ဦးဝင်းတင် - ၃၀ မတ်လ ၂၀၁၀
မြန်မာပြည်က စစ်အစိုးရဟာ ကျနော်တို့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင် ဆက်လက်ရပ်တည်လှုပ်ရှားမယ် မလှုပ်ရှားဘူးဆိုတာနဲ့ ပတ်သက်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တရပ်ချဖို့ အခြေဆိုက်စေခဲ့ပါတယ်။
နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီလို့ ခေါ်တဲ့ အာဏာရဗိုလ်ချုပ်တွေဟာ ဒီလထဲမှာ မတရားတဲ့ ရွေးကောက်ပွဲဥပဒေတစုံကို ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ ပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ ရက် ၆၀ အတွင်း အသစ်ပြန်မှတ်ပုံမတင်ရင် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာတဲ့ သဘာဝကို သိထားပါတယ်။ သူချမှတ်တဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှု စိုးစဉ်းလောက် ပြလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်အစိုးရဟာ အဲဒီဥပဒေတွေသုံးပြီး ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို နိုင်ငံရေးလုပ်ငန်းကနေ ဖယ်ထုတ်ပစ်လိမ့်မယ်လို့လည်း မမျှော်လင့်မိခဲ့ပါဘူး။ စစ်အစိုးရဟာ ပါတီအားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒကို အာခံလိုက်ပြန်ပါပြီ။
နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေက နိုင်ငံရေးအကျဉ်းသားအားလုံးကို မဲပေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးပါတီထောင်ခြင်း ဒါမှမဟုတ် ပါတီဝင်ဖြစ်ခြင်းတို့အားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ပါတီဝင်အဖြစ် ရှိမနေအောင် ပါတီတွေက အာမခံရမှာဖြစ်ပြီး နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာ စောင့်ရှောက်ပါ့မယ်၊ ရွေးကောက်ပွဲဥပဒေတွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ချက်ကိုလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ဝင်ပြိုင်ဖို့လိုပါတယ်။ ဒီကန့်သတ်ချုပ်ချယ်ချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ပါတီဖျက်သိမ်းခံ ရမှာ ဖြစ်ပါတယ်။
ကျနော့်အတွက်တော့ ဆုံးဖြတ်ရတာ လွယ်ကူရိုးစင်းလှပါတယ်။ ဒါကတော့ ဘူး ဆိုတာပါဘဲ။ ကျနော်တို့ဟာ ဖောက်ပြန် ခြစားပြီး မတရားတဲ့ ဒီတရားရေးစနစ်အောက်မှာ အကျဉ်းချခံနေရ အကျဉ်းချခံခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို မထုတ်ပစ်နိုင်ပါဘူး။ သူတို့ မပါရင် ကျနော်တို့ပါတီဟာ အလကားဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေ အာဏာပိုင်စိုးမှုကို ယုံကြည်လို့ ထောင်ထဲရောက်နေတာဖြစ်ပါတယ်။ ယုံကြည်လက်ခံလောက်ဖွယ် ဒီမိုကရေစီလုပ်ငန်းဖြစ်ဖို့ဆိုရင် သူတို့ကို ချက်ခြင်းလွှတ်ပေးပြီး ဗမာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းထဲ ပါဝင်ဆောင်ရွက်စေဖို့ လိုပါတယ်။
ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကျနော်တို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်းအပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မဖိအားနဲ့ မသမာမှုနဲ့ "အတည်ပြုခဲ့"တာ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေအတုအယောင်ကို ပယ်ချပစ်ပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှုနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှုကို အာမခံမယ့် အခြေခံဥပဒေတရပ် ဖန်တီးဖို့ ဖြစ်ပါတယ်။ အတုအယောင်အခြေခံဥပဒေကို လိုက်နာပါ့မယ်လို့ ကျနော်တို့ ခံဝန်ချက် မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။
အဖွဲ့အစည်းတခုအဖို့ ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူမပါတီ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ "စဉ်းတောင် မစဉ်းစားဘူး" လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပီပီ ပါတီကဘဲ ကိုယ့်ဖာသာကိုယ် ဆွေးနွေးဆုံးဖြတ်ဖို့ကို အလေးပေးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ကျနော့်ရဲဘော်အားလုံးက ဒီမတရားမှုတွေကို အတူတကွရင်ဆိုင်ဖို့ သဘောတူခဲ့ကြပါတယ်။
