ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Thursday, April 8, 2010

ပဲခူး ဗုံးကွဲ

ယမန်နေ့ညနေပိုင်း ၄နာရီခွဲခန့်တွင် ပဲခူးအမှတ်(၃) ရဲစခန်းပိုင် မြို့သစ်ရပ်ကွက် ၊ မြေတိုင်(၇)အပိုင်းတွင် ဗုံးပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့သည်။

"ကလေးတယောက်က ဖိနပ်တရံကောက်ရလာတယ်။ အဲဒီဖိနပ်ထဲမှာ စီးကရက်အစီခံလုံးအရွယ် အလုံးလေးတွေ သုံးလုံးပါတယ်တဲ့။ အဲဒါကို ကလေးက ဘက်ထရီနဲ့ သွားထောက်ကြည့်တော့ ကွဲတာပဲ။ကလေးတယောက်ပဲ ဒဏ်ရာရပါတယ်။ ပတ်ဝန်းကျင်တော့ ဘာမှမဖြစ်ဘူး"ဟု ရပ်ကွက်သားတဦးက ပြောသည်။

ပဲခူးအမှတ် (၃) ရဲစခန်းအနီးရှိ အနှိပ်ခန်းရုံဘေးအမှိုက်ပုံမှ ထိုဖိနပ်ကို ကလေးက ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ရပ်ကွက်သားများက ပြောသည်။

No comments:

Post a Comment