ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Monday, March 29, 2010

အန်အယ်လ်ဒီ ဆွေးနွေးပွဲပြီးပြတ် မှတ်ပုံမတင်ရေး ဆုံးဖြတ်

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီအနေနဲ့ ဒီကနေ့မှာတော့ ပါတီဆက်လက်မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ တိုင်းနှင့်ပြည်နယ်အသီးသီးက ဗဟိုဦးစီးကော်မတီဝင် (၁၀၀) ကျော်တက်ရောက်ဆွေးနွေးခဲ့တဲ့ ဒီအစည်းအဝေးကို ပါတီဥက္ကဌ ဦးအောင်ရွှေတက်ရောက်ခြင်းမရှိပါဘူး။

တိုင်းနဲ့ပြည်နယ်အများစုက ပါတီဆက်လက်မှတ်ပုံမတင်ရေးဘက်က ရပ်တည်ဆွေးနွေးခဲ့ကြပြီး မွန်းလွဲပိုင်းမှာတော့ ပါတီမှတ်ပုံမတင်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တယ်လို့ ဗဟိုဦးစီးကော်မတီဝင်တဦးက ပြောပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ အဓိက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ မတရားတဲ့ဥပဒေအောက်မှာ ပါတီမှတ်ပုံတင်တာကို လက်မခံနိုင်ကြောင်းနဲ့ ပါတီတရပ်ဟာ ဆက်လက်ရပ်တည်သည်ဖြစ်စေ ၊ မရပ်တည်သည်ဖြစ်စေ ဂုဏ်သိက္ခာရှိနေရန်သာ အရေးကြီးကြောင်း ပြီးခဲ့တဲ့ (၂၃) ရက်နေ့က ရှေ့နေကြီးဦးဥာဏ်ဝင်းတို့နဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ ဒီကနေ့ပါတီရဲ့ ဆုံးဖြတ်ချက်တို့ကြောင့် နအဖစစ်အစိုးရဟာ အကျပ်တည်းတွေ့သွားရပြီး နိုင်ငံတကာ ဖိအားတွေလည်း ပိုလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ပြောဆိုပါတယ်။

နအဖစစ်အစိုးရဟာ ၂၀၀၇ခုနှစ်စက်တင်ဘာအရေးအခင်းအပြီးမှာ လမ်းပြမြေပုံ (၇) ချက်ကို ရေးဆွဲခဲ့ပြီး ယခုနှစ်မှာ ရွေးကောက်ပွဲတဖန်ပြန်ကျင်းပနိုင်ဖို့ ပြင်ဆင်နေခဲ့တာပါ။ မေလ (၈) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပြီလို့လည်း နအဖက ဆိုထားပါတယ်။

နအဖစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင့်သင့် ပါဝင်ထိုက်တဲ့သူတွေ မပါနိုင်အောင် ကန့်သတ်ထားတယ်လို့ နိုင်ငံတကာကလည်း ပြစ်တင်ဝေဖန်နေပါတယ်။

မင်းနိုင်သူ

No comments:

Post a Comment