ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Thursday, November 18, 2010

မတရားမှုတွေကို မျက်ခြေမပြတ်ကြဖို့

သတင်းသမားဆိုတာလည်း လူပဲ။ ဒါ့ကြောင့် နိုင်ငံရေး ခံယူချက်ရှိတယ်။ ဒါပေမယ့် ကိုယ် ယုံကြည်ထားတဲ့ နိုင်ငံရေးဖက်က အလေးသာနေပြီလို့ စိတ်ဒုန်းဒုန်း မချလိုက်နဲ့။ နိုင်ငံရေးဆိုတာ ကြွေတလှည့် ကြက်တခုန်ပဲ။ သတင်းသမားရဲ့ အဓိက တာဝန်ဖြစ်တဲ့ မတရားမှု ၊ ဖိနှိပ်ခံရမှုတွေကို ဖော်ထုတ်ပေးဖို့သာ မျက်ခြေမပြတ် အလေးထားကြရမယ်။

(၁၈-၁၁-၂၀၁၀)

Monday, November 15, 2010

ပြန်လည်အသက်ဝင်လာသော ဒီချုပ်

၁၉၉၀ ရွေးကောက်ပွဲလွန် အချိန်ကာလများမှ စ၍ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယနေ့ ပြန်လည်အသက်ဝင်လာပါပြီ။

ထိုသို့ ပြောခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ၍ ပြောခြင်းလောဟု မေးခွန်းထုတ်စရာရှိသည်။ အကယ်စင်စစ်မူ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီကပင် ဒီချုပ် အသက်ဝင်နေခဲ့ပြီဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မလွတ်မြောက်မီ ၅ ရက်အလိုက ကျင်းပခဲ့သော နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးသပိတ်မှောက်ရန် လူထုကို စည်းရုံးဆွဲဆောင်နိုင်ခဲ့ခြင်းသည် ဒီချုပ်ပြန်လည်အသက်ဝင်ခြင်း၏ ပြယုဂ်ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲကာလက မဲပေးခွင့်ရှိသူအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်က မဲပေးခဲ့ကြသော်လည်း နအဖစစ်အစိုးရ အဓမ္မကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်မူ မဲပေးပိုင်ခွင့်ရှိသူ ၃၀ ရာခိုင်နှုန်းခန့်ကသာ မဲပေးခဲ့ကြကြောင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီများ ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောဆိုကြသည်။

ယခုတကြိမ်တွင် အချိန်မီ ဒီချုပ်က ပြတ်သားသော လမ်းစဉ်ချပေးနိုင်ခဲ့မှုကြောင့်သာ မဲပေးသူဦးရေ လျော့ကျသွားခြင်းဖြစ်သည်။
ယခုတကြိမ်ဟု ဆိုခဲ့သည်မှာ ယခင်တကြိမ်ရှိနေသေး၍ ဖြစ်သည်။

ထိုယခင်တကြိမ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲပြုလုပ်စဉ်က ဒီချုပ်သည် လူထုကို ပြတ်သားသော လမ်းစဉ် ချမပေးနိုင်ခဲ့ပေ။ ကျနော်တို့ စစ်ဗိုလ်တမတ်သားပါနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ပါဘူးဟု ပြောဆိုနေခြင်း ၊ ကြေညာချက်ထုတ်ပြန်ခြင်းတို့မှ လွဲ၍ လူထုအနေဖြင့် မည်သို့ တုန့်ပြန်သင့်သည်ဟူသော လမ်းစဉ်ကို ချမှတ်မပေးနိုင်ခဲ့။

သို့ဖြင့် ပြည်သူလူထုသည် နအဖ၏ ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲမဲရုံအတွင်း အတော်များများ ၀င်ရောက်သွားကြသည်။ ရလဒ်ကား ဆန္ဒမဲပေးခွင့်ရှိသူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံအတည်ပြုခဲ့ကြသည်ဟု နအဖက ကမ္ဘာကို ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်ကသာ ဆန္ဒခံယူပွဲကို မသွားလည်း နေနိုင်တယ် ၊ နေခွင့်ရှိတယ်ဆိုသော ပြတ်သားသည့် လမ်းစဉ်ချပေးနိုင်ခဲ့လျှင် ဒီချုပ်သည် ယခုထက် ၂ နှစ်စော၍ အသက်ဝင်နေမည်ဖြစ်သကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲကိုပင် ဟန့်တားနိုင်သည့် အဆင့်ရောက်သွားနိုင်ကာ ပါတီထပ်မံမှတ်ပုံမတင်၍ ဒီချုပ်ပါတီမရှိတော့ဆိုသည့် နအဖ၏ ကြေညာချက်မျိုးကိုလည်း တွေ့ကြုံရတော့မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ယခုရွေးကောက်ပွဲတွင် မဲမပေးရေး သပိတ်မှောက်လမ်းစဉ်ကို အချိန်မီ ရှင်းလင်း ပြတ်သားစွာ ချမှတ်ပေးခဲ့သည့်အပြင် လူထုကိုလည်းစည်းရုံးဆွဲဆောင်နိုင်ခဲ့ခြင်းကြောင့် ဒီချုပ် ပြန်လည်အသက်ဝင်လာခဲ့သည်ကတော့ အသေအချာပင်။




