ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Monday, May 31, 2010

ထက်ထက်မိုးဦးကို ပြည်တွင်း စာနယ်ဇင်းအဖွဲ့ရှုတ်ချ

ထက်ထက်မိုးဦးနဲ့ 7day ဂျာနယ်သတင်းထောက်ကိစ္စအပေါ် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့က ကြေညာချက်ထုတ်ပါသတဲ့။ ဘယ်နေ့က ထုတ်ခဲ့တာလဲလို့တော့ လာမမေးနဲ့ဗျာ။ ဘယ်ရက်စွဲမှ ဖော်ပြမထားတဲ့အတွက် ကျနော်လည်း မသိဘူး.....

2_87_4 big

ထက်ထက်မိုးဦးနဲ့ သတင်းထောက် ဘယ်သူမှားသလဲ

မင်းနိုင်သူ

ရှုပ်ရှက်ကို ခတ်နေတာပဲ

ရှုပ်ရှက်ကိုခတ်နေတာပဲ။ ကျနော့်မေးလ်ထဲမှာလည်း ရှုပ်ရှက်ကို ခတ်နေတာပဲ။ ရှုပ်ရှက်ခတ်ရခြင်းဆိုတဲ့ အကျိုးဖြစ်လာအောင် အကြောင်းတရားရှာခဲ့မိတာကလည်း ကျနော်ပါ။ ကျနော့် စာနယ်ဇင်းသက်တမ်းတလျှောက်မှာ မင်းသား ၊ မင်းသမီးအကြောင်းဆိုလို့ ကျော်ဟိန်းနဲ့ ပတ်သက်ပြီးတော့ တခါပဲ ရေးခဲ့ဖူးပါတယ်။ သူ့အကြောင်းရေး ဖြစ်ခဲ့တာလည်း သရော်စာတပုဒ်ပါ။ လူဝတ်ကြောင်ကို စွန့်ခွာပြီး ရဟန်းဝတ်နဲ့ပဲ နေတော့မယ်ဆိုတဲ့ ကျော်ဟိန်းဟာ ဗိုလ်တထောင်ဘုရားပုရ၀ုဏ်အတွင်း သူ့ရဲ့ အသိသတိဘုရားကြီးကို ပေးအပ်လှူဒါန်းပွဲအခမ်းအနားမှာ ငါဆိုတဲ့မာနသံတွေနဲ့ တရားဟောတာကို မဂ္ဂဇင်းတခုမှ သရော်စာရေးခဲ့မိတာပါ။

ပြည်တွင်းမှာစာတိုပေစလေးတွေရေးသားပြီး ပြည်ပထွက်လာဖြစ်တဲ့နောက်မှာလည်း မင်းသား ၊ မင်းသမီးတွေအကြောင်း ကျနော်မရေးခဲ့ဘူးပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့အကြောင်း စိတ်မ၀င်စားတာလဲ ပါပါတယ်။
အဲဒီလိုနေလာလိုက်တာ မေလ ၁၉ ရက်နေ့မှာတော့ ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးက7day ဂျာနယ်က သတင်းထောက်ကောင်မလေးကို ကိုယ်ထိလက်ရောက်စော်ကားလိုက်တယ်ဆိုတဲ့ သတင်း ကျနော်ရလိုက်ပါတယ်။

သတင်းကြားကြားချင်းပဲ

သတင်းကြားကြားချင်းပဲ ကျနော်စိတ်ဝင်စားသွားပါတယ်။ဘာ့လို့စိတ်ဝင်စားရလဲဆိုတော့ မင်းသမီးနဲ့ပဋိပက္ခဖြစ်သူဟာ သတင်းထောက်ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ အဲဒီသတင်းကို ကျနော်မလိုက်ပါဘူး။ ကျနော်တို့ သတင်းဌာနမှာ အဲလိုသတင်းတွေကို ပင်တိုင်ရေးနေသူရှိလို့ပါ။ ကျနော်က သူကိုင်တွယ်နေကျ round ကို ကျနော်သွားကျော်မယ်ဆိုရင် ကျနော်လွန်ရာကျမယ်လေ။ ဒါ့ကြောင့်ပါ။

