နအဖစစ်အစိုးရက ယနေ့ ညနေ (၄) နာရီတွင် ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
၎င်းတို့ပိုင် MRTV3 မှတဆင့် ထုတ်ပြန်ကြေညာသွားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
"အားလုံးပြည့်ပြည့်စုံစုံတော့ မကြည့်လိုက်ရသေးဘူး။ ည (၈) နာရီသတင်းမှာ ပြန်ပါလာမယ်ထင်တယ်"ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
၁၉၈၈ ခုနှစ် ကျောင်းသားသပိတ်တိုက်ပွဲအတွင်း စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၄င်းတို့ စိတ်ကြိုက် ကိုယ်စားလှယ်များပါဝင်သော အမျိုးသားညီလာခံကို (၁၀) နှစ်ကျော်ကြာ ပြုလုပ်ခဲ့ပြီး ၂၀၀၈ခုနှစ် နာဂစ်ဖြစ်ပြီးစအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းလိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲသည် ထိုဥပဒေနှင့်အညီကျင်းပရမည်ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီကမူ ရွှေဂုံတိုင်ကြေညာချက်ထုတ်ပြန်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးတောင်းဆိုထားသည်။
No comments:
Post a Comment