ခေါင်းသုံးလုံးကို ကျော်ကြည့်ခြင်း

ယခုအချိန်တွင် ဒီချုပ်၌ ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင်ဟူသော ခေါင်းသုံးလုံး ပေါင်းစုံနေကြပြီဖြစ်၏။ ၁၉၈၉ ခုနှစ်မှစ၍ မဆုံတွေ့ကြရတော့သည့် ခေါင်းသုံးလုံး။

ထိုခေါင်းသုံးလုံးသည် အပြောင်းအလဲတရပ်ဆီကို ဆွဲခေါ်သွားနိုင်လောက်သည့် စွမ်းအားရှိမည်မှာ ယုံမှားသံသယဖြစ်စရာမရှိ။

သို့ရာတွင် ထိုခေါင်းသုံးလုံးပေါ်သို့ အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်များက ရှိသေးသည်။ ဒီပဲယင်းအရေးအခင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်း ၊ ထောင်သွင်းအကျဉ်းချခြင်းများကို ပြုလုပ်လာနိုင်သည့်အပြင် သဘာဝ မရဏတရား၏ ခေါ်ငင်ခြင်းနောက် အချိန်မရွေးပါသွားနိုင်သည်ကိုလည်း သတိချပ်သင့်၏။

ထို့ကြောင့် ဒီချုပ်သည် ခေါင်းသုံးလုံးဖြင့် ရပ်တည်ခြင်းမပြုဘဲ ခေါင်းများစွာ မွေးထုတ်ထားရန် လိုအပ်သကဲ့သို့ ယခုခေါင်းသုံးလုံးကိုလည်း အချိန်နှင့် တပြေးညီ ကမ္ဘာနှင့်ချိတ်ဆက်ပေးနိုင်ရန် အင်တာနက်နည်းပညာအထောက်အကူပြု အဖွဲ့ငယ်ကိုလည်း ပါတီတွင်း ဖွဲ့စည်းထားမှသာ ပါတီလုပ်ဆောင်ချက်များ ပိုမိုလျှင်မြန် ထိရောက်မှုရှိလာမည်ဖြစ်သည်။

Tuesday, October 26, 2010

ကြုံရဆုံရ သတင်းသမားဘဝ

သတင်းသမားဘ၀ ကြုံရဆုံရတာလေးတွေကို မှတ်တမ်းတင်ထားချင်လို့ ဖော်ပြပေးလိုက်တာပါ။ ဒီကနေ့ည (၂၆-၁၀-၂၀၁၀) သတင်းတွေ ဖတ်နေတုန်း ဖြိုးကိုကိုဇော်ဆိုတဲ့အကောင့်နဲ့ ၀င်လာသူနဲ့ ပြောဖြစ်ခဲ့ကြတာတွေကို မချွင်းမချန် တင်ပေးလိုက်တာပါ။ တော်ကြာ သူများသတ်လို့ သေနေဦးမယ်နှော်ဆိုတဲ့ စကားက ခြိမ်းခြောက်မှုတရပ်လို့ ယူဆပါတယ်။ ဒါပေမယ့် သူ့ကို ကျနော် တားဆီးမှု (block) မလုပ်ပါဘူး ၊ သူနဲ့လည်း နောက်ထပ် စကားတွေ ပြောကြည့်ချင်ပါသေးတယ်။ ကြိုဆိုပါတယ် ဖြိုးကိုကိုဇော်ဆိုတဲ့ အကောင့်ပိုင်ရှင်ရေ.....