ဒါပေမယ့် ထင်မှတ်မထားတဲ့အချိန် စနေနေ့မှာ ထက်ထက်မိုးဦးနဲ့ အင်တာဗျူးလို့ရမယ့် ဖုန်းနံပါတ်ကို ပေးလာသူတယောက် ပေါ်လာပါတယ်။ နဂိုကတည်းက သတင်းထောက်နဲ့ဖြစ်တဲ့ကိစ္စမို့ စိတ်ဝင်စားနေတဲ့ ကျနော် မရှောင်နိုင်တော့ပါဘူး။ မေးခွန်းတွေ ပြင်ဆင်ချိန်မရလိုက်ဘဲ ထက်ထက်မိုးဦးကို အင်တာဗျူး လက်တန်းလုပ်လိုက်ရပါတယ်။

ရှက်တတ်တဲ့ မင်းသမီး

အင်တာဗျူးလုပ်လိုက်တော့ ထက်ထက်မိုးဦးဟာ ရှက်တတ်တဲ့ မြန်မာမင်းသမီးဖြစ်မှန်း ကျနော်သိလိုက်ရပါတယ်။ ကျနော်ဒီလိုပြောလိုက်လို့ ဟားတိုက်ရယ်မောသူတွေလည်းရှိကြမှာပါ။ တကယ်တော့ ထက်ထက်မိုးဦး အိမ်ထောင်ဆက်များတာဟုတ်ပါတယ်။ ဒါကလည်းသူ့အကြောင်းနဲ့သူ ဖြစ်ကောင်းဖြစ်မှာပေါ့။ ခင်များတို့ကျနော်တို့က သူ့နေရာကနေ ၀င်မခံစားဖူးဘူးလေ။ သူ့ အိမ်ထောင်ရေးပိုင်းမှာ သူဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာ ကျနော်တို့မှ မသိနိုင်ဘဲကိုး။

သူ့ကို ဘာ့ကြောင့် ရှက်တတ်တာလို့ ပြောရလဲဆိုရင် သူ့က သတင်းထောက်မလေးအပေါ် လက်တုန့်ပြန်လိုက်တဲ့အတွက် ပဲ သူဟာ ရှက်တတ်တဲ့မြန်မာမင်းသမီးလို့ ကျနော် ကောက်ချက်ဆွဲတာပါ။ကျနော်တို့ မြန်မာတွေ အသိများတဲ့ အယ်လ်ဇဘက်တေလာ ၊ နစ်ကိုးလ်ကဒ်မင်း ၊ ပင်နလိုခရုစ် စသည့်ဖြင့် ဟောလီးဝုဒ်မင်းသမီးတွေဟာ ထက်ထက်မိုးဦးထက် အိမ်ထောင်ဆက်များပါတယ်။ ဒါပေမယ့် ဒီမင်းသမီးတွေဟာ သူတို့ အိမ်ထောင်ရေးပြဿနာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးသမျှ အရှက်မရှိဖြေကြားတတ်ပါတယ်။ တချို့အင်တာဗျူးတွေဆို ဖြေပေးတဲ့ သူတို့ကတောင် ပိုက်ဆံရတတ်ပါသေးတယ်။

ဒါဟာ အရှေ့တိုင်းယဉ်ကျေးမှုနဲ့ အနောက်တိုင်းယဉ်ကျေးမှု မတူကွဲပြားတာကို ပြတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အရှေ့တိုင်းသူ မြန်မာမင်းသမီးဖြစ်တဲ့ ထက်ထက်မိုးဦးက သူ့ ကိုယ်ရေးကိုယ်တာမေးခွန်းတွေကို မေးမြန်းလာတဲ့အပေါ် တုန့်ပြန်လိုက်မိတာဟာ သူ့အနေနဲ့ အရှေ့တိုင်းအရှက်ကို ထိန်းသိမ်းတတ်နေလို့ပဲလို့ ကျနော်ယူဆပါတယ်။