တချို့ကတော့ ကျနော်တို့ပါတီ ဆက်လက်ပြီး တရားဝင်အနေအထားရှိဖို့ ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ သူတို့ စဉ်းစားချက်အရ ကျနော်တို့ပါတီ တရားမဝင်ဖြစ်သွားရင် မြန်မာနိုင်ငံပြည်သူတွေအတွက် ဘယ်လိုအလုပ်လုပ်နိုင်တော့မှာလဲတဲ့။ ကုလသမဂ္ဂနဲ့ တချို့နိုင်ငံတွေကလည်း စစ်အစိုးရကို ဒီမတရားဥပဒေတွေ ပြောင်းလဲပေးဖို့ ပန်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းဟာ ဗမာပြည်အခြေအနေ ဆွေးနွေးနိုင်အောင် သူ့ရဲ့ "မြန်မာ့မိတ်ဆွေများအုပ်စု" အစည်းအဝေးတခု ခေါ်ယူကျင်းပခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ကျနော်တို့ တိုင်းပြည်ထဲက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ "စုံစမ်းရေးကော်မရှင်" တရပ်ကို ကုလသမဂ္ဂကနေ ထူထောင်ဖို့ အကြံပြုချက်အပါအဝင် ကုလအထူးစုံစမ်းရေးသမား တောမတ်စ်အိုဟေးယားကွင်တားနား မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ အကြံပြုတိုက်တွန်းချက်တွေကို "အလေးအနက်စဉ်းစား" နေတယ်လို့လည်း ကျနော်တို့ ကြားရပါတယ်။ ဒီလိုနောက်ကွယ်က နိုင်ငံတကာ့အသံတွေရဲ့ ထောက်ခံအားပေးမှုနဲ့တင် မလုံလောက်နိုင်ပါ။ နိုင်ငံတကာ့အသံတွေ ကြေညာချက်တွေကို ဗမာပြည်နိုင်ငံရေးအကျပ်အတည်း ပြောင်းလဲပစ်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေနဲ့ အားမဖြည့်တဲ့အတွက် ကျနော့်ရဲဘော်တွေ ပူပန်ကြောင့်ကြမိတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။
ကျနော်တို့ပါတီဟာ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီအတွက် အသက်ပေးလှူသွားခဲ့ကြသူတွေရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှုကနေ ပေါက်ဖွားလာ တာဖြစ်ပါတယ်။
ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့ပြီး နှစ် နှစ်ဆယ်ကျော်တိုင်အောင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီး ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ရွေးကောက်ပွဲ"ဥပဒေတွေ"ကို ဒူးထောက်ဖို့ ငြင်းဆန်တဲ့အတွက် မကြာခင်မှာ စစ်အစိုးရကနေ ဖျက်သိမ်းတာကို ခံရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲင်အယ်လ်ဒီဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ ကျနော်တို့ဟာ ပြည်သူတွေအကြားမှာ ပြည်သူတွေနဲ့အတူ ရှိနေမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးအတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ့အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူ ရပ်တည်ဖို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာကအစိုးရတွေဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ရလဒ်ကို လက်မခံကြောင်း ကြေညာဖို့ လိုပြီး စစ်အစိုးရအနေနဲ့ ဗမာပြည်အတွက် သိသာထင်ရှားပြီး တိုးတက်တဲ့အပြောင်းအလဲလုပ်ဖို့ ဖိအားပေးသင့်ပါတယ်။ အပြောင်းအလဲဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ခြင်းလွှတ်ပေးတာနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်ဆင်ရေးတွေ ရပ်စဲတာက အစချီရမှာ ဖြစ်ပါတယ်။ ဒီနောက် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ငြိမ်းချမ်းစွာအဖြေရှာရမှာ ဖြစ်ပါတယ်။
ဦးဝင်းတင်။
(မတ်လ ၃၀ ရက် ၂၀၁၀ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှ Decision Time in Burma for Democracy's Advocates ဆောင်းပါး)။
Decision time in Burma for democracy's advocates
By U Win Tin
Tuesday, March 30, 2010
Burma's military regime has forced our party, the National League for Democracy, to make a tough decision on whether we will continue to operate legally.
