ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။
Thursday, April 29, 2010
လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု ဆိုင်ရာ အငြင်းပွားမှုများ
 ခင်မမမျိုး
နိဒါန်း
နိုင်ငံရေးအကြမ်းဖက်မှုလေ့လာရေး သုတေသနလောကမှာ ကနဦးအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ စိတ်ထဲကို မြင်အောင်ကြည့်ပြီး၊ ဒီလို အကြမ်းဖက်မှုတွေ ကျူးလွန်လာရခြင်းရဲ့ အခြေခံ လှုံ့ဆော်မှုတွေကို ထိန်းချုပ်နိုင်မှသာ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ်လို့ အဆိုရှိကြပါတယ်။ စိတ်ပညာရှင်တဦးဖြစ်တဲ့ Kicklighter က အကြမ်းဖက်မှုဆိုတာကို လူအများက လက်မခံပေမယ့် အကြမ်းဖက်သမားတွေနဲ့ သူတို့အပေါ် ထောက်ခံသူတွေရဲ့ စိတ်ထဲမှာတော့ ကောင်းမွန်တယ်လို့ ယူဆထားချက်တွေ ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယူဆထားချက်တွေဟာ မှားယွင်းနေတယ်ဆိုတာကို အသိပညာပေးမှုတွေ မလုပ်နိုင်မချင်း အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ သူ့အဆိုကို လက်ခံပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားလာစေခြင်း၊ ထောက်ခံအားပေးလာစေခြင်းတွေကို လှုံ့ဆော်ပေးတဲ့ ယူဆချက်တွေကို ပညာရှင်အများအပြားက ထပ်မံလေ့လာခဲ့ကြပါတယ်။ 
Tuesday, April 20, 2010
စစ်ရေးနဲ့ မဖြေရှင်းဖို့ KIA သတိပေး
သောကကိုနင်းချေ အိပ်မက်တွေကို တည်ဆောက်
                                                 အရှင်ဇ၀န
ထောင်ဆိုတာကို လူရှင်တို့ မြှုပ်နှံရာသင်္ချိုင်းအဖြစ် ၀ိဂြိုဟ် ပြုကြပါတယ်။
ဒီသချိုင်းတွေထဲမှာပဲ စစ်အာဏာရှင်တွေက ဘယ်လိုပဲ တုံးအသွားအောင် ရက်စက်ခဲ့ ၊ ရက်စက်ခဲ့  နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ့်ကိုယ်ကို ချွန်မြနေအောင် သွေးယူခဲ့ကြရပါတယ်။
လူအရှင်ကို မြှုပ်နှံရာ နာရသိန်ထဲမှာ စစ်အာဏာရှင်တို့ရဲ့ ဆိုးယုတ်မှုတွေကတော့ ကမ်းကုန်ပါပဲ။ ဒါ့ကြောင့်လည်း ဦးဝင်းတင်က သူ့ရဲ့ ဘာလဲဟဲ့ လူ့ငရဲဆိုတဲ့ ထောင်ဇာတ်လမ်းကြီးထဲမှာ လူမဆန်စွာ ၊ တိရိစ္ဆာန်ထက် ဆိုးယုတ်စွာလို့ သုံးနှုန်းခဲ့တာပါ။
တကယ်တော့ အာဏာရှင်တို့ရဲ့ အင်းစိန်နာရသိန်ထဲမှာ ရက်ပေါင်း ငါးထောင့်ရှစ်ရာကျော် နေထိုင်ခဲ့ရတဲ့ သူ့လိုလူတယောက်အတွက် ပြောပြစရာတွေ ရာထောင်သောင်းမက ရှိနေပါလိမ့်ဦးမယ်။
ဦးဝင်းတင်ပြောတဲ့ အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ ပြတိုက်ဆိုတာကို စာရေးသူ သဘောတူပါတယ်။ သဘောတူတယ်ဆိုလိုက်လို့ စစ်အာဏာရှင်ရဲ့ထောင်အတွင်းမှာ ကျင်လည်ခဲ့ဘူးတဲ့ စာရေးသူဟာ ကိုယ့်ကိုယ်ကို ဂုဏ်တင်တာတော့ မဟုတ်ပါဘူး။
အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး
ကလန်သံဗျင်
မီဒီယာ၊                   ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။
ဗိုလ်ချုပ်မှုးကြီး၊      ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့ ပဲကြည့်တယ်လေ
ဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်။  ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ
မီဒီယာ၊                  ၊အမျှော်အမြင်ကြီးပါပေ့ ဗိုလ်ချုပ်မှုးကြီးရယ်။ဒါနဲ့ စကားမစပ် ။X2O မဏ္ဍပ် မှာမှ ရွေးပြီး
ဗိုလ်ချုပ်မှုးကြီး၊        ၊ခင်ဗျားကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ်ယုံတာပဲ ။အမှန်က
နိုင်ငံရဲ့  စီးပွားရေး ကို ကျုပ်က ကယ်တင်လိုက်တာပါဗျာ။ဒေါက်တာဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့  GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ် က နဲနဲ လှန့် လိုက်တာပါ။ နောက်နှစ် ဆိုလူငယ်တွေ မဏ္ဍပ်ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ဟိုတယ်ပဲ သွားတော့မှာ ။
အဟမ်း …….ပြောကောင်းကောင်းနဲ့ လျှောက်ပြောနေ လိုက်တာ နိုင်ငံရဲ့ စီးပွားရေး တို့ စတိုင်း ဂလု တို့ …………အမှန်တော့ဘယ်  သူမှ မသေပါဘူး။ကျုပ်လူ လို ဖြစ်နေတဲ့ နိုင်ငံခြား သတင်းဌာန က တစ်ယောက် နှစ်ယောက်နဲ့ ဘလောက်ဂါ လေး တစ်ယောက် နှစ် ယောက် ကို  ခေါ်ပြီး ရုပ်ရှင်တွေ ထဲ က လို သွေးတုတွေ ၊ဘာတွေ နဲ့ လုပ်လိုက်တာပေါ့ ။ထွက်လာတဲ့ ဓာတ်ပုံတွေ ပဲ  ကြည့်ပါလား။ဘယ်မှာ သေတဲ့ လူတွေ တွေ့ ရ လို့ တုန်း  အော်စကာဆုရ တဲ့ The Hurt Locker ထဲကဇာတ်ဝင်ခန်းတွေနဲမတူဘူးလား။ဂျာနယ်လစ် ဖြစ်ပြီးဒါလေးတောင်မရိပ်မိဘူးလား။ဘယ်မှာ သေနေတဲ့ လူတွေ တွေ့ ရလို့ တုန်း
သေတဲ့လူတွေကပြည်သူတွေ ဆို ခင်ဗျားတို့  ပြည်ပ မီဒီယာတွေက လျှောက်ပြီး ဖုန်းတွေ လျှောက်ဆက် လျှောက်မေးလုပ်ကြအုံးမှာ လေ အခုသေတာ စပ်တပ် နဲ့ ရဲ အရာရှိတွေ ဆိုတော့ ဘယ်သူမှ မမေးတော့ ဘူးလေ။တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ။
ကိုးယောက်သေတယ် ဆိုတာ ကတော့ ကျုပ်က ကိုးဂဏန်း ကို ခရဇီဖြစ် လို့ ဘိုလို ပြောရင် Crazy in Number Nine ပေါ့ဗျာ။နောက်နှစ်ကျရင် အော်စကာ
ဆုပေးပွဲမှာ ကျုပ်ရဲ့  Crazy in Number Nine ဆိုတဲ့ ၂၀၁၀ ရန်ကုန် သင်္ကြန် ဗုံးကွဲမှု မှတ်တမ်း ဒေါက်ကျူမန်ထရီ လုပ်ရိုက်ထားတာကြီး ကို အော်စကာပေးဖို့ ရွေးအုံးမှာ….
အနောက်က ဇီးတော်ဖီ ဆရာကြီး.အဲ ..စီးပွားရေး ဆရာကြီးရဲ့ အကြံဥာဏ် ကို ကျုပ်က ဦးလည်မသုန် အကောင်
အထည်ဖော်လို့ ပီဂျေ ထော်လီ လား ပီဂျေ ဂေါ်လီ ဆိုလားပဲ စောစော စီးစီး စာနာတယ်လို့ ဝမ်းနည်းတယ်လို့ ထုတ်ပြောတာပေါ့။ ကိုလ့် လူက လဲ ဂျာနယ်လစ်ဖြစ်ပြီး အုံး မသုံးဘူး။
မီဒီယာ၊                   ၊ဗိုလ်ချုပ်မှုးကြီးက ဗုံးတွေ ပေါက်ပြီးရင် ဘာဖြစ် လို့ ပြည်ပ က အဖွဲ့ အစည်းတွေရဲ့ လက်
ချက် လို့ စွပ်ဆွဲ ရတာလဲ ။
Monday, April 19, 2010
မလေးရှားနိုင်ငံတွင် သူတောင်းစားအဖြစ် လုပ်ကိုင်ခဲ့ရသည့် မြန်မာကလေးငယ်ခြောက်ဦးမှ အကူအညီတောင်းခံ
သူတောင်းစားအဖြစ် အလုပ်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံရပြီး မလေးရှားနိုင်ငံမြောက်ပိုင်း kelantan ပြည်နယ်၊ tanah merah ကန့်ထဲတွင် ဒုက္ခရောက်နေသည့် မြန်မာကလေးငယ် ခြောက်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။
ကလေးငယ် ခြောက်ဦးထဲမှ မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊ မတ္တရာမြို့မှ ဦးဇော်လင်းနှင့် ဒေါ်အေးမြစိန်တို့၏ သားဖြစ်သူ အသက် (၁၂)နှစ်အရွယ် မောင်ကျော်သူလင်းက ၎င်းကို မန္တလေးမှ မူဆလင်လူမျိုး ဦးမဲလုံးက လဖက်ရည်ဆိုင်တွင် အလုပ်ရမယ်ဟု ပြော၍ခေါ်လာပြီး မလေးရှားတွင် သူတောင်းစား လုပ်ခိုင်းကြောင်း ပြောပြသည်။