ထက်ထက်မိုးဦးဟာ နာမည်ကြီးချင်တာလား

ဒီပြဿနာရဲ့ နောက်ဆက်တွဲမှာ ထက်ထက်မိုးဦးဟာ ကျနေဆဲ နာမည်ကို ပြန်တက်လိုတဲ့အတွက် ဒီပြဿနာကို ဖန်တီးတာလို့ မြင်သူတွေလည်းရှိပါတယ်။
ကျနော်ကတော့ ဒီလိုမယူဆပါဘူး။ ထက်ထက်မိုးဦးဟာ အရင်အခြေအနေကလိုမျိုး နာမည်မကြီးတာ မှန်ပါတယ်။ ဒါပေမယ့် နာမည်ပြန်ကြီးလိုတဲ့အတွက် သတင်းထောက်နဲ့ ပဋိပက္ခဖြစ်တယ်ဆိုတာကတော့ အင်မတန်အတွေး တိမ်လွန်းရာ ကျနေမလားပဲ။

ထက်ထက်မိုးဦးအရွယ်မှာ တခြားမင်းသမီးတွေလည်း နာမည်ကျစပြုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်လေ့ရှိတာ သဘာဝပါ။ ဥပမာ မို့မို့မြင့်အောင်လို ထိပ်ထိပ်ကြဲမင်းသမီးတောင် ခတ္တခဏငုပ်ကွယ်ခဲ့တာပါ။ နောက်မှသူ့ရဲ့သမ္ဘာနဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပြန်ပေါ်လာရတာပါပဲ။ မင်းသမီးတင်မကပါဘူး။ မင်းသားတွေထဲက ရဲအောင် ၊ ကျော်ရဲအောင်တို့လည်း ထိုနည်း၎င်းပါပဲ။

ဒါကြောင့် နာမည်ဘယ်လိုကျစပြုပြု တချိန်မှာ နာမည်ပြန်ကျော်လာနိုင်သေးတဲ့ ထက်ထက်မိုးဦးက သတင်းထောက်ကို ပြဿနာရှာခြင်းဖြင့် နာမည်ကြီးအောင် ပြုတယ်ဆိုတာ လက်တွေ့ကျတဲ့ ကောက်ချဖြစ်ဖို့ ဝေးလှပါတယ်။ သတင်းထောက်နဲ့ပြဿနာဖြစ်ရင် သူ့အတွက် နာမည်ကြီးဖို့ထက် အန္တရာယ်များစွာနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာ အနုပညာလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်လာတဲ့ ထက်ထက်မိုးဦး မသိစရာအကြောင်းမရှိပါဘူး။ ဒါ့ကြောင့် ထက်ထက်မိုးဦးရဲ့ အဖြစ်အပျက်ဟာ သတင်းထောက်ရဲ့ မေးခွန်းတွေအပေါ် အခြေခံပြီးဖြစ်လာတဲ့ ပြဿနာတွေလို့ ကောက်ချက်ဆွဲရမလားပါပဲ။

နိုင်ငံရေးသမားတွေကလည်းဆဲတယ်

နိုင်ငံရေးသမားတွေကတော့ ကျနော့်ကို ဆဲတာ ပလူပျံနေတာပါပဲ။ ရေရှား ၊ မိုးခေါင် ၊ ရွေးကောက်ပွဲအခြေအနေတွေကို ကျော်လွန်ပြီး ထက်ထက်မိုးဦးသတင်းကို ကျနော်က ဖွနေတယ်လို့ စွပ်စွဲကြတာပါပဲ။ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော လို့ပဲ ဖာတလုံးခေါင်းကျား ဇာတ်တော်ထဲက မန္တလေးသိန်းဇော် အိုက်တင်နဲ့သာ ရယ်ချင်မိတော့တာပါပဲ။ နိုင်ငံရေးသမားဆိုတာ လက်ရှိပစ္စက္ခအခြေအနေတွေပေါ်မူတည်ပြီး ဘယ်လိုစခန်းသွားရမလဲဆိုတာကို ၂၀၀၇ ခုနှစ်အတွင်း စက်သုံးဆီဈေးတက်မှုအပေါ် အခြေခံပြီး လှုပ်ရှားခဲ့တဲ့ ကိုမင်းကိုနိုင်တို့ အုပ်စုကို ပြန်မြင်ယောင်ကြည့်ကြပါလို့ပဲ တိုတိုပဲပြောပါရစေတော့။