9:34 PM phyokokozaw86: http://dollarsar.blogspot.com/
me: လီးလား
ဘာတွေလဲ
phyokokozaw86: အယ်ဆိုးနေပါ့လား
9:35 PM အဲဒါနိုင်ငံရေးတမားလား
သယ်ရင်းရ
ဘာလို့ဆဲနေတုန်း
ဗျာ
me: မင့်ကို ဘယ်သူက နိုင်ငံရေးသမားလို့ ပြောနေလို့တုန်း
လီးပဲ
phyokokozaw86: အင်းလေ
ဘာပြောလို့တုန်း
သယ်ရင်းကိုရော
me: အေးလေ
phyokokozaw86: သယ်ရင်းက
ဘလိုင်းကြီးဆဲနေပါ့လား
ဘယ်ဥကပေါက်တာတုန်ူဗျ
အမေကအဲလိုပဲလား
သယ်ရင်းအမေ
ကလေ
9:36 PM me: ပြောပီးမှ လီးလိုလို မှိုလိုလို လုပ်တဲ့အကောင် လစ်တော့
phyokokozaw86: ဟဟ
အမေတောင်စစ်လား
မတိ
အမိရုပ်က
ရိုင်းတယ်
ဆိုတာ
ဒါမျိုးထင်ပါ့
ဘယ်လောက်ရလဲ
အဲလိုတွေလုပ်နေတာ
ဟဲဟဲ
me: မင်းဘလောက်ပေးမလဲ
phyokokozaw86: အဲလိုဆဲလိုက်တော့ကော
ကောင်းလို့လား
9:37 PM သယ်ရင်းရ
me: မင်းဘက်ပါမယ်
phyokokozaw86: အသက်လည်းအများကြီးကွာပါတယ်နော့
အကိုကြီးတစ်ယောက်ကေ
ပြာနေလိုက်တာ
ဟဟ
နေရတာကောအဆင်ပြေလား ချင်းမိုင်မှာ
me: ပြေဘူး
ငတ်ပြတ်နေဘီ
phyokokozaw86: တော်ကြာသူများသတ်လို့သေနေအုန်းမယ်နော့
သတိလည်း
ထားအုန်း
me: ထားတယ်
phyokokozaw86: အရက်လည်းလွတ်သောက်မနေနဲ့
9:38 PM me: ဘာမှ မရဘဲလုပ်နေတာ
သောက်တယ်
phyokokozaw86: အရက်သမားလို့တော့ကြားဖူးတာပဲ
တင်နေတာတော့
အလန်းပဲ
me: ဘယ်လောက်ပေးမှာလဲ
လိုင်းပြောင်းဖို့
phyokokozaw86: ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ အရိုင်းပါနဲ့
အေးဆေးပြောလို့ရပါတယ်ဗျ
မရိုင်းပါနဲ့
9:39 PM အမေကိုမီးမောင်းထိုးပြနေသလိုပါပဲ
အဲလိုလုပ်နေတာတွေက
me: ခင်များ ၀င်လာတာကလည်း စောက်သုံးမှမကျတာကိုး
phyokokozaw86: အယ် ဘာဖြစ်လို့တုန်းဗျ သူငယ်ချင်းတစ်ယောက်ကို
ရှယ်ယာလုပ်တာပါပဲဗျာ
9:40 PM အဲလိုပဲ
စာဆိုလည်းသယ်ရင်းဆိုရင်တော့
လုပ်ကြတယ်လေ
သယ်ရင်းအွန်လိုင်းတက်နေတာ
ကြာပီ
ဒီလောက်တောင်
မသိလို့လား
မတိ
me: ကဲပါလေ ပြောပါ
phyokokozaw86: စကားပြောတာ မရိုင်းပါနဲ့ ဘာလုပ်မှာတုန်း
me: လိုင်းပြောင်းပေးမယ်
phyokokozaw86: ထပ်ရိုင်းနေတာပါပဲ
လား
me: ဘယ်လောက်ခံစားခွင့်ရှိမှာလဲ
phyokokozaw86: ဒေါသတွေလည်းသိပ် ထွက်မနေနဲ့
ဗျာ
9:41 PM သေနေမှာစိုးလို့
ပြောတာ
me: လောဘ
ဒေါသ
မောဟတဲ့
phyokokozaw86: တော်ပြီသယ်ရင်းရေ ဒေါသကိုဖြေလိုက်အုန်း အသက်တွေလည်းမငယ်တော့ဝူး
မရိုင်းနဲ့ပေါ့ဗျာ
me: သိသလိုပဲ
phyokokozaw86: ကျနော်မှမဟုတ်ဝူး
အေးဆေးပြောလို့ရပါတယ်
9:42 PM ဘယ်သူဖြစ်ဖြစ်
ကိုယ့်အတွေးအမြင်သူ့အတွေးအမြင်ဆိုတာ
မြန်မာအချင်းချင်း
ဖလှယ်သလိုပဲ
ဖြစ်သင့်တယ်ဗျ
ထစ်ကနဲဆို
ဆဲနေတာတော့မကောင်းပါဝူးဗျာ
me: ဟုတ်တာပေါ့
အေးပေါ့လေ
phyokokozaw86: သယ်ရင်းထက်နိုင်ငံရေးကိုတကယ်လုပ်နေတဲ့သူတွေက အစ တော်တော်များများကျနော်နဲ့သိပါတယ်
me: အမိယုတ်တော့
phyokokozaw86: အဲလိုတွေမဟုတ်ကြ၀ူးဗျ
me: နှုတ်သရမ်းကို
phyokokozaw86: စကားပြောတာတွေ က
အဲလိုမဟုတ်ဝူ

