ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Saturday, April 17, 2010

ပဲခူးအန်အယ်လ်ဒီ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲလုပ်

ပဲခူးမြို့နယ် အန်အယ်လ်ဒီရုံး၌ ယနေ့ (နှစ်ဆန်းတရက်) တွင် (၆) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆုတောင်းပွဲလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်လာသည့် အသက် (၇၀) ကျော် လူကြီးများအား လုံချည် ၊ မျက်နှာသုတ်ပုဝါများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီးနောက် လိပ်ပြာကန်တွင် ငါးလွှတ်ပွဲကျင်းပကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ရေး ဆုတောင်းခဲ့ကြကြောင်း သိရသည်။

အမေစုနဲ့ နိုင်ငံရေးအကျဉ်းအားလုံး အမြန်ဆုံးလွတ်မြောက်စေကြောင်း ဆုမွန်တောင်း

ထို့နောက် ရွှေမော်ဓောစေတီ အင်္ဂင်္ါထောင့်တွင် ပရိတ်တရားတော်များလည်း ရွတ်ဖတ်ပူဇော်ခဲ့ကြရာ အာဏာပိုင်များက လိုက်လံသတင်းယူခဲ့ကြောင်း အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

“သူတို့ကတော့ ကျနော်တို့သွားရာနောက် လိုက်ကြည့်နေတာပေါ့ဗျာ။ အနှောင့်အယှက်တော့မပေးပါဘူး။ ပါတီအဖွဲ့အစည်းအနေနဲ့ သက်ကြီးပူဇော်ပွဲကျင်းပ ခွင့်ရတာ ဒီနှစ်နောက်ဆုံးဖြစ်မယ်ဆိုတော့ ကျနော်တို့အားလုံးစိတ်ထဲမှာ ၀မ်းနည်းတယ်”ဟု ၄င်းက ပြောသည်။

အန်အယ်လ်ဒီပါတီသည် နအဖစစ်အစိုးရကျင်းပမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထပ်မံမှတ်ပုံမတင်ရန် မတ်လ (၂၉) ရက်နေ့က ဆုံးဖြတ်ခဲ့ပြီး လူမှုရေးလုပ်ငန်းများကိုသာ ဆက်လက်လုပ်ကိုင်သွားတော့မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောဆိုထားသည်။

No comments:

Post a Comment