ခုချိန်မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ဦးဆောင်ကြရမှာပဲ...ဒီရွေးကောက်ပွဲဟာ မိမိတို့ကို စစ်ကျွန်ဇာတ် ဆက်သွင်းမယ့် ကန့်လန့်ကာအဖွင့်တခုဆိုတာကို ယုံကြည်ရင် မဲရုံကို မသွားကြဖို့ဘဲ။ ဒီလိုမှမဟုတ်ဘဲ အကြောက်လွန်ပြီး မဲရုံကိုသွားပြီဆိုတာနဲ့ ခင်များတို့ဟာ ကျုပ်တို့ စစ်ကျွန်အဖြစ်ဆက်လက်ခံယူပါမယ်လို့ ကတိပေးလိုက်တာနဲ့ အတူတူပဲ။ တနိုင်ငံလုံးကို အကျဉ်းချထားနိုင်တဲ့ ထောင်မရှိဆိုတာကို လူတိုင်း သဘောပေါက်ထားဖို့ လိုတယ်။

Monday, May 24, 2010

ဆုံးရှုံးမှုတွေထွေးပိုက်ရင်း တမ်းတမိတယ်အမိမြေရယ်

ဒီတပတ် တနင်္ဂနွေပန်းတော်ဖြေကဏ္ဍအတွက်ပါ။ အသံကြားတာနဲ့ ထက်အောင်ရှိုင်းမှန်း သိပီးသား။ မင်း ၀င်ဝင်ပြီး လေမရှည်နဲ့လို့ သြဘာပေးကြလွန်းလို့ ဒီတပတ်တော့ ဘယ်သူဆိုတာ ဘာအကြောင်းဆိုတာတွေ ပြောတော့ဘူးနော်။

ထက်ထက်မိုးဦးနဲ့ သတင်းထောက် ပဋိပက္ခကို စတင်စစ်ဆေး

ထက်ထက်မိုးဦးအမှုအား ယနေ့တွင် တရားလိုနှင့် တရားလိုသက်သေတစ်ဦးအား စတင်စစ်ဆေး၊ ၂၇ ရက်နေ့သို့ ထပ်မံရုံးချိန်းပေးလိုက်ပါတယ်။ နံနက် (၁၁)နာရီက ရန်ကင်းတရားရုံးမှာ တရားလို သတင်းထောက်ရဲ့ ထွက်ဆိုချက်တွေကို စတင်ကြားနာခဲ့တာဖြစ်ပြီး မွန်းလွဲ (၂)နာရီလောက်မှာ အမှုကို တရားရုံးက လက်ခံခဲ့ပါတယ်။

အဆိုပါတရားခွင်သို့ ပြည်တွင်းစာနယ်ဇင်းသမားများစွာ တက်ရောက်နားထောင်ခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ စာနယ်ဇင်းသမားအားလုံးကို သတင်းတပ်ဖွဲ့က နာမည်စာရင်းတောင်းယူထားကြောင်း ရဲသတင်းရပ်ကွက်က ပြောပါတယ်။

စကားချီး

စောစောကပဲ အယ်ဒီတာတဦးနဲ့ ပြောဖြစ်ကြတာလေးတွေကို ပြန်တင်ပေးလိုက်ပါတယ်။ အမည်တွေတော့ လွဲပြောင်းပေးထားပါတယ်။ ကျန်တာကတော့ ချက်တင်ထဲက အတိုင်းပါပဲ။ ဘာမှ မတည်းဖြတ်လိုက်ပါဘူး။