9:43 PM me: အေးပါ
phyokokozaw86: အော် အကြံပေးတာပါလေ
လုပ်တာမလုပ်တာတော့သူငယ်ချင်းအပိုင်းပါ
me: လိုင်းပြောင်းမယ်ကွာ
ဘယ်လောက်ရမှာလဲ
ရောင်းရတာဟ
လူဆိုတာ
9:44 PM ကိုယ်စွမ်းကိုယ်စကို
ရောင်းနေကြရတာ
ဘာခံစားခွင့်တွေရှိမှာလဲ
ဘာတွေရမှာလဲ
လိုင်းပြောင်းရင်
လူသတ်မခံရအောင်လုပ်ရရင်
9:45 PM phyokokozaw86: စကားပြောရင်ယဉ်ကျေးပေါ့ဗျာ
me: ဟုတ်
phyokokozaw86: အေးအေးလေးပြောတတ်အောင်လုပ်ပေါ့
နော့
me: ဟုတ်
နောက်ထပ်ရော
ဘာတွေကျင့်သုံးရမှာလဲ
9:46 PM phyokokozaw86: ဒေါသတွေထွက်နေသ၍တော့ ဘယ်တော့မှ အောင်မြင်မှုရမှာမဟုတ်
ကျနော်ဆိုအကို့ထက်အများကြီးငယ်ပါတယ်
me: ဒါပေါ့
အော်
ဟုတ်လား
9:47 PM phyokokozaw86: ပြောချင်တာကတော့ ဗျာ စောစောက လို ရိုင်းတာမကောင်းပါဝူးလို့
ခံယူတဲ့သူအပေါ်မှာပဲ
မူတည်တယ်ဗျ
သယ်ရင်းဆဲလိုက်လို့ကျနော်ဘာမှမဖြစ်ပဲ
အဲလိုပြန်ပြောနေတဲ့
အတွက်
သယ်ရင်း
ဒေါသပိုထွက်
လာတယ်
အင်းပေါ့ဗျာ
နောင်လည်း
နိုင်ငံခြားမှာဆက်နေမယ့်သူဆိုတေ့လည်း
ကဲကဲသယ်ရင်းရေ
နောက်မှတွေ့မယ်
ကျနော်လည်း မအားဝူး
တာ့တာ
9:48 PM me: ဘာဖြစ်လို့ စကားကို အဆုံးမသတ်တာလဲဟ
နောင်လည်း နိုင်ငံခြားမှာ ဆက်နေမယ်လို့
phyokokozaw86: ကျနော့် ထက် အတွေ့အကြုံအများကြီးရှိမှာပါ
me: နင့်ကို ငါပြောလို့လား
phyokokozaw86: အဲအတွက်ပြောနေဖို့မလိုပါ-၀ူးဗျာ
ဒေါသကိုရှေ့တန်းမတင်ပါနဲ့ပဲ
ပြောချင်ပါတယ်
ဗ်ော
9:49 PM အားလုံးကမြန်မာတွေပါပဲ
ဘယ်နိုင်ငံရောက်နေနေ
ပေါ့
ညီအစ်ကိုတွေလိုပါပဲ
me: ဒါပေါ့
သိသင့်တာ သိလိုက်ရတဲ့အတွက် ကျေးဇူးပါ
ခင်ဗျား
အိပ်တော့နော်
ဘိုင်
9:50 PM phyokokozaw86: တာ့တာ
သယ်ရင်း
နောက်ဆုံတာပေါ့
ဆုံမယ်လို့တာ့
ထင်ပါ့
9:51 PM ဘာလို့တုန်းဆိုတော့ ကျနော့အမျိုးတစ်ယောက်ယောက်နဲ့သယ်ရင်းပါတ်သက်နေလို့ပါ
နောက်ကျတော့လည်းသိမှာပေါ့လေနော့
တာ့တာ
9:54 PM me: ဟုတ်
ကျနော်လည်းအလုပ်များနေလို့ပါဗျာ
ရန်သူလား မိတ်ဆွေလား
မကွဲပြားပဲ
ရှိနေသေ၇ွ့
9:55 PM အားလုံးအေးဆေးပေါ့
9:56 PM ထူးတာရှိရင်တော့ ပြောပါ
ကျနော်က ခင်များထက် အဆင့်မြင့်သူ ဖြစ်ချင်ဖြစ်နေမှာပါ

