Saturday, March 6, 2010
တောင်ဒဂုံတွင် ဆန္ဒပြနေ
တောင်ဒဂုံစက်မှုဇုန်(၁) ရှိ SIG အထည်ချုပ်စက်ရုံတွင် ယနေ့နံနက်ပိုင်းက အလုပ်သမား (၄၀၀၀) ကျော်ဆန္ဒပြခဲ့ကြောင်း သိရသည်။
Friday, March 5, 2010
ရှာပုံတော်မင်းသားကြီး ....မြို့အနှံ့ကို ရောက်ခဲ့ပြီ
စိန်အိုးစည်
ရွှေဂျိုးတယောက် တိုက်ခန်းနံရံနံဘေး မှေးစက်နေသည့် စက်ဘီးစုတ်ကလေးဆီသို့ ခြေလှမ်းမည် ဟန်ပြင်ရုံရှိသေး နောက်ဖေးချောင်မှ ထွက်ပေါ်သည့် အိမ်သူသက်ထား ဇနီးမယား၏ ငှက်ဆိုး (အဲ …) တသက်မရိုးနိုင်သည့် အသံကြီးကို ကြားလိုက်ရသဖြင့် တကိုယ်လုံး ဘရိတ်ဒန့်စ်ဆွဲသလို ခေတ္တမျှ တုံ့ဆိုင်းသွားလေသည်။
အိမ်သူသက်ထား ။ ။ မနက်စောစောစီးစီး ဒါက ဘယ်လဲ။
ရွှေဂျိုး ။ ။ ဟဲ ဟဲ … မိန်းမကလည်းကွာ၊ သတိမေ့တတ်လွန်းရန်ကော၊ ညထဲက ကိုယ် မင်းကို ခြင်ထောင်ထဲမှာ သဝေထိုး

Wednesday, March 3, 2010
ရိုးပြတ်တောမှ တောက်ခေါက်သံ
တောင်သူလယ်သမားနေ့ အထူးဆောင်းပါး
ဥဿာမောင်
အင်း…. ဒီနေ့အခါသမယ ပြန်တွေးမိတော့မှ တို့များတောင်သူလယ်သမားဘ၀ သူတပါးတိုင်းပြည်တွေက တောင်သူလယ်သမားဘ၀တွေလို တိုးတက်မလာဘဲနဲ့ ဒုံရင်းဒုံရင်း နေသားကျလာခဲ့တာ နှစ်ပေါင်း (၅၀) ကျော်တောင် ရှိခဲ့ပကိုးလို့ သတိရမိသဗျာ…..။
ဒီနေ့ဆိုတာတော့ အားလုံးသိကြပါရဲ့နော်။ ကျုပ်တို့ တိုင်းပြည်လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမားနေ့လေဗျာ…။ စစ်အာဏာရှင်မျိုးစေ့ချပေးခဲ့တဲ့ မောင်မင်းကြီးသား ဗိုလ်နေ၀င်း အာဏာသိမ်းခဲ့တဲ့နေ့လည်းဖြစ်သဗျ။

Tuesday, March 2, 2010
သိထားသင့်သော သတင်းများ
ပြည်တွင်းရှိ အများပြည်သူအကျိုးစီးပွားနှင့်စပ်လျဉ်းနေသော ကှ်ျသတင်းသုံးပုဒ်ကို သိထားသင့်သော သတင်းများအဖြစ် ပြန်လည် ဖော်ပြလိုက်ပါသည်။
ရန်ကုန် နာမည်ကြီးဈေးများ ဖျက်သိမ်း ပြောင်းရွှေ့မည်
Thursday, 04 March 2010 15:27 ခိုင်သွယ်
ရန်ကုန်တိုင်း အတွင်းရှိ ဆင်မင်းဈေး၊ ဆင်မလိုက် ဈေးနှင့် စံပြ ငါးဈေးများကို ပြောင်းရွှေ့ ဆောက်လုပ်ရန် စီစဉ်နေသည့် အတွက် ဈေးသူ ဈေးသားများ အခက်အခဲနှင့် ကြုံတွေ့နေရပြီး စိုးရိမ် ပူပန်မှုများ ဖြစ်နေကြကြောင်း သိရှိရသည်။

Monday, March 1, 2010
ယခင်တောင်းဆိုချက် (၉) ချက်ကို ၀တပ်ဖွဲ့ ဆက်လက်ကိုင်စွဲ
Subscribe to:
Posts (Atom)