ပြည်တွင်းစာနယ်ဇင်းတွေ ကိုယ့်ကိုယ်ကို ဘယ်လောက်ကာကွယ်နိုင်မလဲ စောင့်ကြည့်ရမယ့်ပွဲ

aung: သူတစ်ပါး၏ဂုဏ်သိက္ခာထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ပုဂလိကအခွင့်အရေးအား စာနယ်ဇင်းသမားများ ထိပါးပိုင်ခွင့်မရှိပါ
thu: မင်္ဂလာပါ
မင်္ဂလာဈေး မီးလောင်နေပါတယ်
Sent at 11:27 AM on Monday
aung: သတင်းထောက်များ သည် နှစ်ပြား တပဲမဟုတ်ပါ
thu: အဲဒါဆို နှစ်ပဲ တပြားလား
မင်းကလည်း ဟိုလူပြော ဟိုလူ့ဘက်ပါလိုက် ဒီလူပြော ဒီလူ့ဘက်ပါလိုက်နဲ့
Sent at 1:51 PM on Monday
aung: why
thu: နောက်ဆုံးအခြေနေက ဘယ်လိုလဲ
မီးကိစ
aung: stop
Sent at 1:57 PM on Monday
thu: ငြိမ်းသွားပြီလား
aung: aye
how you think
htet htet moe oo and 7 day reporter
thu: အဲဒီ ဖြစ်ပီးသွားတဲ့ ကိစ္စက မေးခွန်းမေးသူကလည်းအားနည်းချက်တွေရှိတယ်
မင်းသမီးကလည်း ကိုယ်ထိလက်ရောက် မလုပ်သင့်ဘူး
အဲဒီထက်ပိုပြီး ကျယ်ဝန်းတာက
ပြည်တွင်းသတင်းမီဒီယာတွေဟာ
aung: me too
your same
thu: သတင်းလွတ်လပ်ခွင့်အတွက်ဘယ်လောက်
တိုက်ယူနိုင်မလဲ
သူတို့အစွမ်းကို ကြည့်ရမှာပဲ
ထက်ထက်နဲ့ ကျနော် အင်တာဗျူးမှာကြည့်
မင်းသားမင်းသမီးကတောင် စာပေစိစစ်ရေးသွားပြီး
ဒါမှထည့်ပါနဲ့လို့ ပြောလို့ရနေတယ်
ကြည့်စမ်း
မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးဆိုတာကြီးရှိနေတဲ့အတွက်
အဲဒီစာပေစိစစ်ရေးဆိုတာကြီးကလည်း
အစိုးရရဲ့ပေါ်လစီကိုကာကွယ်၇ုံတင်မဟုတ်ဘူး
သူ့မှာ တိကျတဲ့မူဘောင်မရှိဘူး
သူ့ကိုသြဇာလွမ်းနိုင်သူမှန်သမျှက
သြဇာပေးလို့ရနေတယ်
ကြည့်စမ်း
ပြည်တွင်းစာနယ်ဇင်းဘဝ
နောက်တချက်က
ထက်ထက်က ခုထိ
တရားရင်ဆိုင်ဖို့ ပြင်မထားဘူး
အဲဒါ ဘာကိုပြလဲဆိုတော့
သူ့အတွက်က အေးဆေးပါဆိုတာကိုပြတယ်
aung: good idea
thu: ဘာ့ကြောင့် အေးဆေးဖြစ်ရလဲဆိုတာ
စဉ်းစားကြည့်ပေါ့
aung: bed ground
thu: အဲတော့ ပြည်တွင်းစာနယ်ဇင်းတွေဟာ တရားဥပဒေရှိလားမရှိလားဆိုတာကို
မေးမြန်းစိမ်ခေါ်ကြရတော့မယ်
ဖြစ်တာကို အငြင်းပွားတာတွေရပ်ပီး
ဒီအမှုတရားရုံးက ဘယ်လိုကိုင်တွယ်မလဲဆိုတာကို
ခင်များတို့ သေချာစောင့်ကြည့်ရတော့မှာ
အဲလိုမှ မဟုတ်ရင်တော့
ပြည်တွင်းစာနယ်ဇင်းတွေဆိုတာ မြောင်းထဲရောက်ကုန်မယ်
တရားရုံးကို ပြည်တွင်းစာနယ်ဇင်းသမားတွေ ဘယ်လောက်စိမ်ခေါ်ရဲလဲ
ဆိုတာ ကြည့်ရမယ့်ပွဲ
တရားရေးရဲ့ တရားမှု မတရားမှုကို ပြည်တွင်းစာနယ်ဇင်းတွေ ဘယ်လောက် WATCH လုပ်နိုင်မလဲဆိုတာကို ကြည့်ရမယ့်ပွဲ
ပြည်သူကိုကိုယ်စားပြုမေးတာပါတွေ ဘာတွေနဲ့ နွဲ့ပြမနေကြနဲ့
တရားစီရင်ရေးကို ဘယ်လောက် စောင့်ကြည့်ပေးနိုင်မလဲဆိုတာပဲကြည့်ရမယ်

Thursday, May 20, 2010

ထက်ထက်မိုးဦးအား သတင်းထောက်ကို နာကျင်စေမှုဖြင့် တရားစွဲ

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် ယမန်နေ့ညပိုင်းက သတင်းထောက်တဦးအား ဆံပင်ဆွဲ လည်ပင်းညစ်ခဲ့သဖြင့် ယနေ့တရားစွဲခံထားရသည်။

ယမန်နေ့ညက ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် ဧည့်ခံပွဲတခုတွင် 7Day ဂျာနယ်အမျိုးသမီးသတင်းထောက်တဦးက ထက်ထက်မိုးဦးအား မေးခွန်းတခုမေးမြန်းခဲ့ရာ ယင်းမေးခွန်းအပေါ်မကျေနပ်သည့်အတွက် သတင်းထောက်ကို ဆံပင်ဆွဲ လည်ပင်းညစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့တရားစွဲထားတယ်ဗျ။ ရန်ကင်းတရားရုံးမှာ။ ပြစ်မှုပုဒ်မ ၁၈၂/၂၀ တပ်ထားတယ်။ တရားသူကြီးက ဦးနေအောင်လို့ ကြားထားတယ်"ဟု နာကျင်ခဲ့ရသည့်သတင်းထောက်၏ သူငယ်ချင်းတဦးက ပြောသည်။

