ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Sunday, February 28, 2010

သက်ကြီးစာပေပညာရှင် ကန်တော့ပွဲ အောင်မြင်စွာပြီးစီး

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် သုဒဿန (၄)လမ်းရှိ ဦးဇော်ဝင်းနေအိမ်၌ ယမန်နေ့က သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ စာရေးဆရာကြီး နန်းညွှန့်ဆွေ (ကိုဇာဂနာ့အဖေ) ၊ ဦးအုန်းမောင် ၊ ဦးဝင်းတင် ၊ ဦးအုံးကြိုင်နှင့် ဦးလေးမြင့်တို့ တက်ရောက် ကန်တော့ခံခဲ့ကြပြီး သြ၀ါဒစကားများ ပြောကြားခဲ့ကြသည်။

ဒဂုန်တာရာ ၊ ဦးတင်ဦး နှင့် လူထုစိန်ဝင်းတို့သည် ကျန်းမာရေးအခြေအနေများကြောင့် မလာရောက်နိုင်ခဲ့သော်လည်း ကန်တော့ပစ္စည်းများ ပေးပို့ ကန်တော့သွားမည်ဖြစ်ကြောင်း အခမ်းအနားတက်ရောက်ခဲ့သူတဦးက ပြောသည်။

အဆိုပါအခမ်းအနားကျင်းပမည်ဖြစ်ကြောင်း နအဖစစ်အစိုးရက သတင်းရရှိသွားခြင်းကြောင့် အိမ်ရှင်ဦးဇော်ဝင်းအား ၂၇ ရက်နေ့က သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့သော်လည်း နိုင်ငံရေးနှင့်မပတ်သက်ကြောင်း စာပေပညာရှင်များကို ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည့်အတွက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကျင်းပသည့်နေ့တွင်လည်း သတင်းတပ်ဖွဲ့နှင့်ကြံ့ဖွံ့အသင်းဝင်များသည် အခမ်းအနားတက်ရောက်လာသူများအား ဆိုင်ကယ်ဖြင့် လိုက်လံကြည့်ရှုခြင်း ၊ ဓါတ်ပုံခိုးရိုက်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(အဆိုပါသတင်းအား ယမန်နေ့မွန်းလွဲပိုင်းကပင် ရရှိခဲ့သော်လည်း blog settings တွင် အမှားအယွင်းဖြစ်ပေါ်ခဲ့သဖြင့် ယခုမှ တင်ပေးနိုင်သည်ကို အခက်အခဲများကြားမှ ပေးပို့ခဲ့ကြသည့် ပြည်တွင်းမှ ဆရာသမားများ ၊ စာဖတ်သူများကို အနှူးအညွှတ် တောင်းပန်အပ်ပါသည်။)





တာချီလိတ်နှင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် ဒီဇယ်ဆီနှင့်ဓာတ်ဆီများ တင်သွင်း

ဖေဖော်ဝါရီလ တတိယပတ် မှစ၍ မြ၀တီနယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့်ဒီဇယ်ဆီ ၂၅၆၃ ဂါလန် နှင့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒီဇယ်ဆီ ၇၂၈၈၈ ဂါလန်၊ ဓာတ်ဆီ ၄၆၂၂၂ ဂါလန်ကို တစ်ဖက်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသောသတင်းများအရ သိရှိရသည်။
ယင်းကဲ့သို့ မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှ တင်သွင်းသည့် ဒီဇယ်ဆီမှာ ပုဂ္ဂလိကပိုင်အနေဖြင့် တင်သွင်းခြင်းဖြစ်ပြီး တစ်ဂါလန်လျင် ၂ ဒသမ ၇၃ ဒေါ်လာဈေးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ပြီး တာချီလိတ်နယ် စပ်ကုန်သွယ်ရေးမှ တင်သွင်းသော ဒီဇယ်ဆီနှင့်ဓာတ်ဆီမှာ MPPE မှ တင်သွင်းခြင်းဖြစ်ကာ ဒီဇယ်ဆီ တစ်ဂါလန်လျင် ၁ ဒသမ ၉ ဒေါ်လာ၊ ဓာတ်ဆီတစ်ဂါလန်လျင် ၁ ဒသမ ၇၆ ဒေါ်လာဖြင့် တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းဈေးကွက်တွင်မူ ဓာတ်ဆီတစ်ဂါလန်လျင်ကျပ်၃၂၀၀ ၀န်းကျင်နဲ့ ဒီဇယ်တစ်ဂါလန်လျင် ကျပ် ၃၁၀၀ ၀န်းကျင်ရှိကြောင်း လည်း သိရှိရသည်။
''အခုလောလောဆယ် ပြည်တွင်းကုမ္ပဏီတွေ အသီးသီးကတင် သွင်းကြတာဆိုတော့ ဈေးကွက်မှာ သိပ်ကြီးကြီးမားမား မပြောင်းလဲပါဘူး။ ဒီဇယ်ဆီရော ဓာတ်ဆီပါ ကျပ် ၃၀၀၀ ၀န်းကျင်ပဲ။ FEC နဲ့ဆိုရင် တစ်ဂါလန်ကို ၃ FEC လောက်ကျ တယ်။ ဓာတ်ဆီက တစ်ခါတလေ နည်းနည်းပိုကျတယ်။ ၂ ဒသမ ၉ လောက်နဲ့ ရပါတယ်''ဟု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။