“ကားမှတ်တိုင်တွေ၊ မီးပွိုင်တွေမှာ ပိုက်ဆံတောင်းရတယ်။ တစ်နေ့ကို ရင်းဂစ် (၁၀၀)ရအောင် တောင်းရတယ်။ အနည်းဆုံး၇၀/၈၀ လောက် ရတတ်ပါတယ်။ မရတဲ့ နေ့တွေမှာ သားတို့ကို ရိုက်တယ်၊ ထုတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး။ သား(၃)လကျော်ကျော် ပိုက်ဆံတောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ ပုလိပ်ဖမ်းတော့ အခုကန့်ထဲမှာ ရောက်နေတာ (၉)လရှိပါပြီ။ ဒီမှာလည်း ထမင်းဝအောင် မကျွေးဘူး။ ငါးခြောက် ရေပြုတ်တာနဲ့ပဲ ကျွေးပါတယ်။ သားတို့ကို မြန်မြန် လာကယ်ကြပါ။ အမေ့ကိုလည်း ပြောပေးပါခင်ဗျာ”ဟု ပြောသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့မှ ဦးသာလှိုင်နှင့် ဒေါ်မျိုးမျိုးစိန်တို့၏သားဖြစ်သူ အသက်(၁၂)နှစ်အရွယ် မောင်အောင်ကိုဝင်းကလည်း “မူဆလင် ကုလားလူမျိုး ဦးအတ္တစ်နဲ့ မအေးရီတို့ ဇနီးမောင်နှံ နှစ်ဦးတို့က ရန်ကုန်မှာ သတင်းစာရောင်းရမယ်ဆိုပြီး ခေါ်လာတာပါ။ အမေ့ကို ကျပ်ငွေနှစ်သောင်း ပေးခဲ့ပါတယ်။ မလေးရှားကို ရောက်တော့ သားတို့ကို သူတောင်းစား လုပ်ခိုင်းပါတယ်။ တစ်နေ့ကို ရင်းဂစ်(၁၀၀)ရအောင် တောင်းခိုင်းပါတယ်။ မရရင် ရိုက်ပါတယ်။ ကြက်ဥပြုတ်နဲ့ပဲ ကျွေးပါတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး။ ဒီမှာလည်း မစားရဘူး။ သားတို့ကို လာထုတ်ပေးကြပါ”ဟုပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ကျနော်တို့အဖွဲ့က ငွေကြေးအင်အား တောင့်တင်းတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ ကျနော်တို့ ကော်မီတီဝင်တွေ ကိုယ်ပိုင် ၀င်ငွေလေးတွေနဲ့ စုပေါင်းပြီး ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေကို အကူအညီပေးပါတယ်။ ဒီကိစ္စရပ်က ကြီးမား ကျယ်ပြန့်တယ်။ ကျနော်တို့ တစ်ဖွဲ့တည်း မလုပ်နိုင်ဘူး။ ကျနော်တို့အဖွဲ့က မဲခေါင်မြစ်ဝှန်းဒေသ အင်ဂျီအိုနဲ့ အလုပ်သမားများ ကွန်ယက်မှာ အဖွဲ့ဝင်ဖြစ်တာကြောင့် လုပ်နိုင်တဲ့ အဖွဲ့အစည်း ကြီးတွေကိုလည်း တင်ပြမယ်။ ပူးပေါင်း ဆောင်ရွက်ပါမယ်။ ကလေးလေးတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေနဲ့ ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ ပြီးတော့ အခြားလူတွေကလည်း မြန်မာပြည်မှာရှိတဲ့ မိဘတွေကိုလည်း ဆက်သွယ်ပြီးတော့၊ အကူအညီရှာပေးကြပါ”ဟု ပြောသည်။
ကလေး(၆)ဦးတွင် ရန်ကုန်တိုင်း ဒလမြို့နယ်မှ အသက် (၁၄)နှစ်အရွယ် မင်းယုစန်း (အကျဉ်းသား အမှတ် ၅၃၅၄၅)သည် အသက်အကြီးဆုံး ဖြစ်သည်။ ဧရာဝတီတိုင်း ပန်းတနော်မှ တင်မျိုးထက်(၅၃၃၂၉)၊ မန္တလေးတိုင်း မတ္တရာမှ ကျော်သူလင်း(၅၃၅၄၆)၊ ရန်ကုန်တိုင်း လှိုင်သာယာမှ နေလင်းဦး(၅၃၅၄၄)နှင့် အောင်ကိုဝင်း (၅၂၆၇၉ )တို့သည် (၁၂)နှစ်အရွယ်များ ဖြစ်ကြပြီး မအေးမြထွေးဆိုသည့် အသက်(၁၀)နှစ်အရွယ် မိန်းကလေးမှာ မောင်ကျော်သူလင်းထက် အသက်ငယ်သော်လည်း အဒေါ်တော်စပ်ကြောင်း သိရသည်။
credit to GHRED
Statement by NCUM (18.4.2010)