ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Monday, May 31, 2010

ပြောဖြစ်ခဲ့သမျှ

မထင်မှတ်ပါဘဲနဲ့ ဒီနေ့တော့ကျနော် အင်တာဗျူးဖြေပေးလိုက်ရပါတယ်။ ပြည်တွင်းသတင်းထောက်ချုပ်တဦးက ကျနော့်ကို ဗျူးသွားတာပါ။ သူကစာနယ်ဇင်းတွေဘက်က ကျနော်မရပ်ဘူးလို့ အမြင်ရှိနေပုံပါပဲ။ သူနဲ့ပြောဖြစ်ခဲ့သမျှလေးကို ခင်များတို့ပါ ဝေဖန်နိုင်ကြဖို့ တင်ပေးလိုက်ပါတယ်....သူ့အမည်ကိုတော့ လွဲပြောင်းထားပါတယ်။


1:26 PM မေ: ဘာကြောင့် မေးတဲ့ အခါမှာ စာနယ်ဇင်း သမားတွေကို နှစ်ပဲတပြား ပဲ ရတဲ့ နင်တို့ကို ငါက သနားလို့ဖြေပေးနေတာ လို့ ပြောတာ ဟုတ်လား လို့ မမေးရတာ လဲ ၊ ပီးတော့ အေးသူစံကို သတ်ပသ်မယ် ဘာမှတ်နေလဲ ဆိုတာကို ပြောခဲ့တယ် ဆို ဟုတ်သလား လို့ ဘာ့ကြောင့်မမေးတာ လဲ ကွာ
7 minutes
1:33 PM me: အဟဲ
အဲဒါတွေက တရားသူကြီးမေးရမယ့်ဟာတွေလေ
1:34 PM အနော်သိချင်တာက စာပေစိစစ်ရေးအပေါ်ကို
မင်းသားမင်းသမီးတွေကတောင် သြဇာလွှမ်းနိုင်တယ်ဆိုတာကို
မီးမောင်းထိုးပြချင်တာ
နားလည်လား
သူနဲ့ရန်ဖြစ်ဖို့က အနော့အလုပ်ဟုတ်ဘူးဗျ
1:35 PM သူ့ဆီကနေ သတင်းလွတ်လပ်ခွင့်မရှိတာတွေကို ဆွဲထုတ်တင်ပြနိုင်ဖို့က အနော့အလုပ်လေ
ပီးတော့ သူ့ကို ဖုန်းနံပါတ်ရရချင်း ၊ အထဲကချိတ်ပေးသူက ခုဆက်ပါပြောပြောချင်းဆက်ရတာ
ဘာမှ မေးခွန်းတွေ ပြင်ချိန်မရလိုက်ဘူး
လက်တမ်းမေးတာ
1:37 PM မေ: အဟတ်
အနော်က မေးစေချင် လို့ ပါ
1:38 PM me: ဟုတ်
နောက်ကို ကြိုပြောပေါ့နော်
ဘာလေးတွေ မေးပေးပါဆိုတာလေ
ဟိ
မေ: သေမယ်
me: ထည့်မေးပေးပါ့မယ်
မေ: အဟတ်

ဘဘဦးဝင်းတင်ကို မေးမြန်းဖြစ်ခဲ့သမျှ

ဘဘဦးဝင်းတင်ကိုပစ္စက္ခအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျနော်မေးမြန်းကြည့်ဖြစ်ခဲ့တာလေးတွေပါ…..မေးဖြစ်ခဲ့တဲ့အချိန်ကာလကတော့ ၂၈-၅-၂၀၁၀ပါ….


ဘဘဦးဝင်းတင်ကို မေးမြန်းဖြစ်ခဲ့သမျှ နောက်ဆက်တွဲ

Sunday, May 30, 2010

ပစ္စက္ခ

မြောင်းရေကလျှံ..ဗွက်ရေကတိုး
.ကြိုလာပါနဲ့ရွှေရောင်ရစ်ရယ် ရန်ကုန်ရေနစ်မှာစိုး..

ဆုမွန်

Thursday, May 27, 2010

နေ့သစ်ကို ကြိုဆိုကြပါစို့

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မတိုင်မီ  ထွက်ရှိလာတော့မယ့် ထက်အောင်ရှိုင်းရဲ့ တေးစုခေါင်းစဉ်သီချင်းလေး တပုဒ်ပါ.....

ထက်ထက်မိုးဦးအမှု တရားရုံး ကြားနာ

ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက် အမှုကို ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ ဆက်လက် ကြားနာ စစ်ဆေးကြောင်း သိရသည်။

“ဒီနေ့ တရားလိုပြ သက်သေ ၂ ဦးကို စစ်တာပါ။ 7dayက Entainment section editor မအေးမြကျော်နဲ့ Hello ဂျာနယ်က ကိုဘုန်းနေလ တို့ကို စစ်ပါတယ်"ဟု 7day ဂျာနယ်အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ဧရာဝတီသို့ ပြောသည်။

မအေးမြကျော်သည် တရားလို သတင်းထောက် မအေးသူစံကို အခင်း ဖြစ်ပြီးနောက် ပထမဆုံး တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ ကိုဘုန်းနေလကမူ အခင်း ဖြစ်ပွားမှုကို မျက်မြင် တွေ့မြင်ရသူ ဖြစ်သည်။

ထို့ကြောင့် တရားလိုပြ သက်သေများ အဖြစ် တရားရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလို မအေးသူစံ ဘက်မှ တရားလိုပြ သက်သေ (၄) ဦး တင်သွင်းခဲ့ သော်လည်း သက်သေ တဦးမှာ တရားရုံး၏ ဆင့်ခေါ်မှုကို ငြင်းပယ် ခဲ့ကြောင်း တရားလို၏ အယ်ဒီတာက ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက်တို့ အင်တာဗျူးတခုပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါအမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့သည်။ ကနဦး ကြားနာမှုတွင် တရားလို သတင်းထောက် မအေးသူစံနှင့် မ၀င်းမာတို့က ထွက်ဆိုချက်ပေးခဲ့ကြသည်။

ယနေ့ ရုံးချိန်းကို နံနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကာ ဇွန်လ ၃ ရက်သို့ ထပ်မံရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

“အဲဒီနေ့ကျရင် တရားသူကြီးက ပုဒ်မတွေ ဖတ်ပြမယ်ပြောပါတယ်"ဟု 7 day အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။

အဆိုပါတရားစီရင်မှုကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုရှိနေပြီး တရားရုံးချိန်းများတွင် လာရောက်နားထောင်သူ များကြောင်း ၊ တရားရုံးသို့ လာရောက်သူများကို ရဲအဖွဲ့က အမည်စာရင်းတောင်းယူလေ့ရှိကြောင်း ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
source; irrawaddy