copy by weeklyeleven

Saturday, February 27, 2010

ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ သုံးနာရီကြာ

မင်းနိုင်သူ


ပူသည်။

ပူသည်မှ သိပ်ကိုပူသည်။တပေါင်းနွေသည် ရန်ကုန်တမြို့လုံးကို ပြုတ်အိုးထဲဆွဲသွင်းထားသည်။ ဒီလိုပူပုံနှင့်သာဆိုလျှင် နောက်ရက်တွေ သတင်းလိုက်ထွက်ဖို့တောင် ခပ်ခက်ခက်ပဲဟု သတင်းထောက်လေး မောင်ငပွေးတွေးနေသည်။ ယနေ့မူ ပြည်ထောင်စုနေ့ဖြစ်သဖြင့် မောင်ငပွေး ဘယ်မှမသွားဘဲ ဂျာနယ်တိုက်အတွင်းတွင်ပင် နှပ်နေ၏။ တိုက်ပိတ်ရက်ဖြစ်သဖြင့် အခြားသူများမရှိဘဲ ဖုန်းစောင့်တာဝန်ကျသော သတင်းထောက် ငလုံးချာနှင့် တိုက်အိပ်တိုက်စား အညာသား မောင်ငပွေးတို့နှစ်ဦးသာ ရှိလေသည်။

ငလုံးချာသည် မဂ္ဂဇင်းတအုပ်ကို ဖတ်ရှုနေသကဲ့သို့ မောင်ငပွေးသည်လည်း တိုက်ထပ်ခိုးပေါ်တွင် အလုပ်အားခိုက် ကာလနဂါးမင်း စည်းစိမ်ယူရန် အားထုတ်နေသော်လည်း ရန်ကုန်အပူသည် သူ့ကို မျက်စိမှိတ်ခွင့်မပေးပေ။

Friday, February 26, 2010

ရွေးကောက်ပွဲခေါ် ပွဲတော်ကြီး နီးလာပြီ

နအဖစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောထားတဲ့ ၂၀၁၀ခုနှစ်ကို ဖြတ်သန်းဖို့ (၁၀) လတာပဲ လိုပါတော့တယ်။ သို့သော်ငြားလည်း နအဖစစ်အစိုးရက အခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ မထုတ်ပြန်သေးသလို အန်အယ်လ်ဒီပါတီကလည်း ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး ယတိပြတ်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒုတိယမ္ပိသို့သော်ငြားလည်းပေါ့လေ ပြည်ပသတင်းမီဒီယာတွေကတော့ ရွေးကောက်ပွဲကို စောင့်ကြည့်ကြဖို့ တက်ကြွနေကြပါတယ်။ ဒီနှစ် ချင်းမိုင်မှာ ပြုလုပ်တဲ့ (၇) ကြိမ်မြောက် သတင်းညီလာခံကြီးမှာတောင် ဒီကိစ္စကို

စဉ်းစားကြဖို့နဲ့ သုံးသပ်ကြဖို့ပါ

ခရစ်သက္ကရာဇ် ၂၀၁၀ ထဲကို ရောက်တာနဲ့ပဲ ရွေးကောက်ပွဲ ရွေးကောက်ပွဲဆိုတဲ့ အသံတွေ ပိုကျယ်လောင်လာပါတယ်။ နအဖစစ်အစိုးရကတော့ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာကလွဲလို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို အခုချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ချင်းမိုင်မှာ ကျင်းပတဲ့ မြန်မာ့သတင်းသမဂ္ဂကြီးမှာတောင် ဒီအကြောင်းကို အကြီးအကျယ် ဆွေးနွေးနေကြပါသတဲ့။ ပြည်တွင်း ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့က ရွေးကောက်ပွဲဝင်ရေး စည်းရုံးရေးဆင်းနေကြပါတယ်။ ဒီအကြောင်းကို ခေတ်ပြိုင်ရဲ့ လေအိုးနဲ့ရွှေဂျိုးဆွေးနွေးခန်းမှာတော့ တတုံးစားလည်းမမှတ် ၊ နှစ်တုံးစားလည်း မမှတ်တဲ့ဟာကြီးတွေက သန်းရွှေကြီး ကျွေးမယ့်အတုံးကို တခြားသူတွေပါ စားအောင် သေဖော်လာညှိနေကြတယ်လို့ ပြောဆိုသွားလေရဲ့ဗျာ...။ ဟုတ်ကဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်တွင်းက ဥပဒေပညာရှင်တဦးလည်းဖြစ် ၊ မြန်မာပြည်က လူ့အခွင့်ရေး ချိုးဖောက်ခံရမှုတွေကို ကူညီပေးနေသူလည်းဖြစ်တဲ့ "လမ်းပြကြယ်" အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်ကရော ဘယ်လို ဆွေးနွေးသုံးသပ်တင်ပြပါသလဲ ....................

သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည်







ရန်ကုန်၊၊ ။ လက်ရှိ သံဃမဟာနာယက အဖွဲ့ မှ နိုင်ငံတ၀ှမ်းရှိ သံဃာတော်များ အားပိုမိုတင်းကျပ်သည့် အမိန်များ ထုတ်ပြန်သွားရန် စီစဉ်လျှက် ရှိကြောင်း သိရသည်။ သံဃမဟာ နာယက အဖွဲ့ မှ သံဃာတော်များ အား မကြာခင်ထုတ်ပြန်မည့် အမိန့် များတွင် လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ကွန်ပျူတာ နှင့် ပရင်တာ စာကူးစက်များ သုံးခြင်း၊နိုင်ငံခြားခရီးသွားလာခြင်း အပါအ၀င် တစ်နေ့ လျှင် ခြောက်နာရီခန့် သာ ကျောင်းတိုက်ပြင်ပ ထွက်ရှိ ခြင်းတို့ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။


အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ပြစ်မှုဆိုင်ရာ