Monday, October 25, 2010

ဒီနေရာတွေမှာ လှူဒါန်းပါ

Meeting Minute of CGRF

ရခိုင် လေဘေးသင့် ဒုက္ခသည်များကို ကူညီနိုင်ကြပါပြီ

နှိုးဆော်လွှာ(2)

ကျေးဇူးတင်ပါတယ် လေးလေးထွန်းလွင်

ဒီကနေ့ပဲ လေးလေးထွန်းလွင်ရဲ့ ဆောင်းပါးကို ဖတ်ရပါတယ်။
လေးလေးထွန်းလွင်ဆိုတာ မိုး/ဇလနဲ့ ပတ်သက်ပြီး ဒေါက်တာဘွဲ့ရခဲ့ပြီး ဖြစ်တဲ့ ဦးထွန်းလွင်ကို ကျနော်တို့ အညာအခေါ်နဲ့ ခေါ်လိုက်တာပါ။

လေးလေးထွန်းလွင်ကို ပင်စင်ယူပြီးချိန်မှာ အနားယူသွားခဲ့လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ သူ လုံးဝ အနားမယူရှာပဲ ကိုယ်ပိုင် ၀ဘ်ဆိုက်တခုကို ဖွင့်ပြီး လောကအကျိုး တတ်နိုင်သမျှ သယ်ပိုးနေသေးတယ်ဆိုတာ သိလိုက်ရတော့ အံ့သြ ၀မ်းသာမိရပါတယ်။

သူ့အရေးအသား ၊ ခန့်မှန်းချက်တွေဟာ ၀န်ထမ်းဘ၀မှာ ရှိစဉ်ကထက် ပိုမိုသွက်လက် နေတာကိုလည်း သတိပြုမိပါတယ်။ စာတလုံး ၊ တပိုဒ်ဟာ ခံစားတတ်သူတွေအတွက် သိမိ၊ ထိရှ စေတာကိုး။ ထားလိုက်ပါတော့ လေးလေးထွန်းလွင်ရဲ့ ဆောင်းပါးကိုပဲ ပြန်ကောက်ကြပါစို့။

ဆောင်းပါးကို ဖတ်လိုက်ရတော့ နာဂစ်ကစတဲ့ ရင်ထဲကရောဂါဆိုတဲ့ ခေါင်းစဉ်ကတည်းက စတင် စိတ်ဝင်စားမိသွားပါပြီ။

စကတည်းက ယဉ်ခဲ့တဲ့ tunlwin.com ဆိုတဲ့ ခေါင်းစီးခွဲပါ "အဓိပ္ပါယ်ရှိသောစကား၊ အကျိုးရှိသောစကား၊ မှန်ကန်သောစကား" များကိုသာ ပြောနိုင်သောကိုယ် ဖြစ်ရပါလို၏လို့။ ဆုတောင်းထားပုံလေးကလည်း သင်းလှပါတယ်လို့ ပြောရင်း လေးလေးထွန်းလွင်ရဲ့ ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

ကျွန်တော်နဲ့ tunlwin.com

မောင်ထွန်းလွင်(မိုးလေ၀သ)

