ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Tuesday, October 12, 2010

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေအဖွဲ့က တွေ့ခွင့်ရခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် အယူခံနဲ့ ပါတီဆက်လက် ရပ်တည်ခွင့် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရေးတွေကို အဓိက ဆွေးနွေးခဲ့ကြတာပါ။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က အနည်းငယ်ပြောဆိုခဲ့တဲ့အထဲမှာ သူ့ကို မဲပေးပိုင်ခွင့်ရှိသူများ စာရင်းမှာ ထည့်သွင်းထားတာဟာ ဥပဒေနဲ့ လျော်ညီမှု မရှိပါဘူးတဲ့။

စစ်အစိုးရကိုယ်တိုင် ရေးဆွဲထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေထဲမှာလည်း ထောင်ဒဏ်ကျခံနေရသူများ မဲပေးခွင့်မရှိဆိုတာကို အတိအလင်း ပြဌာန်းပြီးဖြစ်ပေမယ့် သူ့ဥပဒေတောင် သူလေးစားလိုက်နာလေ့မရှိတဲ့ စစ်အစိုးရဟာ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်ဥပဒေကိုယ်ချိုးဖောက်ပြီးတော့ကို နိုင်ငံရေး ကစားခဲ့တာပါ။ ဘယ်သူတရားဖျက်ဖျက် မပျက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မတရားထိန်းသိမ်းခံနေရပေမယ့်လည်း ဥပဒေပါအတိုင်း သူဟာ ထောင်ဒဏ်ကျခံနေဆဲဖြစ်တဲ့အတွက် မဲပေးခွင့်ရှိသူမဟုတ်လို့ ပြောလိုက်တော့ နအဖအတွက် ရှက်စရာ ဖြစ်သွားပြန်တာပေါ့။

No comments:

Post a Comment