တခြားနည်းနဲ့ မေးလို့မရတော့ဘူးလား

သတင်းထောက်ရဲ့ အစမေးခွန်း သုံးလေးခုစလုံးဟာ အရမ်းကို ကိုယ်ရေးကိုယ်တာဆန်လွန်းပါတယ်။ ဒါဖြင့်ရင် သတင်းထောက်တွေဟာ မေးလိုရာမမေးရဘူးလားလို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။ ဒီမိုကရေစီနိုင်ငံမှာဖြင့်ရင် မေးလိုရာ မေးခွင့်ရကြပါတယ်ဗျာ။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတွေမှာလည်း ပိုက်ဆံမပေးဘဲရတဲ့ နာမည်ကျော် မင်းသားမင်းသမီး အင်တာဗျူးတွေမှာ ဒီလို အစကနဦးမေးခွန်းတွေမှာတင် ကိုယ်ရေးကိုယ်တာတွေ စွတ်မေးနေလို့ကတော့ ဘယ်သူမှ ဖြေမယ် မဟုတ်ပေဘူး။

သတင်းထောက်က လိမ္မာပါးနပ်ရင်ဖြင့် မင်းသားမင်းသမီးရဲ့ လက်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်းမေးလိုက် ၊ ကိုယ်ရေးကိုယ်တာလေးတွေ ညှပ်မေးလိုက်ဆိုရင်တော့ လိုချင်တာလေးတွေ ထွက်ကောင်းထွက်လာနိုင်ပါရဲ့။ အခုတော့ ကိုယ်ရေးကိုယ်တာမေးခွန်းတွေကိုချည်းပဲ ဆက်တိုက်မေးလိုက်တော့ တဘက်က မြန်မာမင်းသမီးလည်း ရှက်ကရောပေါ့။ ရှက်တော့ လက်တုံ့ပြန်ရောပေါ့။

ဘယ်သူ့အမှားလဲ

ကျနော့်အမှားပါ။ မအံ့သြကြပါနဲ့။ တကယ်ကို ကျနော့်အမှားပါ။ ထက်ထက်မိုးဦးနဲ့ သတင်းထောက် ဘယ်သူမှားသလဲဆိုတာကတော့ တရားရုံးက အဆုံးဖြတ်ပေးပါလိမ့်မယ်။ ကျနော့်အမှားကိုတော့ ဘယ်သူမှ အဆုံးဖြတ်ပေးမှာ မဟုတ်ပါဘူး။

ကျနော် ထက်ထက်မိုးဦးနဲ့ အင်တာဗျူးရလိုက်တာကိုက အမှားပါ။ ထက်ထက်မိုးဦးနဲ့ အင်တာဗျူးမှာ ကျနော်က စာနယ်ဇင်းသမားတွေဘက်က မရပ်တည်ဘူးဆိုပြီး ၀ိုင်းဆဲကြပါတယ်။ ကျနော့်ရဲ့ ဦးတည်ရာ မီးမောင်းထိုးပြရာကိုတော့ လိုက်ကြည့်သူ မရှိသလောက်ပါဘဲ။

နောက် သူတို့ရဲ့ တရားရင်ဆိုင်နေပုံတွေကို စာနယ်ဇင်းသမားတွေရဲ့ ပြောဆိုချက်တွေနဲ့ ရေးပြန်တော့ ကျနော်နဲ့ ပြည်တွင်းစာနယ်ဇင်းသမားတွေကို သွေးကွဲအောင် တွန်းတိုက်သူတွေ ပေါ်လာပြန်ပါရော။ ကျနော်က သူတို့ကို အသုံးချတယ်ပေါ့။ ဒီပွဲမှာ ကျနော်လူလည်ကျသွားတယ်ပေါ့။ ပြီးတော့ ကျနော်က သူတို့ကို ဘယ်အချိန်က ဘယ်လိုပြောခဲ့ဘူးတာပေါ့။ ဒီလိုနည်းတွေနဲ့ တွန်းတိုက်ကြတာပါ။ အားလုံးကို ကျနော်ပြန်ကြားရပါတယ်။ ဒါဟာ နအဖ ဘက်တော်သားတွေရဲ့ သပ်လျှိုသွေးခွဲနည်းဖြစ်လို့ ကျနော်ကတော့ သိပ်ရင်မခုန်လှပေမယ့် အထဲက ကျနော့် မိတ်ဆွေတချို့ ရင်ခုန်နေရင်ဖြင့် ပြုခဲ့သမျှ ကျနော့် အမှားသာ ဖြစ်ပါကြောင်း ထပ်လောင်းပြောပါရစေလား ခင်ဗျား…….