နာဂစ်ကစခဲ့တဲ့ ရင်ထဲကရောဂါ

ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သက်တဲ့… မိုးလေ၀သအခြေအနေခန့်မှန်းခြင်းနဲ့ ပတ်သက်တဲ့… ကိုယ်ပိုင် Website တစ်ခုတော့ လုပ်ဖို့လိုနေပြီလို့ ဌာနကအငြိမ်းစားယူပြီး စကတည်းက သတိထားခဲ့မိပါတယ်။ အကြောင်းကတော့ ၂၀၀၈ မေလကကျရောက်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကြောင့် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေဟာ awareness တွေ ဘယ်တုံးကမှနဲ့ကို မတူအောင် တိုးမြင့် လာခဲ့ပါတယ်။ ခက်တာက "သိလိုသူကများ၊ ဖြေလိုသူကရှား" ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ အခြေအနေတွေကြောင့် ပြည်သူများရဲ့ တက်ကြွမှုတွေ၊ နိုးကြားမှုတွေဟာ အရာမထင်သလိုဖြစ်နေခဲ့ရပါတယ်။ နာဂစ်နဲ့ကိုယ်တိုင် တွေ့ခဲ့ကြသူတွေအနေနဲ့ မိသားစုတစ်ခုလုံး ဆုံးရှုံးရသူတွေ၊ အဖေတစ်ကွဲ အမေတစ်ကွဲဖြစ်ရသူတွေ၊ သားသမီးဆုံးရှုံး ရသူတွေအနေနဲ့ ဆိုးဝါးခါးသီးလှတဲ့ အတွေ့အကြုံတွေကြောင့် ခမျာများ ကျီးလန့်စာစား ဖြစ်ရှာကြပေလိမ့်မယ်လို့ ကျွန်တော်အမြဲတွေးပြီး စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။ အထူးသဖြင့် နာဂစ်နဲ့ ပတ်သက်တဲ့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ရာမှာ အဓိကတာဝန်ရှိတဲ့သူတစ်ဦး ဖြစ်ခဲ့ရတာအနေနဲ့လည်း ပြည်သူတွေအပေါ်မှာ အလုပ်အကျွေးပြုချင်တဲ့ စိတ်တွေလည်း တဖွားဖွားပေါ်နေမိပါတယ်။ တကယ်တော့ "ဒါ ...ငါ့မိဘဆွေမျိုး သားချင်းတွေဘဲ။ ဒို့ပြည်သူပြည်သားတွေ ရာသီဥတုနဲ့ ပတ်သက်လို့ သိလိုတာတွေ၊ အကာအကွယ်ပြုလိုတာတွေ၊ ဗဟုသုတပွားလိုတာတွေ တစ်ထောင့်တစ်နေရာက တစ်တပ်တစ်အား ငါလုပ်ရပေလိမ့်မယ်" လို့ ဆင်ခြင်မိပါတယ်။

ကည့်တတ်တော့ ဘာဝနာ

ဒါကြောင့်လည်း အငြိမ်းစားယူခဲ့တဲ့ (၂၉-၅-၂၀၀၉)ကစပြီး၊ စာရေးတာတွေ၊ စာသင်တာတွေ၊ ဟောပြော တာတွေ၊ သုတေသနပြုတာတွေကို ဘ၀လှိုင်းတံပိုးတွေကိုကြံ့ကြံ့ခံရင်း မမောနိုင်မပန်းနိုင် လုပ်နေခဲ့မိပါတယ်။ အငြိမ်းစားယူဖြစ်ခဲ့တာကိုဘဲ။ ကျေးဇူးတင်နေမိပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့လက်ရှိ့ သဘာဝဘေးကာကွယ် စောင့်ရှောက်ရေး နိုးကြားမှုတွေကို အခွင့်အရေးကောင်းတစ်ရပ်အနေနဲ့ အမိအရဖမ်းယူပြီး အသိတွေ၊ သတိတွေ ပွားစေဖို့ လုပ်လိုတဲ့ဆန္ဒဟာ ကျွန်တော့်မှာ တားမနိုင်ဆီးမရ ဖြစ်နေမိပါတယ်။