The ruling generals, known as the State Peace and Development Council (SPDC), issued a set of unjust electoral laws this month that threatened to abolish our party if we did not re-register at the election commission within 60 days.
We know the cruel nature of the regime. We did not expect the electoral laws it established would offer a semblance of fairness. But we also did not expect that the regime would use its laws to remove our leader, Daw Aung San Suu Kyi, and all political prisoners from the political process. Once again the regime has defied the will of the people of Burma and the international community by disregarding their call for transparent, free and fair elections that include all parties.
The Political Party Registration Law bans all political prisoners from participating in elections by voting and contesting, forming a political party, or joining a party. Parties must make sure that political prisoners are not included in their membership and must pledge in writing that they will obey and protect the country's constitution and abide by its election laws. They are also required to participate in the election. Failure to comply with these restrictions will lead to abolishment of the party.
For me, the decision was simple: No. We cannot expel Aung San Suu Kyi and others who are or have been imprisoned under this corrupt and unfair legal system. Without them, our party would be nothing. They are in prison because of their belief in democracy and the rule of law. Their immediate release and participation in Burma's political process are necessary for a credible democratic process.
We do not accept the regime's unilaterally drafted constitution, designed to legalize permanent military dictatorship. The referendum to ratify this constitution was conducted on the heels of Cyclone Nargis in 2008; it was "approved" by force and fraud. Our objective is to reject this sham constitution and create one that will guarantee democracy, human rights, justice, the rule of law and equality among all ethnic nationalities through an all-inclusive, genuine political dialogue. We cannot pledge to obey the sham constitution. True democracy will not come from this process.
It is not easy to make such a decision for an organization. Aung San Suu Kyi said she would "not even think" of registering her party for the polls. Yet as a leader who believes in democracy, she stressed that she would let the party decide for itself. On Monday, all of my colleagues agreed to confront these injustices together.
Some believe that the continued legal status of our party is more important. If our party is not legal, the thinking goes, how can we work for the people of Burma? The United Nations and some countries have asked the regime to change these unfair laws and to allow Aung San Suu Kyi and all political prisoners to participate in the election. Secretary General Ban Ki-moon held a meeting of his "Group of Friends on Myanmar" to discuss the situation in Burma. We have also heard that the U.S. government is "closely considering" the recent report and recommendations made by U.N. Special Rapporteur Tomás Ojea Quintana, including his suggestion that the United Nations establish a "commission of inquiry" to investigate war crimes and crimes against humanity in our country. This latent support from international voices may not be enough. My colleagues may have justifiable concerns that international voices and statements are not complemented by effective measures to change Burma's political crisis.
Our party was born out of the 1988 popular democracy uprising with the noble intention to carry out the unfinished work of those who sacrificed their lives for freedom, justice and democracy.
We won a landslide victory in the 1990 election and have been the leader of Burma's democracy movement for more than two decades. But because we refuse to bow to these unjust election "laws," our party will be abolished by the regime soon. Still, the NLD will not disappear. We will be among the people, with the people. We will continue to fight for democracy, human rights and equality among all ethnic nationalities, by peaceful means.
I hope the international community will stand with us. The governments of the world should declare that they reject the regime's election and prearranged outcome, and pressure the regime to make substantive and positive change for Burma, beginning with the immediate release of all political prisoners, including Aung San Suu Kyi, and the cessation of the regime's military campaign against ethnic minorities. The regime should negotiate with Burma's democracy forces, led by Aung San Suu Kyi, and ethnic representatives for a peaceful solution toward national reconciliation and true democracy.
U Win Tin is a member of the Central Executive Committee and a founder of Burma's National League for Democracy party. He was a political prisoner from 1989 to 2008.
copy by komoethee.blogspot.com
No comments:
Post a Comment