်နားတဘက်ကတော့ လူထုက ပြန်မေးလာတဲ့ မေးခွန်းတွေကို နားထောင်ဖို့ ဖြစ်တယ်...သူတို့ မေးနေတဲ့ မေးခွန်းတွေ ၊ မေးလာမယ့် မေးခွန်းတွေကို ကျုပ်ပါးစပ်နဲ့ ကိုယ်စားပြု မေးရတာဟာ ကျုပ်အလုပ်ဖြစ်တယ်...မေးခွန်းတွေကို ရင်မဆိုင်နိုင်ရင် နိုင်ငံရေးသမားမလုပ်ပါနဲ့။

(6-10-2010)

Friday, August 20, 2010

နိုင်ငံရေးဆောင်ရွက်ချက်တိုင်းဟာ ရိုးဖြောင့်ချင်မှ ရိုးဖြောင့်မယ်။ ဒါပေမယ့် နိုင်ငံရေးဆောင်ရွက်ချက်တိုင်းဟာ အမျိုးသားအကျိုးစီးပွားကိုပဲ ရှေ့ရှုတယ်ဆိုရင် နိုင်ငံရေးသမားကောင်းပဲဖြစ်တယ်။

Wednesday, June 23, 2010

အာဏာဆိုတာ ရာထူးက သက်ဆင်းတာ..... သြဇာကို အများအတွက် ကိုယ်ကျိုးမဖက် မဏ္ဍပ်တိုင်မတက်ဘဲ အလုပ်တွေနဲ့ ထူထောင်ယူရတာ......အာဏာကို တိုက်နိုင်တာ သြဇာပဲ