ဒါကြောင့်လည်း အငြိမ်းစားယူအပြီး ဒီတစ်နှစ်တာကျော်ကျော် ကာလအတွင်း အကျေနပ်ဆုံးလုပ်ငန်းလေးတွေ အချို့ကို အကောင်အထည် ဖေါ်နိုင်ခဲ့ပါတယ်။ စာမျက်နှာ (၁၆၀)ကျော်ရှိတဲ့ "မြန်မာနိုင်ငံရဲ့ရာသီဥတုပြောင်းလဲခြင်း ဆောင်ရွက်မှု ဆန်းစစ်ချက် အစီရင်ခံစာ"(Myanmar Climate Change Performance Assessment Report-MCCPAR)ကို ပြုစုဖြစ်ခဲ့ပါတယ်။ ရာသီဥတု၊ မိုးလေ၀သ၊ သဘာဝဘေး အန္တရာယ်စတာတွေနဲ့ ပတ်သက်တဲ့ဆောင်းပါး (၉၀)ကျော်ကို အငြိမ်းစားယူပြီးတစ်နှစ်အတွင်း ရေးဖြစ်ခဲ့တယ်။ နယ်အနှံ့ ရာသီဥတုပြောင်းလဲခြင်း ဟောပြောပွဲတွေ ဟောပြောဖြစ်ခဲ့ပါတယ်။ သင်တန်းတွေပို့ချဖြစ်ခဲ့တယ်။ ပြည်ပမှာလည်း မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်း၊ နာဂစ်အတွေ့အကြုံတွေ ဟောပြောဖြစ်ခဲ့တယ်။ အဲဒီအထဲကမှ အကျေနပ်ဆုံးကတော့ စေတနာရှင်များရဲ့အလှူငွေနဲ့ "မုန်တိုင်းအကြောင်း သိကောင်းစရာ" စာအုပ်ငယ်တစ်သိန်းကျော်ကို ပြည်သူများဆီကို အခမဲ့လှူဒါန်းနိုင်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

ကျွန်တော်နဲ့ tunlwin.com

အခုတော့ ရာသီဥတုနဲ့ မိုးလေ၀သခန့်မှန်းခြင်းဆိုင်ရာ Websiteတစ်ခုကို လွှင်တင်နိုင်ခဲ့ပါပြန်ပါပြီ။ အထောက်အပံ့အကူအညီ ခိုင်ခိုင်မာမာမရှိခဲ့ပေမယ့် ပြင်းပြတဲ့စိတ်ဆန္ဒကြောင့်သာ ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Internet Based Weather and Climate Information Web ဖြစ်ပါတယ်။ အချက်လက်တိုင်းတာချက်တွေကို Internet က ယူပါတယ်။ Analysis, Diagnosis, Prognosis တွေအားလုံးကိုတော့ ကိုယ်တိုင်ဘဲလုပ်ပါတယ်။ အမြဲမပြတ်လာမေးနေကြတဲ့ ဂျာနယ်သတင်းထောက် ကလေးတွေကြောင့် လူတွေဘာတွေသိချင်နေကြတယ်၊ ဘာတွေစိုးရိမ်နေကြတယ်။ ဆိုတာလေးတွေ ကိုခန့်မှန်းမိရာက အခုလိုဆန္ဒတွေ ပေါ်လာတာဖြစ်ပါတယ်။

လူတွေမှာတာဝန်(၃)ရပ်ရှိကြတယ်။

ကျွန်တော်ငယ်ငယ်က မှတ်သားဘူးတဲ့ စကားအဆိုအမိန့်တစ်ခုရှိပါတယ်။ အဲဒါကတော့
“လူဆိုတာ တာဝန်(၃)ရပ်ရှိတယ်။ ပထမတာဝန်က အတတ်ပညာတစ်ခုခုကို တတ်အောင် သင်ရမယ်။ ဒုတိယတာဝန်က ပိုမိုတတ်ကျွမ်းအောင် သင်ရမယ်။ တတိယ တာဝန်ကတော့ မိမိတတ်ကျွမ်းသမျှကို မျိုးဆက်သစ်လူငယ်တွေကို ပြန်သင်ကြားပေးရမယ်။”

လို့ နိုင်ငံခေါင်းဆောင်ကြီးတစ်ဦးက ပြောဘူးပါတယ်။ ဟုတ်ကဲ့…။ ကျွန်တော် လောဘများ သိပ်ကြီး နေမလားဘဲ။ သိပ်လူဖြစ်ချင်တယ်ဗျာ။ အမှန်ပြောရရင် လောကမှာ ကျွန်တော် လောဘ အလွန်ကြီးတဲ့အရာနဲ့ လောဘမကြီးတဲ့အရာ ဆိုတာရှိပါတယ်။ ကျွန်တော် လောဘကြီးတဲ့ အရာကတော့ “ပညာရဖို့” ဖြစ်ပါတယ်။ လောဘမကြီး စိတ်မ၀င်စားတဲ့အရာကတော့ “ငွေရဖို့နဲ့ အခွင့်အာဏာရှိဖို့” ဖြစ်ပါတယ်။ တောမှာမွေးလာတဲ့လူမို့ တောနေအဆင့်သာ အတွေးရှိပေတယ်လို့ ဝေဖန်ရင်လည်း ကျွန်တော်စိတ်ဆိုးမှာ မဟုတ်ပါဘူးဗျာ။

