ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Monday, March 29, 2010

အန်အယ်လ်ဒီ ပါတီမှတ်ပုံမတင်ဟု ဆုံးဖြတ်ချက်ချကြောင်း စောင့်ကြည့်နေသော ရန်ကုန်လူငယ်များပြောဆို

အခု အစည်းဝေးဆုံးဖြတ်လိုက်ပါပြီ။ ဆုံးဖြတ်ချက်ကတော့ မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အများစုက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ပါတယ်။ ဦးအောင်ရွှေ ကတော့ နေမကောင်းဘူးဆိုပြီး
အစည်းဝေးကို တက်ရောက်ခြင်းမရှိကြောင်းသိရပါတယ်။

လင့်လမ်း မှာရှိတဲ့ အလက ကျောင်းဝင်းနဲ့  ကျောက်ဆည်ဓမ္မာရုံ ထဲမှာတော့ လုံထိန်းကားများကို ချထားပါတယ်။ လာရောက်တဲ့ လူထု ကလည်း ဒီထက်ကို ပိုများနေတာအားရစရာ အလွန်းကောင်းလှပါတယ်။ တယောက်နဲ့ တယောက် လက်မ ထောင်ပြခြင်း၊ လက်သီးဆုတ်ပြခြင်း စတဲ့ အောင်အတိတ် တွေ ပြ ရင်း တည်တည်ငြိမ်ငြိမ် အားပေးနေကြပါတယ်။
လူအများက ကြောက်ရွံ့ မှုမရှိပဲ ဆုံးဖြတ်ချက် အပေါ်မှာ အခိုင်အမာ သံဓိဌာန် ချမှတ်ထားကြပုံရတယ်။ ဇူလှိုင် ၂၃ ရက်နေ့  ၁၉၈၈ ခုနစ် နေ့ က ဦးနေ၀င်း ရဲ့ မိန့် ခွန်းပြောအပြီးမှာ လူထုလှုပ်ရှားမှုကြီးနဲ့ တုန့် ပြန် လို က်တဲ့ နေနဲ့ အလားသဏန် တူနေတယ်လို့  ၈၈ မျိုးဆက်ဟောင်းတဦးက ဆိုပါတယ်။ ဒီတခါတော့ နောက်ဆုံး တိုက်ပွဲ မြန်မာ ပြည် ပြောင်းလဲ ရပြီပေါ့ဗျာလို့  ကျောင်းဆရာ တဦးက ကြုံးဝါးသွားပါတယ်။

(ဂျီတော့မှ တဆင့် ရန်ကုန်လူငယ်များရဲ့ ပြောစကားများကို ပြန်လည်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်)

No comments:

Post a Comment