ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Sunday, March 7, 2010

ဘားမား အော်စကာနှင့် လွဲခဲ့

၂၀၀၉ ခုနှစ်အတွက် အော်စကာဆုပေးပွဲကို အမေရိကန်ပြည်ထောင်စု ဟောလီးဝုဒ်မှာ ကျင်းပနေပါတယ်။ ဒီနှစ်အော်စကာဆုပေးပွဲမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မြင်ကွင်းတွေကို ရိုက်ကူးထားတဲ့ ဘားမားဗီဂျေအမည်ရ မှတ်တမ်းရုပ်ရှင်ကားကိုလည်း စကာတင် (၅)ကားစာရင်းမှာ ထည့်သွင်းထားတာမို့ မြန်မာပရိတ်သတ်တွေလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။

အမေရိကန် လော့အိန်ဂျလိစံတော်ချိန် (၁၁)နာရီမှာတော့ အခမ်းအနားမှူးက ၂၀၀၉ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို "THe COVE"က ရရှိသွားကြောင်း မြန်မာတို့အတွက် ၀မ်းနည်းဖွယ်သတင်းကို ကြေညာသွားကြောင်းပါ ခင်ဗျား...

No comments:

Post a Comment