စကတည်းကယဉ်ခဲ့တဲ့ tunlwin.com

ဖြစ်ချင်တော့ ကျွန်တော့် website စမ်းသပ်နေတုံးမှာဘဲ ဆိုင်ကလုန်းမုန်တိုင်း ဂီရိကဖြစ်ခဲ့တယ်။ (၂၃-၁၀-၂၀၁၀) သီတင်းကျွန်လပြည့်နေ့မှ ဖွင့်ပွဲလုပ်မယ့် ကျွန်တော် website ဟာ စကတည်းက ယဉ်သကိုး ဖြစ်နေပါတော့တယ်။ တစ်သက်လု့း မိုးလေ၀သအလုပ်တွေ.. ရာသီဥတုအလုပ်တွေ.. ရူးရူးသွပ်သွပ်လုပ်နေခဲ့တဲ့ကျွန်တော့ကို မိုးနတ်မင်းကြီးက ကြိုတင် welcome လုပ်လိုက်တယ် ထင်ပါရဲ့ဗျာ။

ဖွင့်ပွဲလုပ်တဲ့ (၂၃-၁၀-၂၀၁၀)ရက်နေ့မှာ စမ်းသပ်ကာလ တစ်လအတွင်း MCCW Web ကို Clip နှိပ်ကြည့်သူပေါင်း (၁)သန်းကျော်ခဲ့တယ်လို့ counter ပြနေတော့ ကျွန်တော် အံ့သြသွားရပါတယ်။ ၀င်ကြည့်တဲ့သူကဘဲ တစ်သောင်းခုနှစ်ထောင်ကျော်ရှိပါတယ်။ ကျွန်တ်ာတာဝန်တွေရှိလာပြီလို့ ခံယူလိုက်မိပါတယ်။ ဒီတော့ ကျွန်တော် အလုပ်ကို ဆုတောင်းပြီး လုပ်ရပါတော့တယ်။ "အဓိပ္ပါယ်ရှိသောစကား၊ အကျိုးရှိသောစကား၊ မှန်ကန်သောစကား" များကိုသာ ပြောနိုင်သောကိုယ် ဖြစ်ရပါလို၏လို့။

အခုတော့စဖြစ်ခဲ့ပြီ။

အခုတော့ ကျွန်တော်စဖြစ်ခဲ့ပြီ။ "တာဝန်မရှိတော့ပေမယ့် တာဝန်သိတဲ့အနေနဲ့လုပ်ဖြစ်ခြင်း” ဖြစ်ပါတယ်။ ခန့်မှန်းရေးတွေကို နေ့စဉ်တစ်ဦးတည်း လုပ်ရတော့မှာ ဖြစ်တဲ့အတွက် ၀မ်းလည်း သာတယ်၊ ၀မ်းလည်းနည်းမိပါတယ်။
ဝမ်းသာတာကတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖြစ်လို့ပါဘဲ။ ၀မ်းနည်းတာကတော့ အကြီးစား နှလုံးခွဲစိတ်မှုခံထားရသူ တစ်ဦးအနေနဲ့ တစ်စထက်တစ်စ ယိုယွင်းလာနေတဲ့ ကျန်းမာရေးကြောင့် စိုးရိမ်မိခြင်းဘဲဖြစ်ပါတယ်။
မိုးလေ၀သသမားဆိုတော့ အာကာသလေးနဲ့မကင်းတဲ့ ဥပမာလေးတစ်ခုကို သတိရမိပါတယ်။ "ကြီးကျယ် မြင့်မြတ်တဲ့ အာဇာနည်တွေဆိုရင် ဥက္ကာပျံနဲ့တူပါသတဲ့။ ဥက္ကာပျံဆိုတာ ဘယ်သူ့ကိုမှအားမကိုးဘူး။ ကိုယ့်ကိုယ်ကို လောင်စာအဖြစ်သုံးပြီး ကမ္ဘာကိုအလင်းရောင်ပေးစမြဲ" ဘဲတဲ့။
သူတို့နဲ့စာတော့ ကျွန်တော့်အဖြစ်က ပြောနေရတာတောင်ရှက်စရာပါ...။