Wednesday, May 19, 2010

ပါတီဆယ်ကိုယ်ခွဲတဲ့ ရွေးကောက်ပွဲ

ခင်များတို့ ကျနော်တို့ရဲ့ မိတ်ဆွေကြီး ကိုထက်အောင်ရှိုင်းရဲ့ သီချင်းသစ်လေးပါ။ ကိုယ်ခွဲပါတီတွေနဲ့ လူထုကို ကလေးမျက်လှည့်ပြချင်နေတဲ့ စစ်အာဏာရှင်တွေကို သရော်ထားသလို လောကမှာ ဓမ္မတရားတွေလျော့ပါးလာတာကိုလည်း "ဒီကမ္ဘာကြီးထဲတွင် လွတ်လပ်ခြင်း မျှတခြင်း သက်သေမရှိပါ အရှင်းသားပင်"ဆိုပြီးတော့လည်း လောကကြီးကို သရော်ထားပါတယ်။ ကိုထက်အောင်ရှိုင်းရဲ့ ပရိတ်သတ်တွေ ကျေနပ်စေမယ့် သီချင်းလေးတပုဒ်ပါပဲ...ကဲ..ကျနော်တို့ နားဆင်ကြည့်ရအောင်လား...

ချက်တင်

me: နင်မှ ငါ့ခံစားချက်ကို နားမလည်ဘဲ
  ငါ့မှာ ပုံလေးကြည့်လိုက်
  တွေးလိုက်
  အခန်းထဲမှာလည်း ငါတယောက်တည်း
  ကွေ့တီယို ပန်းကန်တွေပြန့်ကျဲ
3:07 PM ဘီယာဘူးခွံတွေ အခန်းထောင့်မှာလဲ
 ya.....: stop
  ok?
  try to be good to yourself
 me: စိတ်ကူးတွေနဲ့ ရူးသွပ်နေဆဲ
 ya......: don't think about me
 me: ဘ၀ဆိုတာဘာပါလဲ
 ya.....: I know it's hard
  but
  you are a man
  be bold
  never feel dull for a girl
3:08 PM me: မိန်းမတယောက်ရဲ့ နူးညံ့ပျော့ပျောင်းမှုကို ငါဘယ်အချိန်မှ ပြည့်ပြည့်၀၀ ထိတွေ့ခွင့်ရမှာလဲ
  သိုဝှက်ထားတဲ့ မီးတောင်တွေ ပေါက်ကွဲလုလု
3:09 PM အချစ်တခုဟာ ဖြစ်တည်ဖို့ အဲလောက်ထိ ခဲယှဉ်းပါသလား
  မေးခွန်းတွေကြားမှာ ဗျာများမှုတွေ မတွေ့ချင်ဘူး
3:10 PM အရှင်းဆုံးကတော့ အရှင်းဆုံးပဲ
  ဧကစာရီဆိုတာ ငါ့အတွက်လား
  အကျိုးပေးနည်းပါးမှုတွေ မြန်မြန်ကုန်ခမ်းပါစေ
3:15 PM ya.....: hewwwwwwwwwww
  I can't solve your problem
 me: မဖြေရှင်းတတ်တာကို မဖြေရှင်းတတ်ဘူးပြောရုံနဲ့ တာဝန်ကျေပြီလား
3:16 PM ya......: sp
  so
  what can I do for you?
 me: ဒီပြဿနာတွေကြားမှာ ကမ္ဘာဟာ ပြားပြားလာနေ
 ya......: ma si ma saing
 me: အချစ်က အချစ်ကို မသိ
 ya.......: ka bar ka pyar ya thay
  wait
 me: အရာအားလုံဟာ နတ္ထိဖြစ်ဖို့ကလည်းဝေးသေး
 ya......: you think that I love you and I don't know myself
3:17 PM it's not true
  I know myself very well
 me: မပြောနဲ့တော့
  တော်ပါတော့
 ya......: Love is sth we can't deny when it comes to you, me, or others
3:19 PM even if you don't want to hear,
  listen again
  I know myself very well
  and I know my feeling very well
3:20 PM I'm never interested in you
  as a bf
  my feeling never exceeds as a friend or a brother
3:21 PM check your chat lists with me
  and read carefully
 me: အချစ်ဖြင့်ရီဝေမှုကို 100 piper ဖြင့် လောင်မြှိုက်စေခိုက် သူမရဲ့ သိုးဆောင်းစကားတွေ ကြားဖြတ်ဝင်ဝင်လာ
3:22 PM ကျနော်မူးနေပြီလား
  မူးနေတာအချစ်လား အရက်လား သိုးဆောင်းစကားလား
  အရာရာဟာ မကွဲမပြား
  အသည်းကြားမှာတော့ ရတနာ
  မရတနာ မရတနာ
  ခင်များဟာ ကျုပ်ကို မသိဘူး
3:23 PM ကျုပ်က ခင်များကို သိတယ်
  ဒီလိုပါပဲကွယ်
3:24 PM ညည ကြယ်တွေ ကြွေသွားတယ်