![]() |
| Free picture slideshow created with Smilebox |
Monday, March 8, 2010
လူထုအားဖြင့် စစ်အာဏာရှင်စနစ်ကို ချေမှုန်းပစ်ရန် လူထုစိန်ဝင်း ပြောကြား
နအဖစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများထုတ်ပြန်လိုက်ကြောင်း ကြေညာခဲ့အပြီးတွင် မြန်မာပြည်မှ ထင်ရှားသော စာနယ်ဇင်းဆရာကြီး လူထုစိန်ဝင်းက လူထုအားဖြင့် စစ်အာဏာရှင်စနစ်ကို ချေမှုန်းပစ်ရန် ပြောကြားထားသည့် သတင်း အွန်လိုင်းတွင် ပြန်လည် ပျံ့နှံ့လာသည်။
ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်
နအဖစစ်အစိုးရက ယနေ့ ညနေ (၄) နာရီတွင် ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
၎င်းတို့ပိုင် MRTV3 မှတဆင့် ထုတ်ပြန်ကြေညာသွားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
"အားလုံးပြည့်ပြည့်စုံစုံတော့ မကြည့်လိုက်ရသေးဘူး။ ည (၈) နာရီသတင်းမှာ ပြန်ပါလာမယ်ထင်တယ်"ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
၁၉၈၈ ခုနှစ် ကျောင်းသားသပိတ်တိုက်ပွဲအတွင်း စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၄င်းတို့ စိတ်ကြိုက် ကိုယ်စားလှယ်များပါဝင်သော အမျိုးသားညီလာခံကို (၁၀) နှစ်ကျော်ကြာ ပြုလုပ်ခဲ့ပြီး ၂၀၀၈ခုနှစ် နာဂစ်ဖြစ်ပြီးစအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းလိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲသည် ထိုဥပဒေနှင့်အညီကျင်းပရမည်ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီကမူ ရွှေဂုံတိုင်ကြေညာချက်ထုတ်ပြန်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးတောင်းဆိုထားသည်။

Sunday, March 7, 2010
ဘားမား အော်စကာနှင့် လွဲခဲ့
၂၀၀၉ ခုနှစ်အတွက် အော်စကာဆုပေးပွဲကို အမေရိကန်ပြည်ထောင်စု ဟောလီးဝုဒ်မှာ ကျင်းပနေပါတယ်။ ဒီနှစ်အော်စကာဆုပေးပွဲမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မြင်ကွင်းတွေကို ရိုက်ကူးထားတဲ့ ဘားမားဗီဂျေအမည်ရ မှတ်တမ်းရုပ်ရှင်ကားကိုလည်း စကာတင် (၅)ကားစာရင်းမှာ ထည့်သွင်းထားတာမို့ မြန်မာပရိတ်သတ်တွေလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။
အမေရိကန် လော့အိန်ဂျလိစံတော်ချိန် (၁၁)နာရီမှာတော့ အခမ်းအနားမှူးက ၂၀၀၉ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို "THe COVE"က ရရှိသွားကြောင်း မြန်မာတို့အတွက် ၀မ်းနည်းဖွယ်သတင်းကို ကြေညာသွားကြောင်းပါ ခင်ဗျား...

စာနာမှုနဲ့ ဖေးကူပါ.......
လွန်ခဲ့တဲ့ တပတ်လောက်က မြစ်ဝကျွန်းပေါ်ဒေသကို သွားခဲ့တဲ့သတင်းထောက်တဦးက နာဂစ်ဒဏ်ထိဒေသတွေမှာ လိုအပ်ချက်များစွာရှိနေ ဆဲပဲလို့ ပြောသွားတဲ့အတွက် ဒီသီချင်းလေးကို အမှတ်ရဖြစ်သွားခဲ့တယ်လေ....
Saturday, March 6, 2010
Subscribe to:
Posts (Atom)