မင်းနိုင်သူ

ပြောဖြစ်ခဲ့သမျှ

မထင်မှတ်ပါဘဲနဲ့ ဒီနေ့တော့ကျနော် အင်တာဗျူးဖြေပေးလိုက်ရပါတယ်။ ပြည်တွင်းသတင်းထောက်ချုပ်တဦးက ကျနော့်ကို ဗျူးသွားတာပါ။ သူကစာနယ်ဇင်းတွေဘက်က ကျနော်မရပ်ဘူးလို့ အမြင်ရှိနေပုံပါပဲ။ သူနဲ့ပြောဖြစ်ခဲ့သမျှလေးကို ခင်များတို့ပါ ဝေဖန်နိုင်ကြဖို့ တင်ပေးလိုက်ပါတယ်....သူ့အမည်ကိုတော့ လွဲပြောင်းထားပါတယ်။


1:26 PM မေ: ဘာကြောင့် မေးတဲ့ အခါမှာ စာနယ်ဇင်း သမားတွေကို နှစ်ပဲတပြား ပဲ ရတဲ့ နင်တို့ကို ငါက သနားလို့ဖြေပေးနေတာ လို့ ပြောတာ ဟုတ်လား လို့ မမေးရတာ လဲ ၊ ပီးတော့ အေးသူစံကို သတ်ပသ်မယ် ဘာမှတ်နေလဲ ဆိုတာကို ပြောခဲ့တယ် ဆို ဟုတ်သလား လို့ ဘာ့ကြောင့်မမေးတာ လဲ ကွာ
7 minutes
1:33 PM me: အဟဲ
အဲဒါတွေက တရားသူကြီးမေးရမယ့်ဟာတွေလေ
1:34 PM အနော်သိချင်တာက စာပေစိစစ်ရေးအပေါ်ကို
မင်းသားမင်းသမီးတွေကတောင် သြဇာလွှမ်းနိုင်တယ်ဆိုတာကို
မီးမောင်းထိုးပြချင်တာ
နားလည်လား
သူနဲ့ရန်ဖြစ်ဖို့က အနော့အလုပ်ဟုတ်ဘူးဗျ
1:35 PM သူ့ဆီကနေ သတင်းလွတ်လပ်ခွင့်မရှိတာတွေကို ဆွဲထုတ်တင်ပြနိုင်ဖို့က အနော့အလုပ်လေ
ပီးတော့ သူ့ကို ဖုန်းနံပါတ်ရရချင်း ၊ အထဲကချိတ်ပေးသူက ခုဆက်ပါပြောပြောချင်းဆက်ရတာ
ဘာမှ မေးခွန်းတွေ ပြင်ချိန်မရလိုက်ဘူး
လက်တမ်းမေးတာ
1:37 PM မေ: အဟတ်
အနော်က မေးစေချင် လို့ ပါ
1:38 PM me: ဟုတ်
နောက်ကို ကြိုပြောပေါ့နော်
ဘာလေးတွေ မေးပေးပါဆိုတာလေ
ဟိ
မေ: သေမယ်
me: ထည့်မေးပေးပါ့မယ်
မေ: အဟတ်

ဘဘဦးဝင်းတင်ကို မေးမြန်းဖြစ်ခဲ့သမျှ

ဘဘဦးဝင်းတင်ကိုပစ္စက္ခအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျနော်မေးမြန်းကြည့်ဖြစ်ခဲ့တာလေးတွေပါ…..မေးဖြစ်ခဲ့တဲ့အချိန်ကာလကတော့ ၂၈-၅-၂၀၁၀ပါ….


ဘဘဦးဝင်းတင်ကို မေးမြန်းဖြစ်ခဲ့သမျှ နောက်ဆက်တွဲ

Sunday, May 30, 2010

ပစ္စက္ခ

မြောင်းရေကလျှံ..ဗွက်ရေကတိုး
.ကြိုလာပါနဲ့ရွှေရောင်ရစ်ရယ် ရန်ကုန်ရေနစ်မှာစိုး..

ဆုမွန်